တနေ့သ၌ တော့ကတွတ်ပီနဲ့ ဗိုက်ကလေးတို့နှစ်ဦး နေ့လည်ထမင်းစားပြီး သကာလ ....
အပျင်းတော်ထူလို့ အိပ်ယာပြင်မယ်ဆိုရင်ဘဲ ... ဇနီးသည် မသေးမျှင်ရဲ့
ဆည်းလည်းတော်သံနဲ့ နားဝမှာ မခံသာလိုက်ပုံက ....
တော့ကတွတ်ပီ ... ပျင်းပျင်းရှိအိပ်ဖို့ဘဲလုပ်နေ ... တောထဲအမဲလိုက်မရသေးလဲ ဖွဘုတ်ပေါ်တက်ပြီး သတင်းလေးဘာလေး ထဖတ်ကြည့်ပါအုံးလား ဘာတွေထူးလဲလို့ .... တိုးတက်နေအုံးမယ် ... အားအားရှိ.. အိပ်နေ ... တောထဲကကိုထွက်ရမှာ မဟုတ်ဘူး .......(ဟိ .. မူပိုင်လည်း ညှိနေအုံးမယ် ..... အပျော်နော် ဆြာတွတ်...အနော်ကြောက်လို့)
အဲလို...မသေးမျှင် အသံထွက်လာတယ်ဆိုရင်ဘဲ ...ကတွတ်ပီ ပြန်ပြောလိုက်ပုံက ... ဟဲ့မသေးမျှင် နင်မသိဘဲ ရမ်းမပြောနဲ့ ... မနက်ကဘဲ ဗိုက်ကလေးနဲ့ငါ မကျီးရွက်တက်ခူးရင်း ကြည့်ပြီးပြီ ........
ဖွဘုတ်သတင်းက ထွက်လာသမျှ အတင်းအဖျင်းတွေ မကျေနပ်ချက်တွေ ... မနာလိုချက်တွေ ... လုပ်ဆောင်ချက်တွေ နင့်အကုန်သာပြန်ပြောနေရရင် ငါတို့ ထမင်းမချက်နိုင်ဖြစ်တာဘဲ အဖတ်တင်မယ်ဆိုဘဲ .....
ဘာတွေများဖြစ်နေကြလို့တုန်းတော်
..... ပြောချင်ပါဘူးဟာ ... လူတွေများ ဒီမိုကရေစီသာလိုချင်နေတာ ....
ကောင်းတာလုပ်လည်း မချီးမွန်းရဲဘူး .... ငါ့လူမဟုတ်လို့တဲ့ ...
မကောင်းတာလုပ်တော့လည်း အပြစ်မဆိုရဲကြဘူး ....သူ့လူဖြစ်နေလို့တဲ့ ....
မပြောရဲလို့လည်း မမြင်ချင်ယောင်ဆောင်နေကြတယ် ....မမြင်လို့လည်း
မမြင်ချင်ယောင်ဆောင်နေကြတယ် .... ကောင်းတာလုပ်လို့
ချီးမွမ်းချင်ပြန်တော့လည်း ကိုယ့်လူမဟုတ်လို့ မမြင်ချင်ယောင်ဆောင်နေကြတယ်
.... အပြစ်လုပ်လို့ ထောက်ပြတော့လည်း ကိုယ့်လူဖြစ်နေလို့တဲ့
မမြင်ချင်ယောင်ဆောင်နေကြတယ်.....မခံချင်ကြတော့
ရန်တွေဖြစ်ကြတာဘဲ အဖတ်တင်တယ် ပြင်ကြပါဘူးဟာ.... မျက်လုံးတွေ
တစ်ဖက်မိတ်တွေရော စုံမိတ်တွေရော လက်ညိုးထိုး အပြစ်ပြောပြီး
ရန်ဖြစ်နေတာများပါတယ်ဟ.... ကောင်းတာလေးရမလားအပြုသဘော အကျိုးရှိတာလေး
နားထောင်ရမလား မှတ်တယ် .... ကိုယ့်အခွင့်အရေးချည်း လိုချင်နေကြတာဟ ....
သူများကိုလက်ညိုးထိုးပြီး ....ကိုယ့်လူကောင်းကြောင်းချည်း ထိုးတင်နေကြတာဟ မြောက်ပင့်ပြီး မမြင်ဟန်ဆောင်တဲ့သူတွေများနေတယ်ဟဲ့...ဒီမိုကရေစီသာ တောင်းနေကြတာ...တကယ်မမြင်တဲ့သူကလည်း မမြင်ဘူး .... မြင်တဲ့သူကလည်း မမြင်ချင်ယောင်ဆောင်တယ် ...
