မြန်မာ့ပဲမျိုးစုံ အဓိက ဈေးကွက်ကို ကနေဒါ ထိုးဖောက် ဦးဆောင် ...
ပဲမျိုးစုံ၏ ၇၀% ကျော်နှစ်စဉ် ၀ယ်ယူနေသော ကမ္ဘာ့ဈေးကွက်ကြီးတစ်ခုဖြစ်သည့်အိန္ဒိယ ပဲဈေးကွက် ၏ ဈေးကွက်ဝေစုအများဆုံးရရှိထားသည့်အဆင့်မှ ကနေဒါနိုင်ငံမှ ဈေးကွက်ထိုးဖောက်ယှဉ်ပြိုင် မှုများကြောင့် ဈေးကွက်ဝေစုအများဆုံးရရှိထားသည့်အဆင့်မှလျှော့ချသွားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထွန်းမှ ပြောကြားကြောင်း၊ .....
မြန်မာနိုင်ငံသည် အိန္ဒိယပဲဈေးကွက်၏ ဈေးကွက်ဝေစု ၄၀% ခန့်ကို
ရရှိထားခဲ့ပြီး ကနေဒါက ၂၇% သာရရှိခဲ့ကြောင်း၊ ၂၀၀၅ ခုနှစ်နောက်ပိုင်း
ကနေဒါမှာ တစ်စတစ်စ ထိုးဖောက်လာခဲ့ပြီး အိန္ဒိယ၏ ပဲဈေးကွက်၏ ၄၀%ကို
ရယူထားပြီး မြန်မာနိုင်ငံ၏ဈေးကွက်ဝေစုမှာ ၂၀% သာကျန် ရှိတော့ကြောင်း
ပြောကြားခဲ့သလို....
မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်များသည်ပြည်ပဈေးကွက်တွင် အရည်အသွေးကြောင့် ဈေးနှုန်းလျော့ နည်းလေ့ရှိကြောင်းနှင့်
ပဲပြည်ပတင်ပို့သည့် ကုမ္ပဏီတစ်ခုက အဖျင်းအမှော်ခဲများရော၍
တင်ပို့ခဲ့မှုကြောင့် တိုင်းပြည်၏ ပို့ကုန်ပုံရိပ်နှင့် ပဲတင်ပို့သူ
အသိုင်းအ၀ိုင်း ကိုထိခိုက်ခဲ့ရကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောကြားခဲ့ကြောင်း.....သြဂုတ်လ၇ရက်နေ့ကကျင်းပသည့် မြန်မာ့ပဲမျိုးစုံ၊
ပြောင်း၊ နှမ်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင်
ပြောကြားဆွေးနွေးသွားမှုအား 16.22.10 ရက်စွဲပါ The Voice ဂျာနယ်တွင်
ဖတ်ရသည့်အတွက် မှတ်ထားခြင်းဖြစ်ပါသည်.......
မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်များသည်ပြည်ပဈေးကွက်တွင် အရည်အသွေးကြောင့် ဈေးနှုန်းလျော့ နည်းလေ့ရှိကြောင
No comments:
Post a Comment