Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets
Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

SMART AQUA သောက်ရေသန့်




SMART AQUA သောက်ရေသန့်၏ ကြော်ငြာ


နတ်တလင်းမြို့၊ ရန်ကုန်ပြည်လမ်းရှိ SMART AQUA သောက်ရေသန့်စက်ရုံ


2012 သင်္ကြန် မဟာရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် SMART AQUA သောက်ရေသန့်ကြော်ငြာ အမှတ်တရ


SMART AQUA သောက်ရေသန့်စက်ရုံ ရေဗူးလှယ်နေစဉ်


SMART AQUA သောက်ရေသန့်စက်ရုံ ရေလှောင်ကန်စက်များ


SMART AQUA သောက်ရေသန့်စက်ရုံ ရေသန့်ဗူးများ သန့်စင်ပြီး ရေဖြည့်တင်းမှူ


SMART AQUA သောက်ရေသန့်စက်ရုံ မှ ၀န်ထမ်းတစ်ဦး အရည်အသွေးစစ်ဆေးနေပုံ


ရေဖြည့်ခန်း


ထုပ်ပိုးခန်း


ဖြန့်ဝေမှု


ဖြန့်ဝေမှု

SMART AQUA သောက်ရေသန့်
နတ်တလင်းမြို့တွင်ထုတ်လုပ်ထားရှိသော SMART AQUA သောက်ရေသန့်ဖြစ်ပြီး အများပြည်သူသုံးစွဲနိုင်ရန်အတွက် 20 လီတာဝင်ဗူးကြီးတစ်ဗူးလျှင်
ဗူးခွံပေါင်ပေးစရာမလိုဘဲ အိမ်တိုင်ယာရောက် ၄၀၀ ကျပ်နှုန်းဖြင့် မြနန္ဒာမိသားစု၊ ရန်ကုန်ပြည်လမ်း၊ (ဖုန်း-05336405)မှ လိုက်လံဖြန့်ဖြူးပေးလျှက်ရှိပါသည်....
အဆင့်မြင့်ရေသန့်စင်စက်ရုံတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဂျာမဏီနိုင်ငံလုပ်စက်ကြီးဖြင့် ထုတ်လုပ်ဖြန့်ချီခြင်းဖြစ်ပြီး နတ်တလင်းမြို့နေပြည်သူလူထု
ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေး ရည်ရွယ်လျှက် အခြားမြို့နယ်များထက် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိရာ နတ်တလင်းမြို့နယ်၏ စက်မှုထုတ်ကုန်အမယ်တစ်ခုအားအများပြည်သူ သိရှိနိုင်ရေးနှင့် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေး အကျိုးဆောင်ဖော်ပြပေးခြင်းဖြစ်ပါသည်....


>>>ဆက်ဖတ်ရန်>>> >>

ကုန်းသာ ရေအိုးလုပ်ငန်း

သဲရေအိုးလုပ်ငန်း
ကုန်းသာကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦး တာပွန်သို့ဖောက်သည်သွားရောက်ပို့ဆောင်စဉ် (ကြို့လေးပင်ရွာ)
ကုန်းသာရွာထိပ်ရှိ ဈေးတန်းတွင်
ကုန်းသာကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများ နတ်တလင်းမြို့သို့ ဖောက်သည်သွားရောက်ပို့ဆောင်စဉ်(ပွတ်စုကျေးရွာအလွန်)
နွယ်ခွေရွာတွင်
လဲတောရွာအလွန်
နတ်တလင်းမြို့ ဗိုလ်ရုံလမ်းရှိ အိုးဆိုင်တစ်ဆိုင်
နတ်တလင်းမြို့ ဈေးလမ်းရှိ အိုးဆိုင်တစ်ဆိုင်



>>>ဆက်ဖတ်ရန်>>> >>

ကျေးလက်ခမောက်လုပ်ငန်း

ကျေးလက်ရိုးရာ ၀ါးခမောက်လုပ်ငန်းလေးပါ....နတ်တလင်းမြို့နယ်၊ဥသျှစ်ကုန်းကျေးရွာမှာလယ်ယာလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ပေမယ့်အားတဲ့အချိန်လေးတွေမှာကျေးလက်ရိုးရာဝါးခမောက်လေးတွေ လုပ်ကိုင်ရင်း ၀င်ငွေအပိုရစေတာမို့ ကိုယ့်မြို့ကိုယ့်ရွာမှာ ရှိနေတဲ့ မိသားစုတစ်ပိုင်တစ်နိုင်လက်ခစားလုပ်ငန်းလေးဆိုပေမယ့်ရွာလုံးကျွတ် နီးပါး လုပ်ကိုင်နေကြတာမို့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအသွင်မြေတောင်မြောက်ပေးနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာစေချင်တဲ့ အတွက်ရယ် ...ကိုယ့်မြို့ ကိုယ့်ရွာမှာဒီလိုဝါးခမောက်လုပ်ငန်းလေးရှိနေတာ သိစေချင်တဲ့အတွက် ရယ်တင်ပြပေးရခြင်းဖြစ်ပါတယ်... 
ို့ပါဓာတ်ပုံရှင်များဖြစ်ကြသော မ၀င်းဝင်းနွယ်၊မနွဲ့ရီဝင်း၊မခင်မိုးဝေနှင့်မဇင်မာဝင်းတို့ညီအစ်မ(၄)ဦး(တစ်ဦးဓာတ်ပုံတွင်မပါ)အနေဖြင့် (၁၀)တန်း အထိကျောင်းပညာနေခဲ့ကြပြီး ကျေးရွာဓလေ့ ရှေးရိုးအတိုင်း မိဘများဆန္ဒ၊သားသမီးများဆန္ဒအရကျောင်းမှထွက်ခဲ့ကြပြီး မိဘလက်ငုတ်လက်ရင်း လယ်လုပ်ငန်း လုပ်ကိုင်ခဲ့ပေမယ့် စီးပွားရေး အသင့်အတင့် အဆင်ပြေသော မိသားစု ဖြစ်ပါတယ်....ယင်းညီအစ်မ(၄)ဦးအနေဖြင့် မိဘများနှင့်အတူ တောင်သူဘ၀ကို အရိုးစွဲလုပ်ကိုင် နေကြပေမယ့် အားလပ်သည့်အချိန်များတွင် ရိုးရာခမောက်များ ပြုလုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိလျှက်ရှိပါတယ်....
ဝါးခမောက်များပြုလုပ်ခြင်းနှင့် စပ်လျှဉ်း၍ မေးမြန်းရာတွင် ၎င်းတို့နေထိုင်ရာ ဥသျှစ်ကုန်းရွာတွင် အိမ်ခြေ(၁၀၀)ကျော်ခန့်ရှိတဲ့အနက် အိမ်ခြေ (၈၀)ခန့်က တောင်သူမိသားစုဝင်တွေဟာ အဆိုပါ ၀ါးခမောက်လုပ်ငန်းအား လုပ်ကိုင်ကြရာတွင် ၁။အဖူးလုပ်ခ တစ်ခုလျှင်(၃၅)ကျပ်၊ ၂။အဖူး ချုပ်ခတစ်ခုလျှင်(၃၅)ကျပ်၊ ၃။ဘေးဖတ်ဝင်တစ်ခုလျှင်(၃၅)ကျပ်၊ ၄။နဖူးဆေးတံကပ်တစ်ခုလျှင်(၁၅)ကျပ်၊ ၅။ ကြာဖူးပိတ်တစ်ခုလျှင်(၁၀)ကျပ်၊ ၆။အရွက်စပ်တစ်ခုလျှင်(၁၀)ကျပ်၊ ၇။အရွက်ကွပ်(ကြိမ်ကွပ်)တစ်ခုလျှင်(၃၅)ကျပ်၊ ၈။အရွက်လုံးတံတင်တစ်ခုလျှင်(၁၀)ကျပ်၊ ၉။အရွက်အုံ တွဲတစ်ခု လျှင်(၁၅)ကျပ်၊ ၁၀။အရွက်ဖောက်နှီးခွေတတ်တစ်ခုလျှင်(၅)ကျပ်၊ ရရှိကြောင်း၊ လက်ခအငှားလုပ်ကိုင်သူများအနေဖြင့် ယင်းလုပ်ငန်း၊ တစ်ခုချင်းစီ အလိုက် အပ်ထည်များပေးပြီး လုပ်ကိုင်ကြသဖြင့် ၀င်ငွေများရရှိကြောင်း သိရပါတယ်.....
၎င်းတို့ညီအစ်မ(၄)ဦးမှာ လက်ခစားမဟုတ်ဘဲ ကိုယ်ပိုင်အရင်းအနှီးဖြင့် လုပ်ကိုင်ကြခြင်းဖြစ်၍ ၀ါးခမောက်တစ်လုံးတွင် အမြတ်ငွေ (၁၂၀)ကျပ်ခန့်ရရှိသည့် အပြင် လက်ခစားများအားပေးရသည့် အဖိုးအခပါရရှိကြောင်း၊ ၎င်းတို့အနေဖြင့် ကိုယ်ပိုင်လုပ်ကိုင်ရသည့်အတွက် ၁။ဝါးရွက် ၂။ ကြိမ်၊ ၃။နှီးဝါး၊ ၄။ဖယောင်း၊ ၅။ချည်ဖြူ/ချည်စိမ်း၊ ၆။ထိပ်ဖူး၊ သံဗူး၊ ၇။ပလပ်စတစ်ကြိုးခွေ၊ ၈။အပ်ကြီး/အပ်သေး၊ ၉။ခမောက်လှီးဒါး၊ တို့ကို ၀ယ်ယူရကြောင်း၊ ၀ါးရွက်(၁၀၀)လျှင် (၅၀၀ိ/-)ကျပ်ဈေးပေးရပြီး ၀ါးရွက်(၆၀၀)တွင် ခမောက်အလုံးရေ(၁၀၀၀)နီးပါး ရရှိကြောင်း၊ ၎င်းတို့ ညီအစ်မလေးဦးအနေဖြင့် လက်ခစားမဟုတ်ဘဲ သေသေသပ်သပ် ပြုလုပ်ခြင်းကြောင့် တစ်ဦးလျှင် (၁)ရက် ၀ါးခမောက်(၃/၄)လုံးခန့်သာ ပြီးစီးကြောင်း၊ လက်ခစားလုပ်ကိုင်သူများမှ ပိုမိမြန်ဆန်သဖြင့် အလုံးရေ ပိုမိုပြီးစီးကြောင်း၊ ခမောက်အပ်ထည်များရှိသလောက် ရွာအနေဖြင့် လုပ်ကိုင်နိုင်ကြောင်း၊ ရွာအနေဖြင့် လက်ခစားလုပ်ကိုင်သူများပြားသည့်အတွက် အပ်ထည်များရှိပါကလည်း အမြန်ပြီးစီးအောင် လုပ်ကိုင်နိုင်ကြကြောင်းနှင့် ပြုလုပ်ပြီး ၀ါးခမောက်များအား တာပွန်၊ နတ်တလင်းမြို့နှင့် ဇီးကုန်းမြို့တို့ရှိ ဖောက်သည်ဆိုင်များအား တင်ပို့ပေးရကြောင်းနှင့် ယင်းဆိုင်များမှလည်း လိုအပ်ချက်ရှိရင်ရှိသလို မှာယူခြင်းများရှိကြောင်းတို့အားအများသူငှာသိရှိနိုင်ရေးကိုယ့်မြို့ကိုယ့်ရွာက၀ါးခမောက်လုပ်ငန်းတစ်ခုအားအကျိုး ဆောင် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်......
ဥသျှစ်ကုန်းကျေးရွာရှိ မိသားစု ညီအမများ ခမောက်ချုပ်နေပုံ
တာပွန်ရှိ ခမောက်ဆိုင် တစ်ဆိုင်
တာပွန် ခမောက်ဆိုင်
နတ်တလင်းဈေးအတွင်းရှိ ခမောက်ဆိုင်
ကိုယ့်မြို့ကိုယ့်ရွာက ရိုးရာခမောက်လုပ်ငန်းလေး လုပ်ကိုင်နေတဲ့ ကျေးရွာအကြောင်းကို သိရှိစေဖို့ရည်ရွယ်လျှက်......
>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး