ဆင်ခိုးမလေးဘုရား
အတုလမာရဇိန်စေတီတော်နှင့် ဆင်ခိုးမလေးဘုရား.....
ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်(၆)ဆူနှင့် ရုပ်ပွားတော်များ ကိန်းဝပ်စံပယ်တော်မူရာ မဟာသိမ်တော်ကြီးတည်ဆောက်မှု မှတ်တမ်း
ရှေးဟောင်းသမိုင်းမှတ်တမ်းအမှတ်အသားများအရဇီးကုန်းကလေးကျေးရွာနှင့်ရွာထိပ်ရှိမြို့လယ်ဘုန်းတော်ကြီးကျောင်းတို့သည်နတ်တလင်းမြို့မပေါ်ပေါက်မီ
ရှေးနှစ်ပေါင်းများစွာက တည်းကတည်ရှိခဲ့ပါသည်၊
တာပွန်မြို့လဲတောတိုက်နယ်တွင် ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်
နှစ်ပေါင်းတစ်ရာကျော်ခန့် ကုန်းဘောင်ခေတ်နှောင်းပိုင်း သီပေါမင်းလက်ထက်
နန်းတွင်းကချေသည် ဆင်ခိုးမလေးအမည်ဖြင့် ထင်ရှားခဲ့သော ဒေါ်မျှင်သည်
အသက်အရွယ်ကြီးရင့်ပြီး ရွာမရွာတွင် အခြေချနေထိုင်ခဲ့ရာမှ
မြို့လယ်ကျောင်းတိုက် ပရ၀ုဏ်အတွင်းတွင် ရင်ခွဲဇရပ်တစ်ဆောင်
ဆောက်လုပ်လှူဒါန်းခဲ့ပါသည်၊ နောက်ပိုင်းတွင် လဲတောတိုက်နယ်သူကြီး
ဦးရွှေပျော့ဦးဆောင်၍ သိမ်တော်တစ်လုံး သမုတ်မတည်ဆောက်လုပ်ခဲ့ပါသည်၊
သိမ်နံရံသုံးဘက်၌ ဗုဒ္ဓရုပ်ပွားတော်(၆)ဆူ တည်စေသည်တွင်
ဒေါ်ဆင်ခိုးမလေးသည်လည်း တစ်ဆူပါဝင်တည်ထားခဲ့ပါသည်၊ စစ်ဘေး၊ စစ်ဒဏ်၊ မီးဘေး၊
မီးဒဏ်တို့ကြောင့် သိမ်တော်သည်လည်း ပြိုကျပျက်စီးခဲ့ရပြီး
ရုပ်ပွားတော်များသည်လည်း ပျက်စီးခဲ့ရပါသည်၊
(ယင်းအခြေအနေနှင့် အချိန်ကာလကြာမြင့်ချိန်တွင် မြို့နယ်မယကဥက္ကဌ
ဦးသန်းထူးနိုင်လက်ထက်တွင် ရောင်တော်ဖွင့်လူငယ်အဖွဲ့၏ဆော်သြမှုဖြင့်
ဦးကျော်မင်း ဟန်+မမာတူး တို့မှ စေတီရွှေသင်္ကန်းကပ်လှူရန်
အစီအစဉ်ရှိခဲ့သဖြင့် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ဆရာတော်၏
ဒကါရင်းဖြစ်သူ ဦးသောကြာကြီး(ကွယ်)၊ ဦးသောင်းစိန်၊ ဦးမောင်ဦးတို့မှ
ဦးဆောင်၍ ရပ်ကွက်အတွင်းရှိလူငယ်များ၊ ရောင်တော်ဖွင့်လူငယ်များနှင့် အတူ
ခြုံနွယ်များရှင်းလင်းခြင်း၊ အသံချဲ့စက်တစ်လုံးဝယ်ယူ၍
ညောင်ပင်ကြီးအောက်တွင် အလှူခံ ဇရပ်ဆောက်လုပ် အလှူခံခဲ့ရာမှ တစစ
အလှူရှင်များပေါပေါက်လာကာ ဘုရားသာသနာ ရောင်ဝါ
ပြန်လည်ထွန်းလင်းလာခဲ့ခြင်းဖြစ်ခဲ့ပါသည်။ ယင်းအချိန်မှစ၍ ဘုရားပရ၀ုဏ်အတွင်း
ဥက္ကဌဦးသန်းထူးနိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ၀တ်အသင်းများ၊ ရပ်ကွက်
ဝတ်အသင်းများ မပြတ်ရွတ်ဖတ်၍ အဆောက်အဦများ
တိုးပွားတည်ဆောက်လာမှုရှိခဲ့သည်အထိ ဘုရားဘုန်းတန်းခိုး
တောက်ပလာချိန်ဖြစ်ပါသည်။ ယခုအပိုဒ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုလင်း ၏
ဖော်ပြမှုဖြစ်ပါသည်။)
ပျက်စီးယိုယွင်းနေသော ရုပ်ပွားတော်များအား ပြန်လည်ပြုပြင်တည်ထားကိုးကွယ်ရန်
ဆန္ဒပြင်းပြနေကြသော မြို့လယ်ကျောင်းတိုက်ဆရာတော် ဦးသုစိတ္တနှင့်
ပတ်ဝန်းကျင်ရှိ
ရပ်ကွက်သူ/သားများသည်၁၃၆၁ခုပြာသိုလတွင်စတင်ကြိုးပမ်းပြုပြင်ခဲ့ပါသည်။ဘုရားအကျိုးတော်ဆောင်အဖွဲ့၊
ဂေါပကအဖွဲ့တို့ကိုလည်းစနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ကြပါသည်၊ စိတ်စေတနာ
သဒ္ဒါတရားထက်သန်ကြကုန်သော အလှူရှင်များ၊ အများအပြားပေါ်ပေါက်လာခဲ့ရာ
ဘုရားဒါယိကာကြီး ဦးမြင့်အေး+ ဒေါ်အေးမြင့်၊ အောင် မေတ္တာစိန်ရွှေရတနာဆိုင်၊
မင်းလမ်း၊ နတ်တလင်းမြို့မှ ဦးဆောင်စီမံ၍ (၁၃၆၂)ခုနှစ်
နယုန်လဆန်း(၆)ရက်၊(၇.၆.၂၀၀၀)ဗုဒ္ဓဟူးနေ့ တွင်
သိမ်တော်ကြီးပန္တွက်တင်မင်္ဂလာစတင်ပြုလုပ်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် များအား
ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံခြင်း၊ သံကူကွန်ကရိသိမ်တော်ကြီး
အသစ်တည်ဆောက်ခြင်းတို့ကို မနေမနားကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်၊ အတုလမာရ
ဇိန်စေတီတော်ရင်ပြင်တွင် ကြွေပြားများခင်းခြင်း၊
ရင်ပြင်တော်တိုးချဲ့ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ ဆင်ခိုးမလေးဒေါ်မျှင်တည်ထားကိုးကွယ်ခဲ့သော
ဗုဒ္ဓရုပ်ပွားတော်မြတ်အပါအ၀င် ရုပ်ပွားတော်မြတ်(၆)ဆူကို
အသစ်ပြန်လည်ပြုပြင်ခြင်း၊ မဟာသိမ်တော်ကြီးကိုလည်း သံကူကွန်ကရစ်ဖြင့်
အခိုင်အခန့်တည်ဆောက်ပြီးဖြစ်၍ ၁၃၆၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊
၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၉)ရက်၊ ကြာသာပတေးနေ့တွင်
ဘုရားဒါယိကာ/ဒါယိကာမများစုပေါင်း၍
အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။
ဂေါပကအဖွဲ့
အတုလမာရဇိန်စေတီတော်မြတ်ကြီး
မြို့လယ်ကျောင်းတိုက်၊ နတ်တလင်းမြို့
``အတုလမာရဇိန်စေတီတော် ဗုဒ္ဓရုပ်ပွားတော်(၆)ဆူ ပြန်လည်ပြုပြင်မွမ်းမံသည့် အလှူရှင်များ``
၁။ဝိပသီမြတ်စွာဘုရား
မူလအလှူရှင် ဆင်ခိုးမလေးတည်ထားခဲ့သော ရုပ်ပွားတော်အား ဈေးသူ/သားများကောင်းမှုဖြင့် ပြန်လည်ပြုပြင်ခြင်း.......၁၁၀၀၀ ကျပ်
၂။သိခီမြတ်စွာဘုရား
ဈေးသူ/သားများ ကောင်းမူ၊ ......၃၇၀၀၀ ကျပ်
ဝိပသီမြတ်စွာဘုရား-သိခီမြတ်စွာဘုရား
ဈေးသူ/သားများ
ကောင်းမူဖြင့် ပြုပြင်ထားရှိသော ရုပ်ပွားတော်(၂)ဆူအား
(အောင်မေတ္တာ)စိန်ရွှေရတနာပိုင်ရှင် ဦးမြင့်အေး+ ဒေါ်အေးမြင့် မိသားစု၊
မင်းလမ်းမှ ထပ်မံပြုပြင်ခြင်း၊ ရောင်တော်ဖွင့်ခြင်း........၄၅၀၀၀ ကျပ်။
၃။ဝေဿဘူမြတ်စွာဘုရား
ဦးအုန်းသန်း(ခ)ကိုပေါက်စ+ဒေါ်မြင့်မြင့်ဌေး(သား)မောင်နိုင်မင်းသူ၊
မောင်ချစ်မင်းသူ၊ မိသားစု၊ တံခွန်တိုင်ကျေးရွာ၊
နတ်တလင်းမြို့........၅၉၀၀၀ ကျပ်
၎။ကကုသန်မြတ်စွာဘုရား
ဦးစိုးလေး+ဒေါ်တင်သိန်း(သမီး)မသိဂီင်္ကျော်(သား)မောင်ဇော်မင်းထွန်း(သမီး)မကေသီခိုင်
မိသားစု ကောင်းမူ၊ မြတ်ရတနာလမ်း............၇၅၀၀၀ ကျပ်
၅။ကောဏာဂုံမြတ်စွာဘုရား
ဦးတင်ရွှေ+ဒေါ်အေးမြင့်(သား)မောင်မိုးမြင့်ကျော်၊ မောင်ရဲဝင့်ကျော်(စိန်ရွှေရတနာဆိုင်)၊ အပြင်သာစည်လမ်း.......၇၅၀၀၀ ကျပ်
၆။ကဿပမြတ်စွာဘုရား
ဦးစိန်မောင်+ဒေါ်နုနုရီ(သမီး)မောင်မြတ်သူ+မအေးဝါ၀ါ၊(သမီး)မအေးမာလာ၊(သား)မောင်သက်နိုင်ဦး(မေတ္တာမွန်စတိုး)မိသားစုကောင်းမူ၊
မင်းလမ်း၊ ၇၅၀၀၀ ကျပ်
စုစုပေါင်း(၃၇၇၀၀၀)ကျပ်...တိတိ...
မြို့လယ်ကျောင်းဂေါပကအဖွဲ့မှတ်တမ်းအား အကျိုးဆောင်ဖော်ပြထားရှိခြင်း ဖြစ်ပါသည်....
ကိုလင်း(မယ်လိုဒီ)
မြို့လယ်ကျောင်းအတွင်းရှိ ရူပ၀တီသိုက် နန်းဆောင်ဖြစ်ပြီး ယင်းသိုက်နန်းအား
ဦးမြင့်အေး+ဒေါ်အေးမြင့်(အောင်မေတ္တာစိန်ရွှေရတနာဆိုင်)မင်းလမ်းမှ လှူဒါန်းဆောက်လုပ်ထားပြီး
နန်းထိန်းအဖြစ် နဂါးနီအောင်ကြီး(မင်းလမ်း)မှ ထိန်းသိမ်းထားရှိပါသည်.....
မဟာဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်တော်မူခန်းနှင့် မုဒြာ(၈)ဆူအား တည်ထားကိုးကွယ်ခြင်းမှတ်တမ်း
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ ဖီးကုန်းကလေးရပ်ကွက်၊
ဇီးကုန်းကလေးအပြင်လမ်း၊ မြို့လယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း
တည်ထားကိုးကွယ်သော အတုလမာရဇိန် စေတီတော်မြတ်ကြီး၏ မြောက်ဘက်အရပ်၌ တည်ရှိသော
မဟာဗောဓိပင်ရင်း၌ မဟာဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်တော်မူခန်း
ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်
ဥာဏ်တော်(၅)ပေ၊(၉)လက်မအားတည်ထားကိုးကွယ်ရန်စိတ်ရည်သန်လျှက်နတ်တလင်းမြို့၊စာတိုက်လမ်းနေကွယ်လွန်သူဦးတင်လှိုင်အားရည်စူး၍မိခင်ကြီး
ဒေါ်ခင်အုန်းမြင့်(သား) ကိုမင်းကျော်ရ+ မစန်းစန်းအေး
(တက်ခေတ်ရတနာရွှေဆိုင်)မိသားစုတို့မှ နိဗ္ဗာန်မင်္ဂဗိုလ်ကိုစိတ်ရည်သန်၍
စေတနာသုံးတန်ပြဌာန်းကာ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တစ်ဆူအား ၁၃၆၂ ခုနှစ်၊
ကဆုန်လဆန်း ၁၃ ရက်နေ့တွင် တည်ထားကိုးကွယ်ခဲ့ပြီး ၁၃၆၂ ခု
ကဆုန်လပြည့်နေ့တွင် မြို့လယ်ကျောင်းဆရာတော် ဦးသုစိတ္တအား အမှူးထား၍
ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ပါသည်။
မဟာဗောဓိပင်းရင်း၌ ဂြိုလ်တိုင်ဘုရားမုဒြာ(၈)ဆူအား
နေ့နံအလိုက်တည်ထားကိုးကွယ်ရန်အတွက် အလှူအမ(၈)ဦးတို့၏ လှူဒါန်းမှုအား
ဦးမြင့်အေး+ဒေါ်အေးမြင့် (အောင်မေတ္တာရွှေဆိုင်)မှ ဦးဆောင်ဦးရွက်ပြုလျှက်
အတုလမာရဇိန်စေတီတော်ဂေါပကအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ကာ
ဂြိုလ်တိုင်ပလ္လင်တော်အား ၁၃၆၂ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်နေ့တွင်
မန္တွက်တွင်မင်္ဂလာအခမ်းအနားဆောင်ရွက်ခဲ့ပြီး ဥာဏ်တော်(၂)ပေ၊ မုဒြာ(၈)ဆူအား
(၁၃၆၂ခုနှစ်၊ ၀ါဆိုလဆန်း ၁၄ ရက်နေ့တွင် မန္တလေးမြို့မှ ပင့်ဆောင်လာခဲ့ပါသည်။
၁၃၆၂ ခုနှစ်၊ ၀ါခေါင်လဆန်း(၈)ရက်နေ့တွင် မဟာဗောဓိပင်နှင့်
ရွှေပလ္လင်အောင်မြင်တော်မူခန်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးနှင့်
ဂြိုလ်တိုင်ဘုရား(၈)ဆူတို့အား လှူဒါန်းပူဇော်ခြင်း၊
ဗုဒ္ဓဘိသေကအနေကဇာတင်ရေစက်ချမင်္ဂလာအခမ်းအနားအား
မြို့လယ်ဘုန်းတော်ကြီးကျောင်းဝင်းယာယီတန်ဆောင်း၌ စည်းကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်ခဲ့ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
အတုလမာရဇိန် စေတီတော်
ဂေါပကအဖွဲ့
``မဟာဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်တော်မူခန်း၊ ``
ဗုဒ္ဓရုပ်ပွားဆင်းတုတော်နှင့် မုဒြာ(၈)ဆူ အလှူရှင်များ
၁။မဟာဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်တော်မူခန်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်အလှူရှင်...
(ကွယ်လွန်သူ)ဦးတင်လှိုင်အားရည်စူး၍
ဒေါ်အုန်းမြင့်၊ (သား)ကိုမင်းကျော်ရ+မစန်းစန်းအေး (တက်ခေတ်ရတနာရွှေဆိုင်)
စာတိုက်လမ်း၊ နတ်တလင်းမြို့
၂။ဝရဒမုဒြာဘုရား(တနင်္ဂနွေ)အလှူရှင်
ကိုမင်းကျော်ရ+မစန်းစန်းအေး (တက်ခေတ်ရတနာရွှေဆိုင်) စာတိုက်လမ်း၊ နတ်တလင်းမြို့....၅၆၀၀၀ ကျပ်၊
၃။သယဟိတမုဒြာဘုရား(တနင်္လာ)အလှူရှင်
ဦးကြည်ဝင်း(စာတိုက်ဦးစီးမှူး)ဒေါ်မြင့်မြင့်စန်းမိသားစု၊ စာတိုက်လမ်း၊ နတ်တလင်းမြို့.....၅၆၀၀၀ ကျပ်။
၎။မဟာဂရုဏမုဒြာဘုရား(အင်္ဂါ)အလှူရှင်
(ဦးထိုင်မွန်)ဒေါ်ထားထားမြင့်၊ ကျားမုန့်တိုက်၊ မင်းလမ်း၊ နတ်တလင်းမြို့....၅၆၀၀၀ ကျပ်။
၅။ဓမ္မစက္ကမုဒြာဘုရား(ဗုဒ္ဓဟူး)အလှူရှင်
ကိုဝင်းမော်+မခင်သန်းဦးမိသားစု၊ အဝေရာလမ်း၊ ရန်ကုန်မြို့.....၅၆၀၀၀ ကျပ်၊
၆။အဘယမုဒြာဘုရား (စနေ)အလှူရှင်
ကိုတင်အောင်+မခင်သန်းဌေးမိသားစု၊ ဗိုလ်ရုံလမ်း၊ နတ်တလင်းမြို့....၅၆၀၀၀ ကျပ်၊
၇။ဒါနမုဒြာဘုရား (ကြာသာပတေး)အလှူရှင်
မောင်မြတ်သူ+မအေးအေးဝါ၊ မေတ္တာမွန်ရွှေငွေရတနာဆိုင်မိသားစု၊ မင်းလမ်း၊ နတ်တလင်းမြို့....၅၆၀၀၀ ကျပ်၊
၈။ဘူမိဖဿမုဒြာဘုရား(ရာဟု)အလှူရှင်
ကိုခင်မောင်ချို+မအေးအေးမြင့်မိသားစု၊ မြနန္ဒာ၊ မင်းလမ်း၊ နတ်တလင်းမြို့....၅၆၀၀၀ ကျပ်။
၉။ပါဠိဟာရိယမုဒြာဘုရား(သောကြာ)အလှူရှင်
ဦးကျော်အုန်း+ဒေါ်တင်ကြည်(သမီး)မရီရီဝင်းမိသားစု၊ ဇီးကုန်းကလေးအပြင်လမ်း၊ နတ်တလင်းမြို့...၅၆၀၀၀ ကျပ်၊
၁၀။နတ်မင်းကြီး အလှူရှင်
ကိုရဲထွဋ်ဦး+မမြတ်မြတ်သူ ၊မင်းလမ်းတို့မှ လှူဒါန်းထားခြင်းဖြစ်ပါသည်.......၁၅၀၀၀ ကျပ်၊
စုစုပေါင်း(၄၆၃၀၀၀)ကျပ်၊
အကျိုးဆောင်ဖော်ပြသူ.....
ကိုလင်း(မယ်လိုဒီ)
ဦးမြင့်လွင်+ဒေါ်သိန်းကြည်(မြင့်ရာဇာဆေးဆိုင်)မိသားစုမှ လှူဒါန်းထားသည့် မုဒ်ဦးပါ.....(ပြည်ပရောက် ကိုကျော်နိုင်လွင်အတွက်...သာဓုအနုမောဒနာ ပွားနိုင်ရန် လည်းရည်ရွယ်ပါသည်...)
မနက်အာရုံဆွမ်းခံမကြွခင်မေတ္တာပို့ ရွတ်ဆိုရန် ရှင်သာမဏေ၊ ရဟန်းများ စနစ်တကျ တန်းစီနေပုံပါ...အာရုံဆွမ်းခံရှင်သာမဏေအားလုံးစုံသည်နှင့်
(နမောငါးချက် စီးပွားတက် ဂါထာ)
နမော တဿ...နမော ဘဂ၀တော.....နမော အရဟတော....နမော သမ္မာသမ္ဗုဒ္ဓဿ.....
(မေတ္တာပို့)
လုံးစုံများစွာ သတ္တ၀ါ ... ချမ်းသာကိုယ်စိတ် မြဲပါစေ....ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ....
(ဆွမ်းခံကျင့်ဝတ်-၃-ချက်)
သင်္ကန်းသပ္ပယ် သပိတ်လွယ် တင့်တယ်ရှုမခန်း...မိမိရှေ့သည် ကျောကုန်းသည် မိမိသွားရာလမ်း....လေးတောင်ခန်းမျှ ကြည့်၍သာ မေတ္တာပို့၍လှမ်း....)
ဟုရွတ်ဆိုပြီး စနစ်တကျ တန်းစီထွက်ခွာသွားရပါသည်...မြင်သူကြားသူအပေါင်း နှလုံးကြည်နှုးရှုမောဖွယ်ရှိလှပါသည်....
(ဒုလ္လဘရဟန်းဝတ်မည့်သူများ လေ့လာနိုင်ရန် အဆင်သင့်ဖော်ပြပေးခြင်းဖြစ်ပါသည်)
နေ့စဉ်ဝတ္တရားမပျက် ကပ်လှူသည့် (အာရုံဆွမ်း)သစ္စာလက်ဘက်ရည်ဆိုင်မှ လက်ဘက်ရည်နှင့်မုန့်၊ ထမင်းကြော်၊ ဦးပေသီးဆိုင်မှ လက်ဘက်ရည်၊ ဦးဝင်းမောင်ဆိုင်မှ ဆရာတော်အတွက်မုံ့ကျွတ်ခေါက်ဆွဲ၊ စပယ်ဦးဆိုင်(ယခင်တော်ဝင်)မှ
လက်ဘက်ရည်တို့အား နေပူပူမိုးရွာရွာ ကျောင်းအတွက် ယူဆောင်ပြီး
ကျောင်းဝေယျာဝစ္စများ ကုသိုလ်ယူဆောင်ရွက်နေသည့် ဦးပင့်ကြိမ်(မင်းလမ်း)ကြီးပုံ အမှတ်တ၇ပါ....
2004 ခုနှစ်က ကိုမြတ်သူ+မအေးဝါ၀ါ မိသားစု (မေတ္တာမွန်)မှ လှူဒါန်းထားသော မြို့လယ်ကျောင်းအတွင်းရှိ အေးမြတ်ရွှေစင် ရေချမ်းစင် ဖြစ်ပါသည်.....
မြို့လယ်ကျောင်းအတွင်း ပထမဆုံးဆောက်လုပ်ခဲ့သော ဆွမ်းစားဆောင်ဓမ္မာရုံကြီးဖြစ်ပါတယ်...
ဝါတွင်းကာလအတွင်း
ကျောင်းထိုင်ဆရာတော်မှ နံနက်(၇)နာရီတွင် ဤကဲ့သို့တစ်ကြိမ်၊
တိုက်အုပ်ဆရာတော်မှ နံနက်(၈)နာရီခွဲတွင် တစ်ကြိမ် သီလတရားပေးပါသည်....
(သီလယူလိုသူများအတွက် နှိုးဆော်ခြင်းဖြစ်ပါသည်)
မွန်တည့်ဆွမ်းဘုန်းမပေးမှီ
တုံးခေါက်၍ ရှင်သာမဏေ၊ ရဟန်းများ စနစ်တကျ တန်းစီပြီး ဆွမ်းစားဆောင်
ဝင်စဉ်...(အလှူရှင်များ သဒ္ဒါတရားထက်သန်စွာ
စိတ်ကြည်နှုးမှုပီတိရစေတဲ့မြင်ကွင်းလေးပါ....)
မွန်းတည့်ဆွမ်း ဘုန်းပေးနေပုံပါ... ပထမဆုံးအသစ်တည်ဆောက်ခဲ့သည့် ဆွမ်းစားဓမ္မာရုံကြီးဖြစ်ပြီး ဆွမ်းဘုန်းမပေးမှီ....
(ဤသည့်စားဖွယ်...အမယ်မယ်ကို မြူးရယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး...လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင်တည်လျှက်
အသက်မျှတမ်း မမောပမ်းငြား ဘုရားသာသနာ ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ
ဝေဒနာဟောင်းသစ် မဖြစ်စေရ ယာပိုက်မျှလျစ် ခပ်သိမ်းပြစ်ကို မဖြစ်စေအောင်
ချမ်းမြေ့အောင်ဟု သုံးစွဲမှီဝဲပါသတည်း...)
ယင်းကဲ့သို့ ဆင်ခြင်ရွတ်ဆိုပြီးမှ ဆွမ်းဘုန်းပေးခြင်းဖြစ်ပါသည်...ဒုလ္လဘ၀တ်မည့်သူများအတွက် လေ့လာနိုင်ရန် ဖော်ပြပေးခြင်းဖြစ်ပါသည်....
နေ့လည် ဘက်တရားထိုင်ဖြစ်သောအနေအထားပါ....နေ့လည်(၂)နာရီမှ(၃)နာရီအထိ ပုံမှန်တရားထိုင်လေ့ရှိပါသည်....
နေ့လည် ၃ နာရီ တရားထိုင်အပြီး အလှူရှင်များအအေးကပ်လှူနေခြင်းဖြစ်ပါသည်....ကျောင်းရှိ ရဟန်းသံဃာများ၊ ဒုလ္လဘရဟန်းများ၊ စာသင်သား ရှင်သာမဏေများ (၆၂)ပါးနီးပါး တရားထိုင်ကြပါသည်......
ကွယ်လွန်သူ ကိုဝင်းဗိုလ်အားရည်စူး၍ ဦးဝင်းမောင်နှင့် ညီအစ်ကိုမောင်နှမများ(ဈေးလမ်း)မှ လှူဒါန်းထားသည့် မြို့လယ်ကျောင်းအတွင်းရှိ ရေသန့်စင်စက်ပါ ရေချမ်းစင်ဖြစ်ပါသည်.....
ကျောင်းထိုင်ဆရာတော်သီတင်းသုံးနေထိုင်သည့် ဓမ္မဘာဝီကျောင်းဆောင်ပါ.....
မြို့လယ်ကျောင်းအတွင်းရှိ ဓမ္မဓာရီနှစ်ထပ်စာသင်သားများနေသောအဆောင်ပါ..
စာသင်သားရှင်သာမဏေများ သီတင်းသုံးနေထိုင်သည့် (ဓမ္မဓာရီ)နှစ်ထပ် အာစီတိုက်ဆောင်အား ဒုလ္လဘရဟန်းများ သန့်ရှင်းရေးလုပ်အားဒါနပြုနေခြင်းဖြစ်ပါသည်.....
မြို့လယ်ပရိယတ္တိစာသင်တိုက် အတွင်းရှိ ဓမ္မကာရီ အမည်ရှိ (မူလမြို့လယ်ကျောင်းဟောင်း)အား အလှူရှင် ရန်ကုန်မြို့နေ ဦးသုတသန့်ဇင်+ ဒေါ်သန္တာအေးသိုက်၊ သမီး မသဉ္ဖာဝတ်ရည်၊ မက္ကူန္ဒြာဝတ်ရည်၊ ညီမ ဒေါက်တာဒေါ်မာလာအေး(အင်္ဂလန်)၊ ဦးမျိုးအောင်+ဒေါ်သန်းသန်းဝင်း မိသားစု၊ ဦးအေးသွင်၊ ဦးသိုက်ထွန်းအေး၊ ဦးမြတ်ကျော်+ ဒေါ်အေးအေးမော်မိသားစု၊ ဦးကျော်စိန်+ဒေါ်ဝင်းမာအေးမိသားစု၊ ဗိုလ်မှူးကြည်ရွှင်+ဒေါ်နီလာအေးမိသားစု၊ ဦးမောင်မောင်အောင်+ဒေါ်ချိုချိုအေးမိသားစုတို့မှ မူလကျောင်းဆောင်ဟောင်းအားခြုံငုံ၍ အသစ်ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးသဖြင့် သံဃာတော်အရှင်သူမြတ်တို့အားဆွမ်းအစရှိသော ဒါတဗ္ဗ၀တ္တုအစုစုတို့ကို နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းမှုရေစက်ချတရားပွဲအား ၂၂.၄.၂၀၁၂ ရက်နေ့မနက် ၉ နာရီတွင် အဆိုပါ မြို့လယ်ကျောင်းအတွင်းရှိကျောင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်းအား မှတ်တမ်းထားရှိကြောင်းနှင့် သာဓုအနုမောဓနာပွားနိုင်စေရန် အကျိုးဆောင်ဖော်ပြအပ်ပါသည်....

မူလကျောင်းဆောင်ဟောင်းအား အတွင်းတွင် မူလမပျက် ထားရှိပြီး အသစ်ပြန်လည် တည်ဆောက်နေသော နှစ်ထပ်အာစီကျောင်းဆောင်(ဓမ္မကာရီ)အား ကိုယ်တော်(ကိုလင်း)ပါ ဒုလ္လဘရဟန်းများ ပန်းရံလုပ်အားပေး ကုသိုလ်ယူနေခြင်းဖြစ်ပါသည်...များသောအားဖြင့် ကျောင်းထိုင်ဆရာတော်ဦးစီးပြီး ဒုလ္လဘရဟန်းများ၊ စာသင်သားရှင်သာမဏေများဖြင့်သာ ကုသိုလ်ယူတည်ဆောက်နေတာများပါသည်...
မြို့လယ်ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်နှင့် ဒုလ္လဘရဟန်းများ စာသင်သားရှင်သာမဏေများ ပန်းရံလုပ်အားပေး ကုသိုလ်ယူနေတာ ဖြစ်ပါသည်.....
ညစဉ် ၇ နာရီတွင် ဒုလ္လဘရဟန်းများနှင့် စာသင်သံဃာအားလုံး ဘုရားဝတ်ပြု တရားထိုင်ပါသည်....
မြို့လယ်ကျောင်းအတွင်းဆောက်လုပ်နေဆဲဖြစ်သော ဓမ္မစာရီ နှစ်ထပ် RC ပင်မကျောင်းဆောင်ကြီးပါ....
အကျိုးဆောင်မှတ်တမ်းဖော်ပြသူ....
ကိုလင်း(မယ်လိုဒီ)