<div style="text-align: center;"><a href="http://www.nattalin.blogspot.com/" style="background-color: white;" target="_blank"><img style="width: 233px; height: 123px;" src="http://min.us/l5cvJ6979vrKx" /></a></div><textarea style="width: 279px; height: 44px;" cols="25"><center><a href="http://www.nattalin.blogspot.com/" style="background-color: white;" target="_blank"><img style="width: 233px; height: 165px;" src="http://min.us/l5cvJ6979vrKx" /></a></center></textarea>
အထက်ပါ ကုဒ်တွေကို မိမိတို့ ဘလော့ကာရဲ့
layout--
html/java-script ကိုကလစ်ပြီးကျလာတဲ့ ဘောက်လေးထဲကို ထည့်ပေးလိုက်ပါ။
ကုဒ်တွေမှာ သေခြာကြည့်လိုက်ပါ...
(၁) အနီရောင်နဲ့ ပြထားတဲ့ ကျွန်တော့်ရဲ့ ဘလော့လိပ်စာ url နေရာကို မိမိတို့ ဘလော့ url နဲ့အစားထိုးပေးပါ။
(၂) အစိမ်းရောင်နဲ့ နံပါတ်လေးတွေမှာ မိမိတို့ လိုအပ်သလို ဘလော့နဲ့ လိုက်ဖက်မဲ့ နံပါတ်တွေအတိုင်း ပြောင်းလဲပေးလိုက်ပါ။
(၃) အပြာနုရောင်တွေကတော့ ပုံရဲ့လင့်တွေပါ.. ပုံရဲ့လင့်နေရာမှာ မိမိတို့
လုပ်ထားတဲ့ ပုံကို www.minus.com မှာ upload တင်ပြီး direct link ကိုယူပြီး
ထည့်ပေးလိုက်ပါ။
လုပ်ကြည့်လိုက်ပါနော်..အဆင်ပြေပါစေ....
>>>ဆက်ဖတ်ရန်>>> >>
တနေ့သ၌ တော့ကတွတ်ပီနဲ့ ဗိုက်ကလေးတို့နှစ်ဦး နေ့လည်ထမင်းစားပြီး သကာလ ....
အပျင်းတော်ထူလို့ အိပ်ယာပြင်မယ်ဆိုရင်ဘဲ ... ဇနီးသည် မသေးမျှင်ရဲ့
ဆည်းလည်းတော်သံနဲ့ နားဝမှာ မခံသာလိုက်ပုံက ....
တော့ကတွတ်ပီ ...
ပျင်းပျင်းရှိအိပ်ဖို့ဘဲလုပ်နေ ... တောထဲအမဲလိုက်မရသေးလဲ ဖွဘုတ်ပေါ်တက်ပြီး
သတင်းလေးဘာလေး ထဖတ်ကြည့်ပါအုံးလား ဘာတွေထူးလဲလို့ .... တိုးတက်နေအုံးမယ်
... အားအားရှိ.. အိပ်နေ ... တောထဲကကိုထွက်ရမှာ မဟုတ်ဘူး .......(ဟိ .. မူပိုင်လည်း ညှိနေအုံးမယ် ..... အပျော်နော် ဆြာတွတ်...အနော်ကြောက်လို့)
အဲလို...မသေးမျှင် အသံထွက်လာတယ်ဆိုရင်ဘဲ ...ကတွတ်ပီ ပြန်ပြောလိုက်ပုံက ...
ဟဲ့မသေးမျှင် နင်မသိဘဲ ရမ်းမပြောနဲ့ ... မနက်ကဘဲ ဗိုက်ကလေးနဲ့ငါ
မကျီးရွက်တက်ခူးရင်း ကြည့်ပြီးပြီ ........
ဖွဘုတ်သတင်းက ထွက်လာသမျှ
အတင်းအဖျင်းတွေ မကျေနပ်ချက်တွေ ... မနာလိုချက်တွေ ... လုပ်ဆောင်ချက်တွေ
နင့်အကုန်သာပြန်ပြောနေရရင် ငါတို့ ထမင်းမချက်နိုင်ဖြစ်တာဘဲ အဖတ်တင်မယ်ဆိုဘဲ
.....
ဘာတွေများဖြစ်နေကြလို့တုန်းတော်
..... ပြောချင်ပါဘူးဟာ ... လူတွေများ ဒီမိုကရေစီသာလိုချင်နေတာ ....
ကောင်းတာလုပ်လည်း မချီးမွန်းရဲဘူး .... ငါ့လူမဟုတ်လို့တဲ့ ...
မကောင်းတာလုပ်တော့လည်း အပြစ်မဆိုရဲကြဘူး ....သူ့လူဖြစ်နေလို့တဲ့ ....
မပြောရဲလို့လည်း မမြင်ချင်ယောင်ဆောင်နေကြတယ် ....မမြင်လို့လည်း
မမြင်ချင်ယောင်ဆောင်နေကြတယ် .... ကောင်းတာလုပ်လို့
ချီးမွမ်းချင်ပြန်တော့လည်း ကိုယ့်လူမဟုတ်လို့ မမြင်ချင်ယောင်ဆောင်နေကြတယ်
.... အပြစ်လုပ်လို့ ထောက်ပြတော့လည်း ကိုယ့်လူဖြစ်နေလို့တဲ့
မမြင်ချင်ယောင်ဆောင်နေကြတယ်.....မခံချင်ကြတော့
ရန်တွေဖြစ်ကြတာဘဲ အဖတ်တင်တယ် ပြင်ကြပါဘူးဟာ.... မျက်လုံးတွေ
တစ်ဖက်မိတ်တွေရော စုံမိတ်တွေရော လက်ညိုးထိုး အပြစ်ပြောပြီး
ရန်ဖြစ်နေတာများပါတယ်ဟ.... ကောင်းတာလေးရမလားအပြုသဘော အကျိုးရှိတာလေး
နားထောင်ရမလား မှတ်တယ် .... ကိုယ့်အခွင့်အရေးချည်း လိုချင်နေကြတာဟ ....
သူများကိုလက်ညိုးထိုးပြီး ....ကိုယ့်လူကောင်းကြောင်းချည်း ထိုးတင်နေကြတာဟ မြောက်ပင့်ပြီး မမြင်ဟန်ဆောင်တဲ့သူတွေများနေတယ်ဟဲ့...ဒီမိုကရေစီသာ တောင်းနေကြတာ...တကယ်မမြင်တဲ့သူကလည်း မမြင်ဘူး .... မြင်တဲ့သူကလည်း မမြင်ချင်ယောင်ဆောင်တယ် ...
အဲလိုတွေ ဖြစ်နေတယ် သေးမျှင်းရေ ...ဆိုတော့ ....
မသေးမျှင်လည်း အင်း.........ဆို လင်လုပ်သူပြောတာလေး
အထင်ကြီးသွားတဲ့ဟန်နဲ့ ...... သက်ပြင်းချပြီး ..... ဒီလိုဆိုတော်တို့ဟာ
ဟိုပုံပြင်လိုဖြစ်နေတာပေါ့ .....လို့ ဆြာလုပ်ဖို့စကားဆက်လာတာသိတဲ့ ကတွတ်ပီက
.. မဲ့ကာရွဲ့ကာနဲ့ဘဲ ... (ပြန်မပြောရဲတော့လည်း ...) ဘယ်ပုံပြင်လိုတုန်း
သေးမျှင်ရ ... ရှင်းစမ်းပါအုံး (နားမထောင်ချင်လည်းမရဘူးဆိုတာသိနေတော့).... စကားဆက်လိုက်ရတယ် ဆိုရင်ဘဲ .....
ဒီလိုလေတော် ..... ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့ .... ဟိုးတုန်းကပါ ...
အခုဟုတ်ဘူးနော် ..... ဘယ်တုန်းကလဲပြန်မမေးနဲ့ သိဘူး ..... အဲတုန်းက
ဘုရင်ကြီးတစ်ပါးက နန်းတော်မှာ အစည်းအဝေးလုပ်တယ်တဲ့.... အဲမှာ
မြောက်ပင့်ပေါင်းတဲ့ ပုဏ္ဍားတစ်ဦးကနေ ..... အရှင်မင်းကြီးဘုရား...
ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် ကိုယ်ပျောက်တဲ့ ၀တ်လဲတော်
ယက်လုပ်ပြီးယူလာတယ်ဆိုဘဲ ... ဘယ်လိုဝတ်လဲတော်လည်း မောင်မင်းရ ဆိုတော့
မှန်ပ့ဖျား..... ဒီဝတ်လဲတော်ဟာ ကိုယ်ပျောက်တဲ့ ၀တ်လဲတော်ပါဖျာ့ ...
သိက္ခာသမာဓိရှိပြီး .... ဘုန်းကံရှိတဲ့ သူတွေမှ မြင်နိုင်စွမ်းရှိတယ်
ဝတ်နိုင်စွမ်းရှိတယ် ... အကျင့်သိက္ခာသမာဓိမကောင်းသူတွေ ၀တ်ဖို့နေနေသာ
မြင်နိုင်စွမ်းတောင်မရှိပါဘူးဖျာ့ လို့ဆိုပြီး လက်နှစ်ဖက်ကမ်းပြီး ဆက်သတဲ့ .... ဒီပုဏ္ဍားက ဒါနဲ့တင်လားဆိုတော့ မပြီးသေးပါဘူး ..... အရှင်မင်းကြီးဝတ်ကြည့်ပါအုံးဖျာ့လို့ဆိုသတဲ့
... မင်းကြီးလည်း ပုဏ္ဍားလက်ကမ်းပေးနေတဲ့ ၀တ်လဲတော်(ဘာမှမပါတာ)ကို သိသိနဲ့
မမြင်ဘူးဆိုရင်လည်း အကျင့်သိက္ခာမရှိလို့ ဘုန်းတန်ခိုးမရှိလို့ မမြင်ရတာပါ
ဆိုပြီး မူးကြီးမတ်ရာနဲ့ ပရိတ်သတ်က ထင်မှာစိုးတော့ သယ်
...မောင်မင်းဝတ်လဲတော်က တယ်ဟုတ်ပါလား ... ငါကိုယ်တော်နဲ့ထိုက်လို့ပေါ့ ...
အမတ်ကြီးများ .....
ဖျား ......
ကြည့်စမ်း ...ကြည့်စမ်း
..... ငါကိုယ်တော် ၀တ်လဲတော်ကို ကြည့်စမ်း ဘယ်လောက်အဆင်းရှိသလဲ ....ဆိုတော့
အမတ်ကြီးတွေလည်း မမြင်ဘူးဆိုရင် အကျင့်သိက္ခာသမာဓိမရှိလို့လို့
ထင်မှာစိုးတော့ တစ်ယောက်တစ်ယောက်ကြည့်ပြီး ... မှန်ပါ့ဖျား ....
အရှင်မင်းကြီးနဲ့ထိုက်လို့ ၀တ်လဲတော်ကလည်း အဆင်းအင်္ဂါနဲ့ပြည့်စုံပြီး
အရောင်းတဖိတ်ဖိတ်တောက်နေတာပါဆိုပြန်ရတာပေါ့
...... အဲတာနဲ့ဘဲ ဘုရင်ကြီးက ၀တ်လဲတော်လဲပြီး တိုင်းခန်းလှည့်တာပေါ့ .....
ခါးမှာ ဘာမှမပါဘဲ ၀တ်လဲတော်လဲလိုက်တော့ ကိုယ်ပျောက်နေတယ်ဖြစ်ပြန်တာပေါ့ ... ဘယ်သူမြင်လဲ ... ဘယ်သူမှမမြင်ဘူးပေါ့ ...... ကိုယ်ပျောက်နေတာမဟုတ်ပါဘူးဆိုရင် အကျင့်သိက္ခာသမာဓိမရှိသူဖြစ်နေကြမှာဆိုတော့ ... ဒီအတိုင်းတိုင်းခန်းလှည့်လာတာပေါ့ .... မျက်စိမမြင်သူတွေကလည်း အရှင်မင်းကြီး ကိုယ်ပျောက်ဝတ်လဲတော်ကြီးနဲ့ပေါ့
ဘေးကပြောတာကြားတဲ့အတိုင်း သူလည်း ၀တ်လဲတော်နဲ့ဘုရင်ကြီးကို မြင်ရတယ်
လုပ်ရတာပေါ့ ... မြင်တဲ့သူကျတော့လည်း ဒီလိုဘဲ မပြောရဲကြဘူး ....
ဝတ်လဲတော်ကြီးနဲ့ ဘုရင်းကြီးကိုယ်ပျောက်နေတာပေါ့ ... အဲတာနဲ့
လှည့်လာလိုက်တာ .... ကလေးလေးတွေဆော့နေတဲ့ နေရာလည်းရောက်ရော ....
ကလေးတစ်ယောက်က ရိုးသားတာကို စိတ်ဓာတ်ကဖြူစင်တော့ မြင်ရင်မြင်ရတဲ့အတိုင်း
အော်တာပေါ့ ... ဟယ်...ဒို့ဘုရင်ကြီး ကိုယ်လုံးတီးကြီးဟေ့
...ရှက်လဲရှက်ဘူးဆိုတော့ ...တခြားကလေးတွေပါ ၀ိုင်းအော်တော့တာပေါ့ ...
အဲကျမှာ ဘုရင်ကြီးလည်း ရှက်ပြီး ပြေးရတာပေါ့ .... မူးကြီးမတ်ရာနဲ့
မြင်တဲ့သူတွေအားလုံးက ၀ိုင်းညာနေကြတာ ကန်းတဲ့သူကမမြင်.... မြင်တဲ့သူက
မပြောရဲ ...မမြင်တဲ့သူကမပြော ...မြင်ပြန်လို့ပြောချင်ပြန်တော့လည်း
ကြောက်နေရတော့မပြောရဲပေါ့ .... အကုန်ကန်းကန်းနေတဲ့သူတွေရယ်
ကန်းချင်ယောင်ဆောင်နေတဲ့ အကန်းတွေကြောင့် ဒို့ဘုရင်ကြီး
ဒုက္ခရောက်ခဲ့ရတာပေါ့လို့ ဆိုပြီး သူဆိုလိုတဲ့ပုံပြင်ကိုပြောပြီး
ကျေနပ်သွားတဲ့ ဟန်နဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဟန်ပါပါ
သောက်ရင်း..............
ဟဲ... ဆြာပွ ...လိုဘဲနော် ..သူကြီး သေးမျှင် ..ဘူ့မှပြောဘူး ....
ကတွတ်ပီတို့ကို ဆြာလုပ်ကြည့်တာပါတဲ့ ....
......
ဘွာတေးနော်....
အိပ်မရလို့ ....
ဆြာပွ ..(မိုက်ကယ်လင်း)
>>>ဆက်ဖတ်ရန်>>> >>
Sexy ကျတယ် ဆိုတဲ့ စကားတစ်ခွန်းထက်မပိုတာ ကျေနပ်နေတဲ့ မမများအတွက် ...... အကျိုးရှိစေတာလေးပါ .....
၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း
၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း
၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း
၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း
၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း
၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း
၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း
၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း
၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း
၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း
၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း
၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း
စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Myanmar Online News
>>>ဆက်ဖတ်ရန်>>> >>
ဒီအချိန်မှာ ခဏလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း
စကားလုံးများက...မြားတစ်စင်းလို..ပစ်ဖောက်ခွင်း....... ဦးချစ်ကောင်းနဲ့ SAI ....
...စကားလေးတစ်ခွန်း ဆိုချင်ပါတယ် ချစ်လွန်းလို့ .....
ကိုပွ သီချင်းဆိုတာနော် ...၀ူတန်ထွန်းတို့လို နိုင်ငံရေးပြောတတို့မလုပ်တတ်ဘူး ... ကိုယ်မလုပ်တတ်ပေမယ့် လုပ်နေတဲ့သူတွေတော့ အားလည်းပေးသလို လေးစားလောက်သူကိုလည်း လေးစားပါတယ်
.... ပါတီမရွေးဘူး ... ပုဂ္ဂိုလ်စွဲမထားဘူး..... တကယ်အရည်အချင်းရှိပြီး
တကယ်လုပ်သူတွေလည်း တွေ့နေရပါပြီ .... ကောင်းစေချင်တဲ့အမြင်တွေနဲ့
ဖွံ့ဖြိုးတိုးတက်စေချင်တဲ့....လမ်းကြောင်းတစ်ကြောင်းတည်းသွားနေတဲ့သူအချင်းချင်း လက်တွဲလုပ်နေတာလေးတွေလည်းရှိသလို ပြိုင်ဆိုင်မှုလေးတွေနဲ့ယှဉ်ပြိုင်နေတာလေးတွေလည်း ပိတိဖြစ်မိတာလေးတွေရှိပါတယ်...တချို့. အနှောက်အယှက်ပြု ကန့်လန့်ခံနေတဲ့ အနေအထားလေးတွေ ပြဿနာပေါင်းစုံ မီးပွားရှာနေတဲ့အနေအထားလေးတွေလည်း
တွေ့လာရသလို ...မြောက်ပင့်ပြီး ကြားဝင်အချောင်နိုက်ချင်တဲ့ သူတွေလည်း
ပါလာပြီလို့ ထင်မိတယ်.... ဒါလည်း မြင်ကွင်းတွေ လုပ်ရပ်တွေက သင်ပေးနေတဲ့
အတွေ့အကြုံဘဲဖြစ်မယ် ... အဲထားပါတော့ သိလာရုံရှိသေးတဲ့ ဆြာပွ.... အသိလေးကို
အကုန်လုံလောက်ပြည့်စုံအောင် ပြောပြနိုင်တာမဟုတ်တော့ မပြောချင်တော့ပါဘူး
....အဲအားလုံး ဦးတည်သွားနေတဲ့လမ်းကြောင်းကတစ်ခုတည်းဆိုတော့ ..... တိုက်ဆိုင်သတိပြုမိတာလေးတစ်ခုတွေးမိလို့ နည်းနည်းပြုပြင် ဖာထေးညွှန်းပေးလိုက်တယ်ဗျာ .....
ဖြစ်ပုံက ဒီလိုပါ ....
မြစ်ကမ်းခြေတစ်ခုမှာ လှေအိုဟောင်းကြီးတစ်ခုရယ် ... အဖိုးအိုတစ်ယောက်ရယ်ရှိနေတုန်းပေါ့ ..... လူတွေမြစ်ဖြတ်ကူးဖို့ရောက်လာတဲ့အခါ .... အဖိုးကြီးကိုလိုက်ပို့ခိုင်းတယ်
...အဖိုးကြီးကလည်း .... အဖိုးမကျန်းမာတော့ဘူးကွယ် ...
လိုက်မပို့နိုင်တော့ဘူး ...လှေကလည်း မိဘဘိုးဘွားစဉ်ဆက်ကတည်းက
အသုံးပြုလာတော့ဟောင်းနွမ်းနေပြီ...
ပြောတော့ ရောက်လာတဲ့သူတွေ ထဲက သူကြီးသားတွေဖြစ်တဲ့ မောင်သြဇာနဲ့
မောင်ဇောတက ဆိုသူတွေက သူ့ထက်ငါဘဲ ... ရပါတယ်အဖိုးကိစ္စမရှိပါဘူး ဆိုသတဲ့
....
အဖိုးကြီးကလည်း အဲတော့ကွယ် လှေက ရွက်တွေကလည်း ပြဲနေ ...
စကားမှမဆုံးသေးဘူး ကိစ္စမရှိပါဘူးပေါ့ ...
ဘယ်ရှိမလဲ ...သူတို့ကလည်း ပြင်ယူလို့ရနေတာကိုး ....
အဲတာနဲ့အဖိုးကြီးက လှေကနည်းနည်းပေါက်နေတယ် ... ဆိုပြန်လည်း ...
ကိစ္စမရှိပါဘူးဘဲ ...... အဲတော့ကွယ် ရေတွေဝင်လာရင်
ခတ်ထုတ်ပေးရတယ်....အဖိုးကြီးက ဆက်ပြောတာပေါ့ ...... ဒီလူတွေကလည်း
ကိစ္စမရှိပါဘူးဘဲ ...... ဘယ်ရှိမလဲ သူတို့အားလုံး
ပြင်ဆင်ပြီးသွားနိုင်နေကြတာကိုး .... အဲမှာအဖိုးကြီးကမပြီးသေးဘူး ..... အဖိုးလှေကလူအများကြီးမဆန့်တော့ဘူး
....ဆိုပြန်သတဲ့ ... ဒါလည်းကိစ္စမရှိပါဘူးပေါ့ ...... ဘယ်ရှိမလဲ
စိတ်ထဲအရင်းခံနေတာက ငါသွားရင် အဆင်ပြေပြီ ရပြီ ထင်ထားကြတာကို ဒီတော့လည်း
သူ့ထက်ငါယုံကြည်မှုတွေ ပိုနေကြတာပေါ့ ...... အဖိုးကြီးက
ကိစ္စမရှိလည်းသွားကြကွယ် ..ဒါပေမယ့်မြစ်လယ်မှာ ၀ဲကြီးရှိတော့ ဘယ်လမ်းကပတ်
ဘယ်လိုသွားဖို့ သတိပေးဖို့ ပြင်ပြန်သတဲ့ ... ဒါလည်းဆြာမားတွေက
ကိစ္စမရှိပါဘူးပေါ့ .... မင်းတို့ကွယ် သွားမှာတလမ်းတည်းသွားကြမှာတွေဘဲ
... ညှိနှိုင်းတိုင်ပင်ပြီး လှေကို ပြင်သင့်တာပြင် ဖာသင့်တာဖာထေးပြီး
သွားတော့ မြန်မြန်ရောက်တာပေါ့ဆိုတော့ ယုံကြည်မှုတွေကဲနေကြတာ
ဦးဆောင်ချင်တာတွေက ပြင်းပြနေကြတာဆိုတော့ ကိစ္စမရှိပါဘူး ဆိုပြီး
လှေကိုယူလှော်လာခဲ့တာပေါ့ ..... အဖိုးကြီးက ကမ်းကခွာတဲ့လှေကိုကြည့်ပြီး
တစ်ယောက်ကအားစိုက်လှော် တစ်ယောက်က လှေထဲဝင်လာတဲ့ရေတွေ
နိုင်အောင်ခတ်ထုတ်နော် လှမ်းအော်ပြန်သတဲ့ ... လှေလှော်သွားသူတွေကလည်း
ဒီအဖိုးကြီးတောင်လှော်သွားလာနေခဲ့သေးတာဘဲ
ဆိုတဲ့အတွေးနဲ့.....ရတယ်ဗျိုး ကိစ္စမရှိဘူးဆိုပြီး ပြန်အော်သွားသေးဆိုဘဲ
..... အဲမှာဘဲ လှေက မြစ်လယ်လောက်ရောက်လာတော့
ဝဲနဲ့တွေ့တော့..ပါလာတဲ့လူဝိတ်ရယ်....၀င်လာတဲ့ရေတွေရယ်...လည်နေတဲ့ဝဲအခြေအနေတွေကြောင့် လှေကပျက်စီးပြီး နှစ်ဖို့ဖြစ်နေတဲ့အရေးဖြစ်လာရောတဲ့
.... အဲအချိန်ကျမှ လှေလှော်သွားသူတွေက .... ကိစ္စရှိပြီ ...
ကိစ္စရှိပြီဆိုပြီး အကူအညီတောင်းအော်နေရင်း လှေကမြုပ်ရောတဲ့ .....
ကဲကိုယ့်လူတို့လည်း တလမ်းတည်းသွားနေကြတာ ဆိုရင် အခက်အခဲတွေ
အနောက်အယှက်တွေအများကြီးကြားက မြန်မြန်ဆန်ဆန်ချောချောမွေ့မွေ့ သွားနိုင်တဲ့ အရေး ၀ိုင်းဝန်းညှိနှိုင်းတိုင်ပင်ပူးပေါင်းလုပ်ကြဖို့
တိုက်တွန်းချင်တယ် ....တော်ကြာ မြစ်လယ်ရောက်တဲ့လှေလို မြစ်လယ်ခေါင်ရောက်မှ
ဟိုလူကယ်မရ ဒီလူကယ်မရနဲ့ လူပါနစ်လှေပါဆုံးမယ့်အရေးဖြစ်မှ ကိစ္စရှိပြီ အော်နေရအုံးမယ် .....
ဟိ ဘွာတေးနော် ... အိပ်မရလို့ ....
ဟဲ ဆြာပွ ဘာမှမတတ်ပေမယ့် .... သတိပေးတာလေးလုပ်ကြည့်တာပါ....
စိတ်ဆိုးရ၀ူးနော် ...
ဆြာပွ ... (မိုက်ကယ်လင်း)
>>>ဆက်ဖတ်ရန်>>> >>
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ်
ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း
နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တ
ရုတ်ပြည်မှာ
ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃)
နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ
သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic
Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့
တရုတ်အစိုးရက ခွင့်ပြုလိုက်တော့
သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA
နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ်
ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု
အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို
ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။
အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ
ဖြစ်နေတယ်လေ။
သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........
http://www.facebook.com/BuddhismBeams
>>>ဆက်ဖတ်ရန်>>> >>
ကျွန်တော်တို့
သင်္ချာမှာသင်ခဲ့ရတဲ့ အတိုင်းအတာ (dimension) အကြောင်းတွေကို
သိထားကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ လူတစ်ယောက် အနေနဲ့
အမြင့်ဆုံးမြင်နိုင်တဲ့ 3 ဒိုင်းမင်းရှင်းအတိုင်းအတာထိသာဖြစ်ပါတယ်။
သင်္ချာလိုပြောရရင် အလျားxအနံxအမြင့် (x,y,z) ဆိုပြီး ဖော်ပြနိုင်ပါတယ်။
ဒိုင်မင်းရှင်း 3 ခုထက်ပိုတဲ့ အပိုဒိုင်းမင်းရှင်းတွေကို ကျွန်တော်တို့
Autocad လိုဆော့ဝဲလ်တွေနဲ့ ဖော်ပြနိုင်ပေမယ့် ကျွန်တော်တို့လူတွေအနေနဲ့
အပြင်မှာ ဘယ်တော့မှ မြင်ရမှာမဟုတ်ပါဘူး။ ဥပမာ ထောင့်ချွန် 6 ခုလောက်ရှိတဲ့
စိန်တုံးတစ်ခုကိုမြင်ကြည့်ပါ။ အဲဒါကို 6 Dimension ဟုဆိုပါစို့။
ကျွန်တော်တို့ တကယ်မြင်ရမှာက 3 ဒိုင်မင်းရှင်းထက်ပိုပြီးမြင်ရမှာမဟုတ်ပါ။
20 ရာစုနောက်ပိုင်းမှာ
အချိန်ကို နောက်ထပ်ဒိုင်မင်းရှင်းတစ်ခုအဖြစ်ထပ်ပေါင်းလိုက်ပါတယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့ ရူပဗေဒနယ်ပယ်မှာ 4 ဒိုင်မင်းရှင်းနဲ့
သတ်မှတ်ပါတယ်။ ယနေ့ကမ္ဘာမှာ အချိန်ကို
ဒိုင်မင်းရှင်းတစ်ခုအဖြစ်တိုင်းတာနေပါပြီ။ ကမ္ဘာရဲ့တည်နေရာအချိန်တွေ၊
လောင်ဂျီကျူမျဉ်းတွေ၊အစရှိတဲ့ အရာတွေကို တိုင်းတာတဲ့နေရာမှာ
အသုံးပြုကြပါတယ်။ ဒါကြောင့် 3 ဒိုင်မင်းရှင်းမှာ
အချိန်တစ်ခုပါထပ်ပေါင်းလိုက်တော့ 4 ဒိုင်မင်းရှင် ဖြစ်သွားပါမယ်။ ဒါပေမယ့်
ကျွန်တော်တို့ အာကာသအချိန် (Space time လို့သုံးပါတယ်) ကိုမမြင်ရပါဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီဒိုင်မင်ရှင်းက ကွေးနေ (Curved)
ဖြစ်နေလို့ဖြစ်ပါတယ်။ ဒါကတော့ အိုင်စတိုင်းရဲ့ ရီလေတီပတီ (General
Relativity Theory) အရဖြစ်ပါတယ်။ ဘယ်လောက်ထိကွေးသလဲဆိုရင် a million
million million million million of an inch ဖြစ်ပါသတဲ့။ ဒါကြောင့်
ကျွန်တော်တို့ မျက်စိနဲမြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့
ပြောရမှာဖြစ်ပါတယ်။ အဲဒါတွေက 10 dimension, 16 dimension ထိအကျုံးဝင်ပါတယ်။
ဥပမာ ကျွန်တော်တို့ လိမ္မော်သီးကို အဝေးကနေကြည့်ရင် လုံးတယ်လို့ထင်ရပေမယ့်
သေချာအနီးကပ်ကြည့်မယ်ဆိုရင် အဖုအထစ်လေးတွေကို မြင်ရမှာဖြစ်ပါတယ်။
အဲဒီလိုပါပဲ ဒိုင်မင်းရှင်းတွေက သေးကွေး လွန်းတဲ့အခါကျတော့
ကျွန်တော်တို့လို ဒိုင်မင်းရှင်းကြီးတဲ ကမ္ဘာကသက်ရှိတွေဟာ
အခြားဒိုင်မင်းရှင်းသေးတဲ့ ကမ္ဘာကအရာတွေကို မမြင်နိုင်ဘူးဆိုတာဖြစ်လာရပါတယ်။
သီအိုရီအဆိုအရလည်း ဒိုင်မင်းရှင်းမြင့်တဲ့ကမ္ဘာ (16 dimension) ကသက်ရှိဟာ
ဒိုင်မင်းရှင်းနိမ့်တဲ့ (4 Dimension) ကသက်ရှိတွေကို မြင်နိုင်ပေမယ့်
ဒိုင်မင်ရှင့်နိမ့်တဲ့ဘက်ကတော့ ဟိုဘက်ကိုမမြင်ရဘူးတဲ့။ သီအိုရီက
နောက်ပြောပါသေးတယ်။ အဲဒီ ဒိုင်မင်းရှင်း မြင့်တဲ့ကမ္ဘာက
သက်ရှိတွေဟာကျွန်တော်တို့လို ဒိုင်မင်းရှင်းအနိမ့်က သက်ရှိတွေရဲ့
ခန္ဓာကိုယ်ထဲထိထိုးဖောက်မြင်နိုင်ပါသတဲ့။ အူ၊ ကလီစာတွေထိ မြင်နိုင်ပါသတဲ့။
ဒါကတော့သီအိုရီက ခန်းမှန်းချက်တွေပေါ့လေ။ ကျွန်တော်အခုပြောပြတဲ့
ဒိုင်မင်းရှင်းဆိုင်ရာ သီအိုရီတွေဟာ String သီအိုရီတွေ၊ General
Relativity, Special Relativity သီအိုရီတွေနဲ့ ဆက်နွယ်နေပါတယ်။ String
သီအိုရီကတော့ အာကာသအချိန်ကွေးခြင်းစတာတွေကို ဖြေရှင်းပေးနိုင်တဲ့
သီအိုရီတစ်ခုပါ။ ကျွန်တော်တို့ အီလက်ထရွန်၊ ပရိုတွန်တွေအစား ကြိုးမျင်လေး
(string) အဖြစ်အစားထိုးစဉ်းစားပြီး အလုပ်လုပ်တဲ့သီအိုရီဆိုပါတော့။ အဲဒီ
သီအိုရီကို သေချာနားလည်ဖို့ ဆိုရင်တော့ ဒီပို့စ်လေးနဲ့ မလုံလောက်ပါဘူး။
သင်္ချာဆိုင်ရာ၊ ပုံတွေဘာတွေနဲ့ သေချာရှင်းပြမှ ကောင်းကောင်း
သဘောပေါက်နိုင်မှာမို့ တက္ကသိုလ်ကြယ်ပွင့် ရေးတဲ့ ဆူပါကြိုးမျင်လေးသီအိုရီ
စတဲ့စာအုပ်လေးတွေကို ဖတ်ပါလို့ပဲအကြုံပြုချင်ပါတယ်။
နားမလည်တာရှိခဲ့ရင်တော့ကျွန်တော်ရဲ့ အားနည်းချက်သာဖြစ်ကြောင်း
ကြိုတင်ဝန်ခံပါရစေ။ ဒီပို့စ်ရဲ ရည်ရွယ်ချက်ကတော့ Buddha ဘာသာမှာ ပရလောက၊
နာနာဘာဝ နတ်ပြည် အစရှိတာတွေ ရှိနိုင်ကြောင်း သိပ္ပံအမြင်ကနေ
တင်ပြပေးလိုရင်းဖြစ်ပါကြောင်။ လေးစားလျက်။

>>>ဆက်ဖတ်ရန်>>> >>
အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။
လုပ်ပုံ လုပ်နည်း ငှက်ပျောသီးရဲ့ အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ် အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာေ
တွ
သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့
ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက
သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့
ဖြစ်ပါတယ်။
ဒါကြောင့် ငှက်ပျောသီးခွံ ဟာလည်း အလွယ်ကူဆုံးနဲ့ သဘာဝ အကျဆုံး သွားဖြူဆေး တစ်ခုဖြစ်တဲ့ အတွက် ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက် ရပါတယ်။
Ref: medic-facts
http://www.myawady.com.mm/health/knowledge/item/4842-2013-01-20-10-47-11#.UP1c7h03t8G
>>>ဆက်ဖတ်ရန်>>> >>
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့
အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး
စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ
အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ
ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.?
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။
နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့
ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့
ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ
ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့
လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့
ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ
စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့
ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း
ရောက်လာရင် သွေးတိုး၊ ဆီးချို၊
နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။
(၃)
ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို
အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ
အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့
ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို
လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ
အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ
ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ
မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း
(Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ
ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက
တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင်
မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla
oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ
ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက်
စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို
ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး
ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ
အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး
(National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့်
ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ
ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ
ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု
ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက်
စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ
ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ
တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊
ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့
ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ်
မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့
ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့
ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက
ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့
ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က
ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့
နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင်
သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို
ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ
အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို
(၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။
ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု
ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့
ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့်
တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။
ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
@ Forward mail
>>>ဆက်ဖတ်ရန်>>> >>
၁။ မေတ္တာဖြင့် နိုးထခြင်း
အရုဏ်ဦးအချိန်ကာလကား နေ့တစ်နေ့၏ အစဖြစ်၏။ ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။
သတ္တ၀ါမှန်သမျှ ကိုယ်စိတ်နှဖြာ ချမ်းသာကြပါစေ ဟု မေတ္တာပို့ခြင်းသည်
အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။ လောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင်
အမြင်ဖြင့် စတင်နိုးထခြင်းဖြစ်၏။ ဘာသာတ၇ားကိုထိန်းသိမ်း၍
သူတော်ကောင်းဘ၀ဖြင့် တစ်နေ့တာ ဆက်လက်ရပ်တည်ခြင်းလည်း မည်၏။
ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း စသော မင်္ဂလာတရားနှင့်လည်း ညီ၏။ (၀ါ)
မင်္ဂလာရှိပေ၏။
ရှေးဗုဒ္ဓဘာသာဝင်တို့သည် အရုဏ်ဦးနိုးထစ ကာလမှာ
ဘုရားဝတ်ပြုခြင်း၊ မေတ္တာပို့သခြင်း၊ ကုသိုလ်အမျှကို ပေးဝေခြင်းဖြင့်
ကြေးစည်သံတဝေေ၀ လွင့်ပျံ့အောင် ရိုက်ခတ်လေ့ရှိကြသည်။ ကြေးစည်သံသည်
ဘာသာတရားကိုင်းရှိုင်းမှု၏ သင်္ကေတ၊ သူတော်ကောင်း၏ သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု၏
အလှအပတစ်ခုဖြစ်၏။ ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသင့်ပေသည်။
၂။ ရတနာသုံးပါးအား ရှိခိုးခြင်း
ရတနာသုံးပါးကို ရှိခိုးသည့်အခါ ထိခြင်းငါးပါး ဖြင့် ရှိခိုးရ၏။" ခြေ၊ လက်၊
နဖူး၊ တံတောင်၊ ဒူး ငါးဦးကြမ်းမှာတည် " ဟူသည်နှင့်အညီ ခြေဖျား၊ လက်ဖ၀ါး၊
နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ကြမ်းပြင်ကို ထိပြီး ဤထိခြင်း
(တည်ခြင်း) ငါးပါးဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်ကို ရည်မှန်း၍ -
ဗုဒ္ဓံ ပူဇေမိ (မြတ်စွာဘုရားကို ပူဇော်ပါ၏)
ဓမ္မံ ပူဇေမိ (တရားတော်မြတ်ကို ပူဇော်ပါ၏)
သံဃံ ပူဇေမိ (သံဃာတော်မြတ်ကို ပူဇော်ပါ၏)
ဟူ၍ စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် အသံထွက် ရွတ်ဆို၍ ဖြစ်စေ ရှိခိုးဦးချရပါမည်။
ယင်းနောက် သြကာသ ကန်တော့ချိုး ဖြင့် အပြစ်ခပ်သိမ်း ပပျောက်စေရန်
ကန်တော့ရပါမည်။ (မိမိအိမ်ရှိ ဘုရားဆင်းတုတော်ေ၇ှ့၌ ရွတ်ဆိုနိုင်ပါသည်။)
၃။ သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို
အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့
ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
မှတ်ချက် ။ ။ (ကန်တော့သူဆိုရန်) အကယ်၍ ဘုန်းကြီးထံမှာဆိုပါက ဘုန်းကြီးက ဆုပေးလျှင် ပေးသောဆုနှင့် ပြည့်စုံရပါလို၏ ဟုဆိုရပါမည်။
(ကန်တော့ခန်းရှင်းလင်းချက် ကြည့်ရန်)
၎။ သရဏဂုံနှင့် ငါးပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက ယ မဟံ ၀ဒါမိ၊ တံ ၀ဒေထ (ငါဆိုသော စကားကို
လိုက်ဆိုကြ) ဟု ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ (မှန်ပါဘုရား) ဟု
ကန်တော့သူကဆိုရမည်။]
ဘုရားရှိခိုးပုံ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သရဏဂုံ ဆောက်တည်ပုံပါဠိ
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက တိသရဏဂမနံ ပရိပုဏ္ဏံ (သရဏဂုံ
ဆောက်တည်ခြင်းကိစ္စပြည့်စုံပြီ) ဟု ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ
(မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
ငါးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက တိသရဏဂမနံ သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ
အပ္ပမာဒေန သမ္ပာဒေထ (သရဏဂုံ နှင့် ငါးပါးသီလကို ကောင်းကောင်းမွန်မွန်
မမေ့မလျော့ စောင့်ရှေုာက်လေ) ဟု ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ
(မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
ငါးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။
၅။ ရှစ်ပါးသီလတောင်းပုံ ပါဠိ
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် ရှစ်ပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
ရှစ်ပါးသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ရှစ်ပါးသီလ ဆောက်တည်ပုံ ပါဠိ ပြီး၏။
၆။ ကိုးပါးသီလတောင်းပုံ ပါဠိ
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် ကိုးပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
ကိုးပါးသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ၀ိဟရာမိ။
ကိုးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။
၇။ အာဇီဝဋ္ဌမကသီလတောင်းပုံ
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် အာဇီဝဋ္ဌမကသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
အာဇီဝဋ္ဌမကသီလခံယူဆောက်တည်ပုံပါဠိ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ပိသုဏ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဖရုသ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အာဇီဝဋ္ဌမကသီလ ဆာက်တည်ပုံ ပါဠိ ပြီး၏။
၈။ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း
အရဟတာဒိ န၀ဂုဏေဟိ - အရဟံအစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမန္နာဂတံ -
ပြည့်စုံတော်မူသော၊ နာထံ - လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူထသော၊ ဗုဒ္ဓံ -
သက်တော်ထင်၇ှား သဗ္ဗညု မြတ်စွာဘုရားကို ဥဒ္ဒိဿ - ရည်မှတ်၍၊ ၀ဏ္ဏ ဂန္ဗ ရသ သမ္ဗန္နံ
- အဆင်းအနံ့ အရသာနှင့်ပြည့်စုံသော -
ဣမံ ပိဏ္ဍပါတံ - ဤဆွမ်းတော်ကို၊
ဣမံ ဥဒကံ - ဤသောက်တော်ရေချမ်းကို၊
ဣမံ ပုပ္ပံ - ဤပန်းကို၊
ဣမံ ပဒီပံ - ဤဆီမီးကို၊
အဟံ - ကျွန်ုပ်သည်၊ ဒေမိ ပူဇေမိ - ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား၊ မေ -
အကျွန်ုပ်၏၊ ဣဒံ ပုညံ ဤကောင်းမှုသည်၊ အာသ ၀က္ခယံ - အာသဝေါတရား လေးပါးတို့၏
ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို၊ အာဝဟံ -
ရွက်ဆောင်နိုင်သည်၊ ဟောတု - ဖြစ်ပါစေသတည်း။
[ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ကို တစ်မျိုးချင်း ကပ်လှူလိုပါက မလိုအပ်သည်များကို ချန်၍ ကပ်လှူပါ။ ]
့
၉။ မေတ္တာပို့ခြင်း
ဘုရားရှိခိုးပြီးနောက် ပရိတ်ကြီး (၁၁) သုတ်မှ လိုရာသုတ်ကိုဖြစ်စေ၊
အန္တရာယ်ကင်းပရိတ်ဂါထာကိုဖြစ်စေ၊ အခြားမိမိတို့ ကြိုက်နှစ်သက်ရာ
ပရိတ်ဂါထာများကို ဖြစ်စေ ရွတ်ပွား၍ ဘ၀အတွက် အရံအတား ပြုလုပ်ရပါမည်။
ပရိတ်တော်အရံအတားပြုပြီးနောက် သတ္တ၀ါတို့အား မေတ္တာပို့သရမည်။ အရပ်မျက်နှာ
အသီးသီးကို ဖြန့်ကြက်၍ ပို့သသော (ဒိသာဖရဏ) မေတ္တာပို့ကို ဖော်ပြပေးပါမည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒ န္တ၀ိစိတ္တသာရာဘိဝံသဆရာတော်က
ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့်အညီ ရေးသားတော်မူသည့်မေတ္တာပို့ဖြစ်သည်။
အရှေ့အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
အနောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း
ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မြောက်အရပ်၌ရှိသော
အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း
ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
တောင်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း
ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အရှေ့တောင်ထောင့်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း
ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်မြောက်ထောင့်အရပ်၌ရှိသော
အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း
ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
အရှေ့မြောက်ထောင့်အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်တောင်ထောင့်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း
ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အထက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
မေတ္တာဘာဝနာ (၁၁) မျိုး
ဤမေတ္တာဘာဝနာ (၁၁) မျိုးကား မေတ္တသုတ် ပရိတ်တော်လာ မေတ္တာပို့နည်းဖြစ်သည်။
တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒ န္တ၀ိစိတ္တသာရာဘိဝံသ ဆရာတော်က ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲထားပါသည်။
လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဝေးနေ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ရှည်၊ တို၊ အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကြီး၊ ငယ်၊ အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ဆူ၊ ကြုံ၊ အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မေတ္တာပို့ပြီး၏။
၁၀။ ဆုတောင်းအမျှဝေ
မေတ္တာပို့ပြီးသောအခါ အာနာပါန (ထွက်သက် ၀င်သက် ရှုမှတ်မှု) စသော သမထကျင့်စဉ်
တစ်မျိုးမျိုးကိုဖြစ်စေ၊ ၀ိပဿနာကျင့်စဉ်ကိုဖြစ်စေ ရှုမှတ်ရမည်။
လုပ်ငန်းအားလုံး ပြီးဆုံးပြီးနောက် ပြုလုပ်ပြီးသမျှ ကုသိုလ်ကောင်းမှုနှင့်
ပတ်သက်၍ ဖော်ပြလတ္တံ့ပါအတိုင်း ဆုတောင်းပြီး အမျှဝေရမည် ဖြစ်သည်။
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ချမ်းမြအေးကြည်၊ ဘေးမဲ့မည်သည်၊
ရွှေပြည်ထုတ်ချောက်၊ လမ်းမကောက်ဘဲ၊ ရောက်ရပါလို၊ တောင်းဆုဆို၏။ ထိုထိုဘ၀၊
ကျင်လည်ရလည်း၊ ဒုက္ခဘေးဒဏ်၊ ရန်မာန်အပေါင်း၊ မကောင်းဟူသမျှ၊ မတွေ့ရဘဲ၊ သဗ္ဗဣ
စ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာ တ တိုင်းရစေသော်။
ယနေ့ယခု၊ ပြုပြုသမျှ၊
မြတ်ဘာဂကို၊ မိဘဆရာ၊ မျိုးသဟာနှင့်၊ ကိုယ်မှာစောင့်ကြပ်၊ ကိုယ်စောင့်နတ်က၊
အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့၊
ရကြပါစေ၊ ပေးငှဝေသည်၊ များထွေသာဓုခေါ်စေသော်။
ဆုတောင်းအမျှဝေပြီး၏။
အေးချမ်းမွန်မှ မြန်မာပြည်မှမြန်မာလူမျိုး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
>>>ဆက်ဖတ်ရန်>>> >>
မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့
ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း
အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင်
မဖြေေ
ပးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။
၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို
အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက
ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း
ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊
တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့
တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက
မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က
ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။
၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး
ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း
သူတစ်ပါးအသက်သတ် သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က
ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင်
မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့ လူသတ်အောင်
အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။
၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။
၎။ ဗုဒ္ဓဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓဟာ လူတစ်ယောက်ဆိုရင် မင့်တို့က ဘာဖြစ်လို့
ရှိခိုးရိုသေပေးနေရတာလဲ၊ သူ့မှာ တန်ခိုးတွေ မရှိဘူးလားလို့ မေးပါတယ်ဘုရား။
ဒီမေးခွန်းတွေကို တပည့်တော်လည်း တက်နိုင်သလောက်တော့ ဖြေပေးပါတယ်ဘုရား။
ဒါပေမဲ့ တပည့်တော် တိတိကျကျမဖြေနိုင်တာတွေရှိတဲ့အတွက် အရှင်ဘုရားအနေနဲ့
ဖြေပေးဖို့ရန် တောင်းဆိုလိုက် ရခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ
ဒူဘိုင်းမှာနေတဲ့လူမို့ အဲဒီကမူစလင်လူတွေနဲ့ပဲပေါင်းသင်းနေရပြီး
ဗုဒ္ဓဘာသာသူငယ်ချင်းမရှိတဲ့အတွက် သူငယ်ချင်းမူစလင်တွေ က
ကိုယ့်ဘာသာအကြောင်းမေးရင် သေချာမရှင်းပြနိုင်လို့ အခုမေးခွန်းတွေကို
တပည့်တော်အားသနားသဖြင့် ဖြေဆိုပေးပါရန်
လျှောက်ထားတောင်းပန်းအပ်သည်အရှင်ဘုရား။ ဦးတင်ပါတယ်ဘုရား။
ဖြေ။ ။
(၁) ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့
သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။
လောကမှာရှိတဲ့အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့အရာတွေကြီးပါပဲ။
ရှေးယခင်အချိန်ကာလများစွာက နေ၊ လတို့မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။
အဲဒီအခါတုန်းက နေလတို့မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ
တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ဖြစ်ပေါ်လာတဲ့အခါကျမှ
ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေတွေလတွေပေါ်လာလို့
အလင်းရောင်ရရှိခဲ့တဲ့အခါကျမှသာလျှင် နှစ်၊ လ၊ ရက်၊ ရာသီဥတုတွေကို လူတွေက
သတ်မှတ် လာခဲ့ကြတာပါ။
ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆအတိုင်း
အကြောင်းကြောင့် အကျိုးဖြစ်လာတာလား၊ ဖန်ဆင်းရှင်ဝါဒတို့ရဲ့ ဖန်ဆင်းထားလို့
အရာဝတ္ထုလူတွေ ဖြစ်လာတာလားဆိုတာကို ရှင်းလင်းနားလည်အောင်
ဥပမာပေးလေးတစ်ခုနဲ့ နှိုင်းယဉ်ပြောပြပေးပါမယ်။ မောင်နီဆိုတဲ့လူတစ်ယောက်
ဖြစ်လာတာဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့ ဖြစ်လာတာလား။
သူ့ရဲ့မိဘနှစ်ပါးအတူအိပ်ခဲ့ကြလို့ ဒါမှမဟုတ် သူတို့ရဲ့ သွေးသားတွေ
ရောစပ်ပေးလိုက်လို့ ဖြစ်လာတာလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
အဲဒီလိုစဉ်းစားကြည့်မယ်ဆိုရင် ဘယ်ရာမဆို အကြောင်းတရားမရှိဘဲ
အကျိုးတရားဖြစ်မလာနိုင်ဘဲနဲ့ အကြောင်းကြောင့် အကျိုးတရားရလာဒ်များ
ပေါ်ပေါက်လာတယ်ဆိုတာ သိသာထင်ရှားစွာ သိမြင်လာပါလိမ့်မယ်။ ဒါဆို
လောကရှိအရာများဟာ ဘယ်သူမှဖန်ဆင်းပေးလို့မဟုတ်ဘဲ
အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရားတွေ ဖြစ်လာတဲ့အရာတွေဆိုတာ
သိလောက်မယ် ထင်ပါတယ်။
အရာအားလုံးမှာ အတိတ်၊ မျက်မှောက်ဆိုတဲ့
ကြောင်းကျိုးလှုပ်ရှားပြုလုပ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ
ဖြစ်လာကြတာပါ။ မိမိက ပျော်ရွှင်အောင်လုပ်ခဲ့မယ်ဆိုရင် မိမိထံမှာ
ပျော်ရွှင်မှုတွေရောက်လာမှာဖြစ်ပြီး မိမိက သူတစ်ပါးစိတ်ထိခိုက်အောင်
လုပ်ခဲ့ပေးမယ်ဆိုရင် မိမိဆီကိုလည်း စိတ်ဒုက္ခရောက်စရာတွေ
ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရောက်ချင်တဲ့ နိဗ္ဗာန်ကိုလည်း
မိမိတို့ဘာသာရောက်အောင် ပြုလုပ်ကြတာဖြစ်သလို မိမိတို့မရောက်ချင်တဲ့
ငရဲပြည်ကိုလည်း မိမိဘာသာပြုလုပ်ကြလို့ သွားကြရခြင်း ဖြစ်ပါတယ်။
မိမိတို့ကိုယ်တိုင် ဖန်တီးသူများဖြစ်ပြီး မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ
ပြုလုပ်ကြတာပါ။
ဥပမာ-ကြည့်မှန်တစ်ခုကိုယူပြီး အဲဒီမှန်ကို
ကြည့်လိုက်တဲ့အခါမှာ မိမိမျက်နှာက ပြုံးနေရင် မှန်ထဲမှာ ပြုံးနေပုံလေး
မြင်ရမှာဖြစ်သလို မိမိက ဒေါသထွက်စိတ်တိုနေပုံနဲ့ မှန်ကိုကြည့်ရင် မှန်ထဲမှာ
အဲဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။ အဲဒီပြုံးပျော်ရွှင်ဝမ်းနည်းမှု
ဒေါသထွက်မှုတွေကို တခြားတစ်စုံတစ်ယောက်က ဖန်ဆင်းပေးလို့
မှန်ထဲမှာပေါ်လာတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဖန်ဆင်းလို့
မိမိတို့ဖန်ဆင်းသလို မှန်ထဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့်
မိမိတို့က မျက်မှောက်မှာ သူတစ်ပါးကောင်းစားအောင်၊ သူတစ်ပါးအပေါ်
စိတ်ထားကောင်းနဲ့ပြုလုပ်ပေးရင် အဲဒီပြုလုပ်ပေးတဲ့အရာတွေဟာ
မိမိပြုလုပ်တဲ့အတိုင်း မှန်တွင်ပေါ်လာသလို ပြန်လည်ပုံဖော်ပေးမှာမို့
မိမိပုံဖော်ခဲ့တဲ့အတိုင်း ပြန်လည်ခံစားရပါလိမ့်မယ်။ မိမိက
သူတော်ကောင်းအလုပ်လုပ်ရင် သူတော်ကောင်းအကျိုး ခံစားရမှာဖြစ်ပြီး မိမိက
သူယုတ်မာအလုပ်လုပ်ရင် သူယုတ်မာအကျိုးကို ခံစားရပါမယ်။ မိမိက
အများအကျိုးလုပ်ပေးရင် မိမိမှာလည်း အများကပြန်လည်ပေးဆပ်ကြမဲ့
ကောင်းကျိုးတွေ ပြန်လည်ရရှိမှာပါ။
မိမိက ကြည့်မှန်ထဲမှာ
မျက်နှာကြီးရှုံ့မဲပြပြီး မှန်ထဲမှာ ပြုံရွှင်နေတဲ့ပုံစံလေး
ပြန်ပေါ်လာချင်လို့တော့ မရသလို ဘယ်သူကမှလည်း လုပ်ပေးလို့မရပါဘူး။ မိမိစိတ်က
ပြုလုပ်တဲ့အတိုင်း မိမိစိတ်မှာ ပြန်လည်သက်ရောက်လာမှာဖြစ်သလို မိမိနှုတ်၊
ကိုယ်တို့နဲ့ပြုလုပ်တဲ့အရာတွေကလည်း မိမိပြုလုပ်ခဲ့သလို ကောင်းတာဆိုရင်
ကောင်းတာပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ခဲ့ရင် မကောင်းတာတွေ ပြန်လာမှာပါ။
ဒါကြောင့် လူချင်းတူနေပေမဲ့ လှတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊
စိတ်ထားကောင်းတာစတဲ့အချက်တွေဟာ ကိုယ့်ပြုလုပ်ခဲ့တဲ့လုပ်ရပ်ပေါ်မှာမူတည်ပြီး
အကျိုးပေးနေတာကြောင့် ကွဲပြားနေရတာပါ။ တကယ်လို့ လူအားလုံးကို
ဖန်ဆင်းရှင်တစ်ဦးကသာ ဖန်ဆင်းပေးတာဆိုရင် လူလူချင်းမို့ ကျန်တာတွေလည်း
တူနေရပါလိမ့်မယ်။
သက်ရှိမှာတောင်
မိမိတို့ဖန်ဆင်းပြုလုပ်ထားတဲ့အတိုင်း ပြန်လည်ဖြစ်ပေါ်သေးတာဆိုရင်
သက်မဲ့တွေမှာလည်း အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာကြတယ်ဆိုတာ
ထူးထွေပြောစရာလိုမယ် မထင်ပါ။ ဥပမာ-သက်မဲ့တွေမှာလည်း မိုးရွာရင်၊
မြေသြဇာရှိရင် မြက်ပင်ဟာ ပေါက်လာမှာဖြစ်သလို မိုးမရွာရင်ဖြစ်စေ၊ မြေသြဇာ
မရှိခဲ့ရင်ဖြစ်စေ မြက်ပင်ဟာ ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သက်ရှိ၊
သက်မဲ့အရာအားလုံးဟာ အကြောင်းတရားပေါ်မူတည်ပြီး အကျိုးတရားတွေဖြစ်လာကြတာမို့
မည်သူကမှ ဖန်ဆင်းပေးစရာမလိုသလို ဖန်ဆင်းပေးလို့လည်း မရပါဘူး။
(၂)
လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ
လိုအပ်တဲ့ခန္ဓာကိုယ်စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင်
အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ
ဘယ်လိုပုံစံနဲ့ဖြစ်စေ သေပြီးသားသတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း
တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊
မိမိစားမှာဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂလုံးဝမပါရပါ။
အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့သက်ရှိတိရစ္ဆာန်ဟာ
မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှုမရှိတဲ့အတွက် အပြစ်မရှိပါပေ။
အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင်ဖြစ်စေ၊
မိမိရှေ့မှာသတ်နေတာကိုမြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့
သူတစ်ပါးကသတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလိုအသားငါးများကို စားမယ်ဆိုရင်တော့
မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့
ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး
အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့်
မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာသက်ရှည်မှာမို့ဖြစ်စေ၊
သစ်သီးသစ်ရွက်နဲ့ အသက်ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည်
အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက
စားနိုင်ကြပါတယ်။
(၃) ရေကန်ထဲကို ကျောက်ခဲတစ်လုံး ပစ်လိုက်တဲ့အခါ
အဲဒီကျောက်ခဲပစ်ချလိုက်တဲ့အရှိန်ကြောင့် ရေလေးတွေဟာ နဘေးကို
လွင့်စင်သွားကြပေမဲ့ အချိန်တန်တဲ့အခါကျတော့ အဲဒီပစ်လိုက်တဲ့
ကျောက်ခဲဆီကိုပဲ ရေလေးတွေ ပြန် လာကြပါတယ်။ ဘောလုံးတစ်လုံးနဲ့ နံရံတစ်ခုကို
ကန်လိုက်တဲ့အခါ မိမိကန်လိုက်တဲ့ဘောလုံးလေးဟာ နံရံကိုမှန်ပြီး မိမိဆီကိုပဲ
ပြန်လာသလို မိမိလုပ်တဲ့ ကောင်းကံမကောင်းကံဟာ မိမိဆီပဲပြန်လာကြတာမို့
အဲဒါကို မလွဲမသွေ ခံစားကြရပါတယ်။ မိမိက ကောင်းတာလုပ်ရင်
ကောင်းကျိုးတွေပြန်လာမှာဖြစ်သလို မကောင်းတာလုပ်ရင် မကောင်းကျိုးတွေ
မိမိဆီကို ပြန်လာမှာ အမှန်ပါ။ ဒါတွေဟာ သဘာဝတရားတစ်ခုပဲမို့ မည်သူကမှ
ဖန်ဆင်းပေးခြင်း မဟုတ်ပါ။
အဲဒီလို မိမိလုပ်တဲ့လုပ်ရပ်တွေ
မိမိဆီကို အကျိုးပေးရန်ပြန်လာတဲ့အခါမှာ အောက်ပါအတိုင်း (၄)မျိုးထဲက
တစ်မျိုးမျိုးနဲ့တော့ ပြန်လာကြပါတယ်။
၁။ တချို့ ကောင်းကံမကောင်းကံတွေဟာ မျက်မှောက်ဘ၀မှာ အကျိုးပေးတယ်။
၂။ တချို့ ကောင်းကံမကောင်းကံတွေဟာ ဒုတိယဘ၀မှာ အကျိုးပေးတယ်။
၃။ တချို့ ကောင်းကံမကောင်းကံတွေဟာ တတိယဘ၀ကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတယ်။
၎။ တချို့ ကောင်းကံမကောင်းကံတွေဟာ အကျိုးပေးခွင့်မရလိုက်လို့
ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ-ကောင်းမှုသေးလေးဟာ
ကောင်းမှုကြီးအကျိုးပေးခွင့်ရှိလာတဲ့အခါ ကောင်းမှုကြီးအကျိုးပေးနေလို့
ကောင်းမှုလေးဟာ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားတာမျိုးကို ဆိုလိုခြင်း
ဖြစ်ပါတယ်။
ကိလေသာချုပ်ငြိမ်းပြီးသား ရဟန္တာအရှင်မြတ်တွေဟာ
ရှေ့ဆက်ဘ၀ဖြစ်စရာ မရှိတော့လို့ ကောင်းကျိုးခံစားရမှာမဟုတ်တော့တဲ့အတွက်
သူတို့ဘာသာ အေးဆေးနေနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေကြဘဲ
သာမန်ရဟန်းများလုပ်တဲ့ ဆွမ်းစားကျောင်းတာဝန်၊ အိမ်သာဆေးတာဝန်တွေကအစ
အများအကျိုးပြုလုပ်ပေးကြတာကို အတုယူတတ်မယ်ဆိုရင် မိမိတို့လို
ဘ၀အဆုံးမသတ်သေးဘဲ ရှေ့ဆက်လျှောက်ရဦးမဲ့ မိမိတို့ဟာ ပိုမိုပြီးတောင်
အများအကျိုး ကောင်းမှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့်
ရဟန္တာအရှင်မြတ်များကို အတုယူပြီး မိမိတို့ဟာ ကောင်းကျိုးများခံစားရဖို့
ရှိသေးတာကြောင့် အသက်ရှင်စဉ်လေးမှာ ကောင်းမှုများနဲ့
ဘ၀ကိုအဆုံးသတ်နိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ယခု အောက်ဆုံးကံ(၄)မျိုး
အကြောင်းကတော့ မြန်မာဗုဒ္ဓဘာသာများအတွက် သီးသန့်ထပ်ဖြည့်စွက်ပေးလိုက်တာပါ။
(၄) တကယ်တော့ ဗုဒ္ဓဆိုတာ ကိလေသာအမှောင်တွေထဲကနေ ရုန်းကန်နိုးထလာသူ၊
ကိလေသာအမှောင်တွေကို တွန်းလှန်နိုင်သူ၊ လောကရှိအရာအားလုံးကို အမှန်တကယ်
သိမြင်သူ၊ မကောင်းမှုအားလုံးကို ပယ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့ယခင်ကလည်း
ဒီလိုဗုဒ္ဓတွေအများကြီးဖြစ်ခဲ့သလို အနာဂတ်မှာလည်း ဖြစ်ကြပါလိမ့်ဦးမယ်။
ဗုဒ္ဓဆိုတာ မသိတာမရှိတဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင်ရရှိ သူများ ဖြစ်ပါတယ်။ ဒါပြင်
ဗုဒ္ဓဟာ သူတစ်ပါးအပေါ် သနားကရုဏာကြီးမားသူဖြစ်ပြီး
သမာသမတ်စိတ်ထားကောင်းနဲ့ပြည့်စုံသူ ဖြစ်ပါတယ်။
ဗုဒ္ဓဟာ
ရှေးယခင်ကဖြစ်ခဲ့တဲ့အရာတွေကို မှတ်မိခြင်း ပုဗ္ဗေနိဝါသနုဿတိဉာဏ်။
နတ်မျက်စိကဲ့သို့ အဝေးကို ဖောက်ထွင်းသိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်။
ကိလေသာနူနာအားလုံးကို ပယ်သတ်နိုင်သော အာသ၀က္ခယဉာဏ်(၃)မျိုးကို ရရှိထားပါတယ်။
မြတ်ဗုဒ္ဓဟာ သူရရှိတဲ့အဘိဉာဏ်တန်ခိုးတွေကို လူတွေယဉ်ကျေးလာအောင်၊ လူတွေကို
ထိန်းချုပ်နိုင်အောင်အတွက် အသုံးမပြုခဲ့ဘဲ တရားဟောတဲ့အခါ၊ နာယူသူအား
ဘယ်လိုတရားမျိုးဟောရင် ပိုအကျိုးများမလဲ၊ ဘယ်လိုတရားနဲ့ထိုက်တန်သလဲ၊
ဘယ်သူဟာ ဘယ်ချိန်မှာ တရားထူးရတဲ့သူဖြစ်မလဲဆိုတဲ့
အများတရားရရှိဖို့အတွက်တော့ တစ်ခါတရံမှာ သူရရှိထားတဲ့
အဘိဉာဏ်တန်ခိုးများကို အသုံးပြုပြီး ဟောကြားလမ်းညွှန်ပေးလေ့ရှိပါတယ်။ ဒါပြင်
ဗုဒ္ဓဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများဖြစ်တဲ့ ဆင်းရဲခြင်းအမှန်၊
ဆင်းရဲခြင်းဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား။
ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း လမ်းမှန်တရားတို့ကို
သူကိုယ်တိုင်လည်းသိမြင်ပြီး အများကိုလည်း လမ်းညွှန်ဟောပြပေးခဲ့ပါတယ်။
ဗုဒ္ဓရဲ့တရားများဟာ သာမာန်အခြေခံတရားများရော၊ အနက်အဓိပ္ပါယ်လေးနက်တဲ့
တရားများရော ပါဝင်ပါတယ်။ ဒါပြင် စိတ်ကိုဖြူစင်အောင်ထားပြီး
ကောင်းသောအလုပ်များ ဆောင်ရွက်တတ်အောင်၊ မကောင်းမှုအားလုံးတို့
အဆုံးသတ်နိုင်အောင်လည်း သူ့ရဲ့ဉာဏ်ထဲမှာ အမှန်အတိုင်း
သိမြင်သမျှအားလုံးတို့ကို ဟောကြားပေးခဲ့ပါတယ်။
ဒါကြောင့် ဗုဒ္ဓဟာ
ငါတို့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ကောင်းတာမကောင်းတာကို သိအောင်၊
ပြုလုပ်တတ်အောင် လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့
ငါတို့ဟာ မြတ်ဗုဒ္ဓရဲ့ ငါတို့အပေါ်ရှိတဲ့ ကျေးဇူးတရား၊ ငါတို့မှာမရှိတဲ့
ပညာစွမ်းအား၊ ကရုဏာစွမ်းအားစတာတွေကို အမြဲတမ်းအာရုံပြုပြီး
ရိုသေကန်တော့နေခြင်း ဖြစ်ပါတယ်။ မိမိအပေါ်မှာ
ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်ကို ဘယ်သူမဆိုသိတတ်ပြီး ကျေးဇူးဆပ်ရမှာပါ။ ဒါဟာ
လောကရဲ့သဘာဝပါ။
ဦးဇင်းမှာ အချိန်မအားပေမဲ့
ဦးဇင်းဒီမေးခွန်းများကို ဖြေမပေးခဲ့ဘူးဆိုရင်
မိမိဘာသာအကြောင်းမရှင်းပြတတ်ဘူးဆိုပြီး ဘာသာခြားက မိမိတို့ဘာသာအပေါ်
အထင်သေးမှုများနဲ့ ကြုံတွေ့ရမှာစိုးလို့ ဦးဇင်း အသိဉာဏ်ဗဟုသုတ၊
အင်္ဂလိပ်စာအရည်အချင်း ရှိသလောက် ဖြေပေးလိုက်ပါတယ်။ ဒီလောက်ဆို
မေးခွန်းရှင်ရဲ့အဖြေဟာ လုံလောက်မယ် ထင်ပါတယ်။ ဦးဇင်းအင်္ဂလိပ်စာ
မကျွမ်းကျင်သေးလို့ အင်္ဂလိပ်စာအားနည်းမှုများပါရင်လည်း ခွင့်လွတ်
နားလည်ပေးကြပါလေ။
ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်အားလုံး
အချိန်တိုင်းမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ကမ္ဘာပေါ်မှာရှိတဲ့
ဒုက္ခအားလုံးတို့မှလည်း ကင်းလွတ်ပြီးလျှင်
ပန်းတိုင်ကိုလျင်မြန်စွာရောက်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလျက်…..။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
Questions and Answers about Buddhism
If you want to know about Buddhism you will be able to read this post
Questions-
I would like to ask a few questions regarding with the Islam and
Buddhism differences. This is my first time to ask a question. Kindly
please forgive me if there are mistakes. I would like to request that
please answer to me in English. It is because the person who asked me
about Buddhism is Forigner and I could not translate some of the terms
of Burmese Parli into English. My Islamic Friends always ask me about
Buddha and I could not translate or explain to him.
Islam
belive that the earth, the moon, the sun, day, night, animals, human and
everythings are created by Allah. My Muslim Friend asked me that
1. If we (Buddhism) belive that what we do, is what we get (Kamma
Result) then in this case, who create human, earth, moon and everything?
How these things appear? I could not answer his question. I told him
that our Buddha is not creator. I am so sad that I could not explain to
him in English although I am Buddhism. I had read that in
burmeseclassic.com, one of the post answers is if Allah is a creator of
everyone; there has someone who creates Allah. It is because everything
is happening like a circle. I explain to my friend that everything is
like a circle and I asked him there should be someone who creates Allah.
He said "No" and I could not explain more to him.
2. I told
him killing animal is sin. He asked why I am eating meat if I said
killing animal is sin? And he said animals are created by Allah for all
the human to eat. Therefore, it is no sin. I told him, we did not kill
the animal. However, there are people who selling the meat. Therefore,
we buy and we eat. If the people are not selling meat, we are not going
to eat meat at all. But he said somehow it is indirect way we are
encouraging to kill the animal and we are getting sin. I am so confuse
that am I getting sin because of I am eating meat? How can I explain to
him?
3. What Buddhism Believe? (How can I answer this question
to non Buddhist person? I told him we belive in Buddha Teaching and
practices. Then he asked me what those are. It is really hard for me to
explain)
4. Who is the Buddha? (I told him the Buddha is one of
the human and he borned and he died. But he found the universal truth.
And then my friend asked if he is human like us why u are giving worship
to him? Does he have any power? Sayardaw! I do not know how to explain
in English. What do I understand in English is Buddha has power and when
he met with Da wa dat, he show fire, water comes out from nose and
mouth at the same time. Could you please explain to me properly in terms
with English? And also in order to become a Buddha, he has to pass many
lifes and finally he can be the Buddha. Oh. I really could not explain
although I understand in Burmese)
Sayadaw! I am asking this
question is I do not want to give wrong idea of Buddhist or Buddhism to
some one who is enthusiastic to know about Buddhism. I really want to
explain to him very well. Now I am trying to read "The Teachings of The
Buddha" (Basic Level) by Ministry of Religious Affairs. However, many of
the word written in Sanskrit and it is hard to understand. Therefore, I
really appreciate if Sayardaw can answer my questions.
I am
staying at the United Arab Emirates and most of the people here is
Muslim and I do not have Buddhist friends here who I can disucss or ask
in English. Kindly allow me to ask more questions in future.
Please forgive me to write with "I, you, he, or she"
I am aspecting you Bante.
ANSWERS
1. No one creates human, the earth, the moon and everything because
that is nature in the world. As long as the moon and sun have not arisen
in the world, so long as there is nothing shining forth a great light
of great radiance. There prevails gross darkness. Later when the moon
and the sun rise in the world, then a great light of great radiance
shine forth and gross darkness is not in the world the months, the
half-moon and the seasons of years are.
For example about
creation that if your parents don’t sleep together or don’t blend their
blood you will not be able be a human. In this way, other everything is
the result of their own past and present actions. That’s why we
ourselves are responsible for our own happiness and misery. We create
our own Heaven. We create our own Hell. We are the architects of our own
fate.
Bring a mirror and look at it, you will see yourself in
the mirror. When you are happy your face would be bright, when you are
sad your face will be frown, when you are angry your face will be red
and ugly. Is that right? Now answer me who create your happy face, who
create your frown face, who create your ugly face?
The God
believer was thinking your different faces reflected by the different
mood (state of the mind) is the creator of the faces. Your inner mind is
your own Creator. Your face always reflected on your mind or mood
(state of mind), if you have anger, greedy, delusion your face will show
ugly, and frown. Your mind can change your face in this present life,
as well as your future life, or next life. If you are dwelling in anger,
hatred, greed, and delusion, your next life will be the same as your
face showing in the mirror. Now you will see who is a Creator? If you
wanted to be haven, you should abstain from bad mood, like anger,
hatred, greed, and delusion. If your mind is under the influence of this
bad mood, your future and next life will be misery.
Finally he
understood that "Our Mind is our own Creator." That is what I have
explained to those who believe in God or Creator from the aspect of
Buddhism .All living beings have actions (Karma) as their own, their
inheritance, their congenital cause, their refuge. It is Karma that
differentiates beings into low and high states.
2. When we are
really necessary for survival we are allowed to eat meat but you
obviously don’t say one should kill an animal. You are harmful to humans
and animals yourself or someone has said to doing if you are going to
feel negative fate. According to the needs of our body for health we
should eat meat some time because I think that we will not be surviving
for a long time with vegetable. That’s why, you haven’t been
haပ်rd-working to death the animal and if you haven’t wanted to die you
will probably eat meat. Some people don’t eat meat but they are not
honest. That is better than dishonest one. If universal people refrain
from eating meat, it will be more peaceful the universe.
3.
When we throw a stone into the lake, the water splash away from the
stone but later it comes back to the stone. When we play football on the
wall, it come will back to us. In this way, if you do good or evil you
will return them. That is natural law and the mainest of our religion.
4. In general, Buddha means Awakened One, someone who has awakened from
the sleep of ignorance and sees things as they really are. The Buddha
was a person who has eliminated from all faults and mental obstructions.
There were many people who have become Buddhas in the past, and many
people wil be able to become a Buddha in the future. There is nothing
that the Buddha does not know. Moreover, the Buddha has great compassion
which is completely impartial.
The Buddha has attained three kinds of Power. There are-
1. Pubbe-nivasanussati- remembrance of former existences power.
2. Dibba-cakkhu- divine eye power.
3. Asavakkhaya-extinction of all cankers power.
But most of the time He hasn’t used his powers to tame or control the
people. The Buddha has used sometime to make them devotional has faith
in Dhamma. Moreover, the Buddha taught us the universal Truth; this is
suffering; this is the arising of suffering; this is the ceasing of
suffering; this is the approach to the ceasing of suffering. His
teaching was basically simple and meaningful then to put an end to evil;
to fulfil all good; to purify the mind. This is the advice of all the
Buddhas. So, the Buddha is our benefactor and guide. That’s why we
always have been respecting to Him. If someone has been beneficial we
will have to be grateful to him. That is natural law.
I don’t
have free time but if I haven’t been answering your questions you are
going to experience difficult. So, I am answering as knowledge as
English language. I think these answers enough for your questions.
I haven’t just been cleaver English language if weaking should abide me.
I wish that all my Dhamma friends and kiths will have to be happy every
time and then will be able to free from too much suffering in the
world.
Ashin Komala or Sanninaymin
sanninaymin@gmail.com
Colombo, Sri Lanka.
>>>ဆက်ဖတ်ရန်>>> >>