ဗီယက်နမ်ဆန်ကို မယှဉ်နိုင်၍ ဘင်္ဂလားဒေ့ရှ်ဆန် တင်ဒါမရ...
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့ဆန်တင်ပို့နိုင်ငံများသို့
ဆန်တင်ဒါခေါ်ယူခဲ့ကြောင်း၊ မြန်မာနိုင်ငံက ၂၅ မှတ် ဆန်တစ်တန်လျှင် US ဒေါ်လာ
၃၅၀ ၀န်းကျင်ဖြင့် တင်ပို့ရောင်းချရန် ဈေးနှုန်းညှိနှိုင်းခဲ့ကြောင်း၊
ဗီယက်နမ်နိုင်ငံက ၂၅ မှတ်တစ်တန်လျှင် ၃၁၀ ဖြင့် တင်ဒါရယူသွားနိုင်ပြီး
ဗီယက်နမ် ၂၅ မှတ်ဆန် က မြန်မာ ၂၅ မှတ်ဆန်ထက် အရည်အသွေးကောင်းမွန်ကြောင်း၊
ဗီယက်နမ်ဆန် ၂၅ မှတ်တစ်တန်လျှင် US ဒေါ်လာ ၃၁၀ ဈေးဖြင့်
ရောင်းချနိုင်ချိန်တွင် မြန်မာနိုင်ငံပြည်တွင်းဈေးကွက်၌
၂၅ မှတ်ဆန် ကီလို ၅၀ တစ်အိတ်လျှင် ၁၄၅၀၀ ကျပ်ဈေးပေါက်လျှက်ရှိပြီး
သယ်ယူပို့ဆောင်စရိတ်နှင့် အထွေထွေ စရိတ် များပေါင်းလျှင် မြန်မာ ၂၅ မှတ်ဆန်
တစ်တန်ပေါက်ဈေးမှု US ဒေါ်လာ ၃၃၅ မှ ၃၄၀ ၀န်းကျင် ခန့်ရှိနေကြောင်း
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းတာဝန်ရှိသူတစ်ဦးက THe Voice Weekly ၏ဆက် သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ကြောင်း မှတ်သားဖူးခဲ့ပါတယ် ....
No comments:
Post a Comment