အဲလိုတွေ ဖြစ်နေတယ် သေးမျှင်းရေ ...ဆိုတော့ ....
မသေးမျှင်လည်း အင်း.........ဆို လင်လုပ်သူပြောတာလေး အထင်ကြီးသွားတဲ့ဟန်နဲ့ ...... သက်ပြင်းချပြီး ..... ဒီလိုဆိုတော်တို့ဟာ ဟိုပုံပြင်လိုဖြစ်နေတာပေါ့ .....လို့ ဆြာလုပ်ဖို့စကားဆက်လာတာသိတဲ့ ကတွတ်ပီက .. မဲ့ကာရွဲ့ကာနဲ့ဘဲ ... (ပြန်မပြောရဲတော့လည်း ...) ဘယ်ပုံပြင်လိုတုန်း သေးမျှင်ရ ... ရှင်းစမ်းပါအုံး (နားမထောင်ချင်လည်းမရဘူးဆိုတာသိနေတော့).... စကားဆက်လိုက်ရတယ် ဆိုရင်ဘဲ .....
ဒီလိုလေတော် ..... ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့ .... ဟိုးတုန်းကပါ ... အခုဟုတ်ဘူးနော် ..... ဘယ်တုန်းကလဲပြန်မမေးနဲ့ သိဘူး ..... အဲတုန်းက ဘုရင်ကြီးတစ်ပါးက နန်းတော်မှာ အစည်းအဝေးလုပ်တယ်တဲ့.... အဲမှာ မြောက်ပင့်ပေါင်းတဲ့ ပုဏ္ဍားတစ်ဦးကနေ ..... အရှင်မင်းကြီးဘုရား... ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် ကိုယ်ပျောက်တဲ့ ၀တ်လဲတော် ယက်လုပ်ပြီးယူလာတယ်ဆိုဘဲ ... ဘယ်လိုဝတ်လဲတော်လည်း မောင်မင်းရ ဆိုတော့ မှန်ပ့ဖျား..... ဒီဝတ်လဲတော်ဟာ ကိုယ်ပျောက်တဲ့ ၀တ်လဲတော်ပါဖျာ့ ... သိက္ခာသမာဓိရှိပြီး .... ဘုန်းကံရှိတဲ့ သူတွေမှ မြင်နိုင်စွမ်းရှိတယ် ၀တ်နိုင်စွမ်းရှိတယ် ... အကျင့်သိက္ခာသမာဓိမကောင်းသူတွေ ၀တ်ဖို့နေနေသာ မြင်နိုင်စွမ်းတောင်မရှိပါဘူးဖျာ့ လို့ဆိုပြီး လက်နှစ်ဖက်ကမ်းပြီး ဆက်သတဲ့ .... ဒီပုဏ္ဍားက ဒါနဲ့တင်လားဆိုတော့ မပြီးသေးပါဘူး ..... အရှင်မင်းကြီးဝတ်ကြည့်ပါအုံးဖျာ့လို့ဆိုသတဲ့
... မင်းကြီးလည်း ပုဏ္ဍားလက်ကမ်းပေးနေတဲ့ ၀တ်လဲတော်(ဘာမှမပါတာ)ကို သိသိနဲ့
မမြင်ဘူးဆိုရင်လည်း အကျင့်သိက္ခာမရှိလို့ ဘုန်းတန်ခိုးမရှိလို့ မမြင်ရတာပါ
ဆိုပြီး မူးကြီးမတ်ရာနဲ့ ပရိတ်သတ်က ထင်မှာစိုးတော့ သယ်
...မောင်မင်းဝတ်လဲတော်က တယ်ဟုတ်ပါလား ... ငါကိုယ်တော်နဲ့ထိုက်လို့ပေါ့ ...
အမတ်ကြီးများ .....
ဖျား ......
ကြည့်စမ်း ...ကြည့်စမ်း ..... ငါကိုယ်တော် ၀တ်လဲတော်ကို ကြည့်စမ်း ဘယ်လောက်အဆင်းရှိသလဲ ....ဆိုတော့ အမတ်ကြီးတွေလည်း မမြင်ဘူးဆိုရင် အကျင့်သိက္ခာသမာဓိမရှိလို့လို့ ထင်မှာစိုးတော့ တစ်ယောက်တစ်ယောက်ကြည့်ပြီး ... မှန်ပါ့ဖျား .... အရှင်မင်းကြီးနဲ့ထိုက်လို့ ၀တ်လဲတော်ကလည်း အဆင်းအင်္ဂါနဲ့ပြည့်စုံပြီး အရောင်းတဖိတ်ဖိတ်တောက်နေတာပါဆိုပြန်ရတာပေါ့
...... အဲတာနဲ့ဘဲ ဘုရင်ကြီးက ၀တ်လဲတော်လဲပြီး တိုင်းခန်းလှည့်တာပေါ့ .....
ခါးမှာ ဘာမှမပါဘဲ ၀တ်လဲတော်လဲလိုက်တော့ ကိုယ်ပျောက်နေတယ်ဖြစ်ပြန်တာပေါ့ ... ဘယ်သူမြင်လဲ ... ဘယ်သူမှမမြင်ဘူးပေါ့ ...... ကိုယ်ပျောက်နေတာမဟုတ်ပါဘူးဆိုရင် အကျင့်သိက္ခာသမာဓိမရှိသူဖြစ်နေကြမှာဆိုတော့ ... ဒီအတိုင်းတိုင်းခန်းလှည့်လာတာပေါ့ .... မျက်စိမမြင်သူတွေကလည်း အရှင်မင်းကြီး ကိုယ်ပျောက်ဝတ်လဲတော်ကြီးနဲ့ပေါ့
ဘေးကပြောတာကြားတဲ့အတိုင်း သူလည်း ၀တ်လဲတော်နဲ့ဘုရင်ကြီးကို မြင်ရတယ်
လုပ်ရတာပေါ့ ... မြင်တဲ့သူကျတော့လည်း ဒီလိုဘဲ မပြောရဲကြဘူး ....
ဝတ်လဲတော်ကြီးနဲ့ ဘုရင်းကြီးကိုယ်ပျောက်နေတာပေါ့ ... အဲတာနဲ့
လှည့်လာလိုက်တာ .... ကလေးလေးတွေဆော့နေတဲ့ နေရာလည်းရောက်ရော ....
ကလေးတစ်ယောက်က ရိုးသားတာကို စိတ်ဓာတ်ကဖြူစင်တော့ မြင်ရင်မြင်ရတဲ့အတိုင်း
အော်တာပေါ့ ... ဟယ်...ဒို့ဘုရင်ကြီး ကိုယ်လုံးတီးကြီးဟေ့
...ရှက်လဲရှက်ဘူးဆိုတော့ ...တခြားကလေးတွေပါ ၀ိုင်းအော်တော့တာပေါ့ ...
အဲကျမှာ ဘုရင်ကြီးလည်း ရှက်ပြီး ပြေးရတာပေါ့ .... မူးကြီးမတ်ရာနဲ့
မြင်တဲ့သူတွေအားလုံးက ၀ိုင်းညာနေကြတာ ကန်းတဲ့သူကမမြင်.... မြင်တဲ့သူက
မပြောရဲ ...မမြင်တဲ့သူကမပြော ...မြင်ပြန်လို့ပြောချင်ပြန်တော့လည်း
ကြောက်နေရတော့မပြောရဲပေါ့ .... အကုန်ကန်းကန်းနေတဲ့သူတွေရယ်
ကန်းချင်ယောင်ဆောင်နေတဲ့ အကန်းတွေကြောင့် ဒို့ဘုရင်ကြီး
ဒုက္ခရောက်ခဲ့ရတာပေါ့လို့ ဆိုပြီး သူဆိုလိုတဲ့ပုံပြင်ကိုပြောပြီး
ကျေနပ်သွားတဲ့ ဟန်နဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဟန်ပါပါ
သောက်ရင်း..............
ဟဲ... ဆြာပွ ...လိုဘဲနော် ..သူကြီး သေးမျှင် ..ဘူ့မှပြောဘူး ....
ကတွတ်ပီတို့ကို ဆြာလုပ်ကြည့်တာပါတဲ့ ....
......
ဘွာတေးနော်....
အိပ်မရလို့ ....
ဆြာပွ ..(မိုက်ကယ်လင်း)
တော့ကတွတ်ပီ ... ပျင်းပျင်းရှိအိပ်ဖို့ဘဲလုပ်နေ ... တောထဲအမဲလိုက်မရသေးလဲ ဖွဘုတ်ပေါ်တက်ပြီး သတင်းလေးဘာလေး ထဖတ်ကြည့်ပါအုံးလား ဘာတွေထူးလဲလို့ .... တိုးတက်နေအုံးမယ် ... အားအားရှိ.. အိပ်နေ ... တောထဲကကိုထွက်ရမှာ မဟုတ်ဘူး .......(ဟိ .. မူပိုင်လည်း ညှိနေအုံးမယ် ..... အပျော်နော် ဆြာတွတ်...အနော်ကြောက်လို့)
အဲလို...မသေးမျှင် အသံထွက်လာတယ်ဆိုရင်ဘဲ ...ကတွတ်ပီ ပြန်ပြောလိုက်ပုံက ... ဟဲ့မသေးမျှင် နင်မသိဘဲ ရမ်းမပြောနဲ့ ... မနက်ကဘဲ ဗိုက်ကလေးနဲ့ငါ မကျီးရွက်တက်ခူးရင်း ကြည့်ပြီးပြီ ........
ဖွဘုတ်သတင်းက ထွက်လာသမျှ အတင်းအဖျင်းတွေ မကျေနပ်ချက်တွေ ... မနာလိုချက်တွေ ... လုပ်ဆောင်ချက်တွေ နင့်အကုန်သာပြန်ပြောနေရရင် ငါတို့ ထမင်းမချက်နိုင်ဖြစ်တာဘဲ အဖတ်တင်မယ်ဆိုဘဲ .....
ဘာတွေများဖြစ်နေကြလို့တုန်းတော်
အဲလိုတွေ ဖြစ်နေတယ် သေးမျှင်းရေ ...ဆိုတော့ ....
မသေးမျှင်လည်း အင်း.........ဆို လင်လုပ်သူပြောတာလေး အထင်ကြီးသွားတဲ့ဟန်နဲ့ ...... သက်ပြင်းချပြီး ..... ဒီလိုဆိုတော်တို့ဟာ ဟိုပုံပြင်လိုဖြစ်နေတာပေါ့ .....လို့ ဆြာလုပ်ဖို့စကားဆက်လာတာသိတဲ့ ကတွတ်ပီက .. မဲ့ကာရွဲ့ကာနဲ့ဘဲ ... (ပြန်မပြောရဲတော့လည်း ...) ဘယ်ပုံပြင်လိုတုန်း သေးမျှင်ရ ... ရှင်းစမ်းပါအုံး (နားမထောင်ချင်လည်းမရဘူးဆိုတာသိ
ဒီလိုလေတော် ..... ဘုရင်ကြီးတစ်ပါးရှိတယ်တဲ့ .... ဟိုးတုန်းကပါ ... အခုဟုတ်ဘူးနော် ..... ဘယ်တုန်းကလဲပြန်မမေးနဲ့ သိဘူး ..... အဲတုန်းက ဘုရင်ကြီးတစ်ပါးက နန်းတော်မှာ အစည်းအဝေးလုပ်တယ်တဲ့.... အဲမှာ မြောက်ပင့်ပေါင်းတဲ့ ပုဏ္ဍားတစ်ဦးကနေ ..... အရှင်မင်းကြီးဘုရား... ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် ကိုယ်ပျောက်တဲ့ ၀တ်လဲတော် ယက်လုပ်ပြီးယူလာတယ်ဆိုဘဲ ... ဘယ်လိုဝတ်လဲတော်လည်း မောင်မင်းရ ဆိုတော့ မှန်ပ့ဖျား..... ဒီဝတ်လဲတော်ဟာ ကိုယ်ပျောက်တဲ့ ၀တ်လဲတော်ပါဖျာ့ ... သိက္ခာသမာဓိရှိပြီး .... ဘုန်းကံရှိတဲ့ သူတွေမှ မြင်နိုင်စွမ်းရှိတယ် ၀တ်နိုင်စွမ်းရှိတယ် ... အကျင့်သိက္ခာသမာဓိမကောင်းသူတွေ ၀တ်ဖို့နေနေသာ မြင်နိုင်စွမ်းတောင်မရှိပါဘူးဖျ
ဖျား ......
ကြည့်စမ်း ...ကြည့်စမ်း ..... ငါကိုယ်တော် ၀တ်လဲတော်ကို ကြည့်စမ်း ဘယ်လောက်အဆင်းရှိသလဲ ....ဆိုတော့ အမတ်ကြီးတွေလည်း မမြင်ဘူးဆိုရင် အကျင့်သိက္ခာသမာဓိမရှိလို့လို့ ထင်မှာစိုးတော့ တစ်ယောက်တစ်ယောက်ကြည့်ပြီး ... မှန်ပါ့ဖျား .... အရှင်မင်းကြီးနဲ့ထိုက်လို့ ၀တ်လဲတော်ကလည်း အဆင်းအင်္ဂါနဲ့ပြည့်စုံပြီး အရောင်းတဖိတ်ဖိတ်တောက်နေတာပါဆို
ဟဲ... ဆြာပွ ...လိုဘဲနော် ..သူကြီး သေးမျှင် ..ဘူ့မှပြောဘူး ....
ကတွတ်ပီတို့ကို ဆြာလုပ်ကြည့်တာပါတဲ့ ....
......
ဘွာတေးနော်....
အိပ်မရလို့ ....
ဆြာပွ ..(မိုက်ကယ်လင်း)