ကျွန်တော်တို့
သင်္ချာမှာသင်ခဲ့ရတဲ့ အတိုင်းအတာ (dimension) အကြောင်းတွေကို
သိထားကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ လူတစ်ယောက် အနေနဲ့
အမြင့်ဆုံးမြင်နိုင်တဲ့ 3 ဒိုင်းမင်းရှင်းအတိုင်းအတာထိသာဖြစ်ပါတယ်။
သင်္ချာလိုပြောရရင် အလျားxအနံxအမြင့် (x,y,z) ဆိုပြီး ဖော်ပြနိုင်ပါတယ်။
ဒိုင်မင်းရှင်း 3 ခုထက်ပိုတဲ့ အပိုဒိုင်းမင်းရှင်းတွေကို ကျွန်တော်တို့
Autocad လိုဆော့ဝဲလ်တွေနဲ့ ဖော်ပြနိုင်ပေမယ့် ကျွန်တော်တို့လူတွေအနေနဲ့
အပြင်မှာ ဘယ်တော့မှ မြင်ရမှာမဟုတ်ပါဘူး။ ဥပမာ ထောင့်ချွန် 6 ခုလောက်ရှိတဲ့
စိန်တုံးတစ်ခုကိုမြင်ကြည့်ပါ။ အဲဒါကို 6 Dimension ဟုဆိုပါစို့။
ကျွန်တော်တို့ တကယ်မြင်ရမှာက 3 ဒိုင်မင်းရှင်းထက်ပိုပြီးမြင်ရမှာမဟုတ်ပါ။
20 ရာစုနောက်ပိုင်းမှာ
အချိန်ကို နောက်ထပ်ဒိုင်မင်းရှင်းတစ်ခုအဖြစ်ထပ်ပေါင်းလိုက်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ ရူပဗေဒနယ်ပယ်မှာ 4 ဒိုင်မင်းရှင်းနဲ့ သတ်မှတ်ပါတယ်။ ယနေ့ကမ္ဘာမှာ အချိန်ကို ဒိုင်မင်းရှင်းတစ်ခုအဖြစ်တိုင်းတာနေပါပြီ။ ကမ္ဘာရဲ့တည်နေရာအချိန်တွေ၊ လောင်ဂျီကျူမျဉ်းတွေ၊အစရှိတဲ့ အရာတွေကို တိုင်းတာတဲ့နေရာမှာ အသုံးပြုကြပါတယ်။ ဒါကြောင့် 3 ဒိုင်မင်းရှင်းမှာ အချိန်တစ်ခုပါထပ်ပေါင်းလိုက်တော့ 4 ဒိုင်မင်းရှင် ဖြစ်သွားပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အာကာသအချိန် (Space time လို့သုံးပါတယ်) ကိုမမြင်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဒိုင်မင်ရှင်းက ကွေးနေ (Curved) ဖြစ်နေလို့ဖြစ်ပါတယ်။ ဒါကတော့ အိုင်စတိုင်းရဲ့ ရီလေတီပတီ (General Relativity Theory) အရဖြစ်ပါတယ်။ ဘယ်လောက်ထိကွေးသလဲဆိုရင် a million million million million million of an inch ဖြစ်ပါသတဲ့။ ဒါကြောင့် ကျွန်တော်တို့ မျက်စိနဲမြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒါတွေက 10 dimension, 16 dimension ထိအကျုံးဝင်ပါတယ်။ ဥပမာ ကျွန်တော်တို့ လိမ္မော်သီးကို အဝေးကနေကြည့်ရင် လုံးတယ်လို့ထင်ရပေမယ့် သေချာအနီးကပ်ကြည့်မယ်ဆိုရင် အဖုအထစ်လေးတွေကို မြင်ရမှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ ဒိုင်မင်းရှင်းတွေက သေးကွေး လွန်းတဲ့အခါကျတော့ ကျွန်တော်တို့လို ဒိုင်မင်းရှင်းကြီးတဲ ကမ္ဘာကသက်ရှိတွေဟာ အခြားဒိုင်မင်းရှင်းသေးတဲ့ ကမ္ဘာကအရာတွေကို မမြင်နိုင်ဘူးဆိုတာဖြစ်လာရပါတယ်။ သီအိုရီအဆိုအရလည်း ဒိုင်မင်းရှင်းမြင့်တဲ့ကမ္ဘာ (16 dimension) ကသက်ရှိဟာ ဒိုင်မင်းရှင်းနိမ့်တဲ့ (4 Dimension) ကသက်ရှိတွေကို မြင်နိုင်ပေမယ့် ဒိုင်မင်ရှင့်နိမ့်တဲ့ဘက်ကတော့ ဟိုဘက်ကိုမမြင်ရဘူးတဲ့။ သီအိုရီက နောက်ပြောပါသေးတယ်။ အဲဒီ ဒိုင်မင်းရှင်း မြင့်တဲ့ကမ္ဘာက သက်ရှိတွေဟာကျွန်တော်တို့လို ဒိုင်မင်းရှင်းအနိမ့်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲထိထိုးဖောက်မြင်နိုင်ပါသတဲ့။ အူ၊ ကလီစာတွေထိ မြင်နိုင်ပါသတဲ့။ ဒါကတော့သီအိုရီက ခန်းမှန်းချက်တွေပေါ့လေ။ ကျွန်တော်အခုပြောပြတဲ့ ဒိုင်မင်းရှင်းဆိုင်ရာ သီအိုရီတွေဟာ String သီအိုရီတွေ၊ General Relativity, Special Relativity သီအိုရီတွေနဲ့ ဆက်နွယ်နေပါတယ်။ String သီအိုရီကတော့ အာကာသအချိန်ကွေးခြင်းစတာတွေကို ဖြေရှင်းပေးနိုင်တဲ့ သီအိုရီတစ်ခုပါ။ ကျွန်တော်တို့ အီလက်ထရွန်၊ ပရိုတွန်တွေအစား ကြိုးမျင်လေး (string) အဖြစ်အစားထိုးစဉ်းစားပြီး အလုပ်လုပ်တဲ့သီအိုရီဆိုပါတော့။ အဲဒီ သီအိုရီကို သေချာနားလည်ဖို့ ဆိုရင်တော့ ဒီပို့စ်လေးနဲ့ မလုံလောက်ပါဘူး။ သင်္ချာဆိုင်ရာ၊ ပုံတွေဘာတွေနဲ့ သေချာရှင်းပြမှ ကောင်းကောင်း သဘောပေါက်နိုင်မှာမို့ တက္ကသိုလ်ကြယ်ပွင့် ရေးတဲ့ ဆူပါကြိုးမျင်လေးသီအိုရီ စတဲ့စာအုပ်လေးတွေကို ဖတ်ပါလို့ပဲအကြုံပြုချင်ပါတယ်။ နားမလည်တာရှိခဲ့ရင်တော့ကျွန်တော်ရဲ့ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။ ဒီပို့စ်ရဲ ရည်ရွယ်ချက်ကတော့ Buddha ဘာသာမှာ ပရလောက၊ နာနာဘာဝ နတ်ပြည် အစရှိတာတွေ ရှိနိုင်ကြောင်း သိပ္ပံအမြင်ကနေ တင်ပြပေးလိုရင်းဖြစ်ပါကြောင်။ လေးစားလျက်။

by Lotus Black on Monday, January 14, 2013 at 2:31am ·