Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

ဘုရားကြီးနှင့် နတ်တလင်း

ဘုရားကြီးနှင့် နတ်တလင်း


ဘုရားကြီးနှင့် နတ်တလင်းမြို့

သကျမဟာမြတ်မုနိဘုရားကြီး တည်ထားကိုးကွယ်ရာ နတ်တလင်းမြို့သစ်သည် မီးရထားလမ်း ကားလမ်းနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာပြီး ကျောထောက်နောက်ခံ ကျေးရွာ နယ်ပယ်များကလည်း လယ်ယာလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာကြရာ တဖြည်းဖြည်းပိုမို ဖွံ့ဖြိုးတိုးတက်လာပေသည်၊ ထိုအချိန်က နတ်တလင်းနှင့်တကွတစ်နယ်လုံးကို တာပွန်မြို့မှ အုပ်ချုပ်ထားဆဲ ဖြစ်သည်၊ တာပွန်မြို့သည် မြန်မာမင်းများ လက်ထက်ကတည်းက မြို့သူကြီး အုပ်ချုပ်သောနယ်မြေဖြစ်ပြီး အင်္ဂလိပ်အစိုးရ တက်လာသောအခါတွင်လည်း ၁၈၅၄-ခုနှစ်အထိ မြို့ပိုင်တစ်ဦးကို ခန့်ထား အုပ်ချုပ်နေလေသည်၊

နတ်တလင်းမြို့သစ်တွင် ခရီးလမ်းပန်း အဆက်အသွယ် ကောင်း၍စည်ကားဖွံဖြိုး တိုးတက်လာသည်နှင့်အမျှ တာပွန်၌ လမ်းပန်းဆက်သွယ်မှု တဖြည်းဖြည်းခက်ခဲလာလေသည်၊ ထိုကြောင့် အစိုးရက လမ်းပန်းအဆက်အသွယ်ကောင်းသော နတ်တလင်းမြို့သစ်သို့ မြို့ပြအုပ်ချုပ်ရေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်ရန် ဆုံးဖြတ်လျက် ၁၉၀၆-ခု၊ ၁၉၀၇-ခုနှစ်တွင် မြို့ကွက်ရိုက်ပြီး မြန်မာသက္ကရာဇ် ၁၂၇၀-ခုနှစ်၊ (၁၉၀၈)ခုနှစ် မြို့ပိုင်ဦးကြည်လက်ထက်တွင် အုပ်ချုပ်ရေးဌာနများနှင့် မြို့ပိုင်ရုံးကို တာပွန်မှ နတ်တလင်းမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်လိုက်ရာမှ နတ်တလင်းမြို့၏ တစ်ဆူတည်းသော သကျမဟာမြတ်မုနိဘုရားကြီးအဖြစ် ထင်ရှားလာလေတော့သည်၊(စာ-၁၆)

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး