Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက် ရေး ကော်မတီဖွဲ့စည်း

နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်
ရေး ကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ၀င်/ထွက်သွားလာလျက်ရှိသော နိုင်ငံ ခြားသားများနှင့် ပတ်သက်၍ နိုင်ငံတော်၏လုံခြုံရေးကို ထိပါးမှုမရှိစေရေးအတွက် စိစစ်ကြပ်မတ်နိုင်ရန် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသတင်း ရရှိ သည်။

ယင်းကော်မတီသည် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာမူဝါဒများ ချမှတ်ရန်၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ် နိုင်ငံခြားသားများကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီနှင့် အောက်ခြေအဆင့် အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းပေးရန်နှင့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့် ကိုက်ညီသော ပြည်တွင်းဥပဒေနှင့်ညွှန်ကြားချက်များ ရေးဆွဲတင်ပြမှုတို့ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်းလည်းသိရသည်။

ယင်းကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရဲချုပ်နှင့် သတင်းတပ်ဖွဲ့ မှူးတို့ကိ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်ပြီး စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ဇွန်လအတွင်းက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Weekly Eleven News Journal
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ချက်

The Voice Weekly · 50,340 like this
about an hour ago ·
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
နိုင်ငံခြားရေး ၀န်ကြီးဌာန

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့ကို အဓိကထားကာ ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိပါသည်။
ထိုကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို တစ်တိုင်းပြည်လုံးအတွက် အချိန်ပြည့် လုပ်ဆောင်လျက်ရှိရာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးသော ဖြစ်ရပ်နှစ်ခု ရခိုင်ဒေသတွင် ပေါ်ပေါက်ခဲ့ပါသည်။

ပထမတစ်ခုမှာ ရခိုင်ဒေသအတွင်း မေလ ၂၈ ရက်တွင် မိန်းကလေးတစ်ဦးအား လူငယ်သုံးဦးမှ လုယက် မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြစ်ပြီး နောက်ဆက်တွဲအမှုမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ကားပေါ်မှ ခရီးသည် ဆယ်ဦးအား သတ်ဖြတ်ခဲ့ခြင်း တို့ဖြစ်ပါသည်။ ပထမဖြစ်ရပ်တွင် သေဆုံးရသူမှာဗုဒ္ဓဘာသာဝင် ရခိုင်မိန်းကလေးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးရသူများမှာ မူဆလင်ဘာသာဝင် အမျိုးသားများဖြစ်ကြပါသည်။

ထိုဖြစ်ရပ်နှစ်ခုမှ အစပြု၍ ရခိုင်ဒေသ စစ်တွေ၊ မောင်းတော နှင့်  ဘူးသီးတောင် မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါသည်။ ဆူပူအကြမ်းဖက်သူများက အိမ်များ၊ ဆိုင်များ၊ တည်းခိုခန်းများကို မီးတင်ရှို့ခြင်း၊ လူသတ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ အကြမ်းဖက်မှုများကြောင့် နှစ်ဦး နှစ်ဘက်စလုံးနစ်နာထိခိုက်ခဲ့ပြီး စုစုပေါင်း လူ ၇၇ ဦးသေဆုံးကာ ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ကြပါသည်။ အိမ်ပေါင်း ၄၈၂၂ လုံး၊ ဗလီပေါင်း ၁၇ ခု၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၅ ခု နှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့ပါသည်။

အစိုးရသည် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှပင်စတင်၍ ဖြစ်ပွားရာဒေသများတွင် ပြန်လည်တည်ငြိမ်စေရန် ကြိုးပမ်းခဲ့ပါသည်။ ထို့အတူ ဆူပူအကြမ်းဖက်မှုများ ပျံ့နှံ့မသွားစေရေး၊ အေးချမ်းမှုကို ပြန်လည်ရရှိနိုင်ရေးအတွက် လုပ်သင့် လုပ်ထိုက်သမျှနည်းလမ်းများကို လုပ်ဆောင်နေပြီးဖြစ်ပါသည်။ ထိုအခြေအနေကို လူအများအားလည်း ပွင့်လင်းမြင်သာစွာဖြင့် အသိပေးခဲ့ ပါသည်။

ရခိုင်ဒေသမှ ဥပဒေမဲ့၊ မင်းမဲ့စရိုက်လုပ်ရပ်များအတွက်အမှန်တရားကို ဖေါ်ထုတ်ရန် ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အမှုးပြုသော အဖွဲ့ဝင် ၁၆ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

ဇွန်လ ၁၁ ရက်နေ့တွင် သမ္မတကြီး ဦးသိန်းစိန်က ရခိုင်ဒေသအရေးအခင်းနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအား အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်ကြရန်၊ အရေးအခင်းကို သဘောထားကြီးမြတ်မှုဖြင့် ရှုထောင့်စုံမှ နားလည်သုံးသပ်ကြပါရန် ပန်ကြားခဲ့ပြီး အစိုးရအနေဖြင့် အရေးကြီးသော တရားဥပဒေစိုးမိုးမှုကို လက်ကိုင်ပြုကာဖြေရှင်းမည်ဖြစ်ကြောင်းကတိကဝတ်ပြုခဲ့ပါသည်။ ဖြစ်ပွားနေသော ပဋိပက္ခများကိုရပ်စဲနိုင်ရန် တရားဥပဒေစိုးမိုးရေး ပြန်လည်ရယူရန် ဇွန်လ ၁၂ရက်နေ့တွင် ရခိုင်ဒေသကို အရေးပေါ်အခြေအနေကြေညာကာ ထိန်းသိမ်းခဲ့ပါသည်။

ရခိုင်ဒေသ၏ ဖြစ်စဉ်များကို ပြန်လည် သုံးသပ်ရာတွင် ဥပဒေမဲ့မှုများသည် တစ်ဦးအပေါ်တစ်ဦး ဘာသာရေးမတူညီမှုအပေါ်အခြေခံသော မယုံကြည်မှု၊ မုန်းတီးမှု နှင့် ကလဲ့စားခြေလိုမှုများကြောင့် ပျံ့နှံ့ခဲ့ရခြင်းကို တွေ့ရှိရပါသည်။ ထိခိုက်သေဆုံးရသူများမှာ ဗုဒ္ဓဘာသာ နှင့် မွတ်ဆလင် လူအဖွဲ့အစည်း နှစ်ရပ်စလုံးမှဖြစ်သဖြင့် ဒေသတွင်း တစ်ဖက်သတ် ဖိနှိပ်နှိပ်ကွပ်မှု မျိုးမဟုတ်ကြောင်း ထင်ရှားပါသည်။ မြန်မာနိုင်ငံသည် လူမျိုးစုံနေထိုင်ပြီး ဘာသာတရားစုံလက်ခံသော နိုင်ငံဖြစ်ပါသည်။ မတူညီသောယုံကြည်မှုအသီးသီးရှိသော်ငြား နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းစွာ၊ လိုက်လျောညီထွေစွာ အတူတကွ နေထိုင်ကြသောနိုင်ငံဖြစ်ပါသည်။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုရေးရာအဖွဲ့အစည်းများစွာမှ ကိုယ်စားလှယ်များ သွားရောက်ကြပြီး ပြည်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးစခန်းများတွင် ကယ်ဆယ်ရေး နှင့် အထောက်အပံ့ ပစ္စည်းများဖြန့်ဝေခြင်းတို့တွင် ပါဝင်ပြုလုပ်ခဲ့ ကြပါသည်။
ပြစ်မှုကျူးလွန်သူများကို ရာဇဝတ်ကြောင်းဖြင့် ဥပဒေအရ အရေးယူခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများအားဖြင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး နောက်တစ်ဖန် ပြန်လည်မဖြစ်ပွားစေရန် လိုအပ်သောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိနေပါသည်။
အကြမ်းဖက်မှုများကြောင့် ထိခိုက်ခဲ့သူ ဒုက္ခသည် ရခိုင်လူမျိုး ၁၄၃၂၈ ဦးနှင့် မွတ်ဆလင်ဘာသာဝင် ၃၀၇၄၀ ဦးတွက် အဆိုပါ ဒေသများတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၈၉ခုဖွင့်လှစ်ခဲ့ပါသည်။ ရခိုင်ဒေသ၏ ဥပဒေစိုးမိုးမှုအခြေအနေမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာနေသဖြင့် အဆိုပါ ကယ်ဆယ်ရေးစခန်းနေဒုက္ခသည်များမှာ မိမိတို့ ရပ်ရွာများသို့ တဖြည်းဖြည်းပြန်လည်ထွက်ခွာသွားလျက်ရှိနေကြပါသည်။

မောင်တောမြို့နှင့် မောင်တောမြို့နယ် ကျေးရွာများအတွင်း မီးလောင်ပြာကျသွားသော အိမ်များ ပြန်လည်တည်ဆောက်ရေး ကြိုးစားမှုများ၏ အစိတ်အပိုင်းအဖြစ် နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနသည် အိမ် ၂၀၂လုံးကိုလည်းကောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အိမ် ၂၂၂လုံးကိုလည်းကောင်း၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Care Myanmar က အိမ် ၁၂၈လုံးကိုလည်းကောင်း တည်ဆောက်သွားမည်။ မောင်တောရှိ ဒုက္ခသည်များအတွက် ရွက်ဖျင်တဲအလုံး ၄၀၀ကို UNHCR က ပို့ဆောင်ပေးပြီး ဖြစ်သည်။ စစ်တွေမြို့နှင့် စစ်တွေမြို့နယ်တွင်း ကျေးရွာများတွင် အမိုးအကာများ ဖန်တီးပေးရန် ရခိုင်ပြည်နယ်အစိုးရက ယာယီရွက်ဖျင်တဲ ၁၇၀ လုံး ကိုလည်းကောင်း၊့် UNHCR ဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြား INGOများက တဲအလုံး ၆၀၀ကိုလည်းကောင်း တည်ဆောက်သွားရန် ကတိက၀တ်ပြုခဲ့ကြပြီး ဖြစ်သည်။

ဒုက္ခသည်စခန်းများသို့ ပေးပို့ရန် ပစ္စည်းလေးမျိုးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (WFP) က အမေရိကန်ဒေါ်လာ ခြောက်သိန်းဖိုး သုံးစွဲပြီးကာ ယခုအချိန်ထိ စခန်းများသို့ ၁၅၁၅တန် ပေးပို့ပြီး ဖြစ်သည်။ ၂၁၀၀တန်ကျော်ကျော် ပစ္စည်းများကို WFP ဂိုဒေါင်များတွင် သိုလှောင်ထားပြီးဖြစ်သည်။
ကုလသမဂ္ဂ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် အိမ်သုံးပစ္စည်း ၆၈၁၈ စုံ၊ တာပေါ်လင်စ ၂၄၁၂စတို့ကို ပြည်နယ်တွင်း ဒုက္ခသည်များသို့ ပေးဝေခဲ့ပြီး ဖြစ်သည်။ နှစ်ဘက်စလုံးမှ နစ်နာသူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် သန်း၃၀၀၀ကျော် တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို ပြည်တွင်းနှင့် ပြည်ပ စေတနာရှင်များထံမှ လက်ခံရရှိပြီး ဖြစ်သည်။

အစိုးရသည် ရခိုင်ပြည်နယ်တွင်း အဆိုပါနေရာများတွင် တရားဥပဒေပြန်လည်စိုးမိုးစေရန် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အခြေအနေကို ထိန်းသိမ်းရာတွင် နှိပ်စက်ညင်းပန်းခဲ့သည်၊ အင်အားအလွန်အကျွံ သုံးစွဲခဲ့သည်ဟု အချို့သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက စွပ်စွဲမှုများကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ပယ်ချသည်။

ပြည်နယ် နေရာအချို့တွင် လူအုပ်စုတစ်ခုနှင့်တစ်ခု အဓိကရိုဏ်း အကြမ်းဖက်မှုသာ ဖြစ်သည့်အတွက် အဆိုပါ ကံမကောင်းအကြောင်းမလှ ဖြစ်ရပ်များသည် ရခိုင်ပြည်နယ်တွင်း မြို့နယ်အချို့တွင်သာ ဖြစ်ပေါ်ခဲ့သည်။
အချို့သော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများက ဘာသာရေး ကိစ္စအဖြစ် နိုင်ငံရေးအရောင်ဆိုးခြင်း၊ နိုင်ငံတကာအရေးဖြစ်စေရန် ဖန်တီးခြင်းတို့အား အဖြစ်အပျက်မှန်များနှင့် အခြေအနေမှန်တို့အရ မြန်မာနိုင်ငံက လုံးဝ ပယ်ချလိုက်သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် လက်ရှိ ဒီမိုကရေစီဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တို့အတွက် မရှိမဖြစ် ဖြစ်ပါသည်။ အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် တိုင်းရင်းသားအမျိုးမျိုး အကြား လူမျိုးရေး သဟဇာတဖြစ်ရေးသည် ပြည်ထောင်စု အဓွန့်ရှည် တည်တံ့ရေးအတွက် အသက်တမျှဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မွတ်ဆလင်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ငြိမ်းချမ်း သဟဇာတဖြစ်ဖြစ် ရာစုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဘာသာရေးအရ ဖိနှိပ်မှုကြောင့်လည်းကောင်း၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းကြောင့်လည်းကောင်း မဟုတ်ပါ။
သက်ဆိုင်ရာ အာဏာပိုင်များသည် လိုအပ်သော ဆောင်ရွက်ချက်များကို သဘောထားကြီးကြီးဖြင့် သတိကြီးစွာထားပြီး ပြုလုပ်ခဲ့ပါသည်။ ထိုကိစ္စကို ဖြေရှင်းရန် အစိုးရသည် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြေအနေအရပ်ရပ်သည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

နေပြည်တော်
၃၀ ဇူလိုင် ၂၀၁၂
>>>ဆက်ဖတ်ရန်>>> >>

ဘာလဲဟ Network ဆိုတာ

by ကိုလင်း- သလ္လာဝတီ on Monday, July 30, 2012 at 5:46pm ·

Network ဆိုတာ ကွန်ပျူတာအချင်းချင်း ( အုပ်စုလိုက် ) တစ်လုံးနှင့်တစ်လုံး အချင်းချင်းချိတ်ဆက်ထား တာကို ဆိုလို တာပါ။ ဘာကြောင့်ချိတ်ဆက် ထားရတာလဲဆိုတော့ ကွန်ပျူတာတစ်လုံးမှာရှိနေတဲ့ Resource တွေ Information တွေကို နောက်ကွန်ပျူတာ တစ်လုံးဆီသို့ Sharing လုပ်ဖို့  အတွက်ပါပဲ။ ဒါဆိုရင် ဘာတွေကို Sharing လုပ်နိုင်ပါသလဲဆိုတော့ဥပမာ။ ။ Data တွေ , File တွေ , Folder တွေ , logical ဆန်တဲ့ Hardware တွေကိုပါ။

ပထမဦးဆုံး Network ကဘာလဲ ?
ပထမဦးဆုံး Network ဆိုတာကွန်ပျူတာတစလုံးတည်းရှိနေစဉ်တုန်းကမပေါ်သေးပေမယ့်။ တစ်လုံးထက်ပိုလာတဲ့ကွန်ပျူတာတွေမှာ Data တွေကို လွယ်လွယ်ကူကူ Sharing လုပ်နိုင်ဖို့ တီထွင်လာခဲ့ကြရတဲ့နည်းပညာတစ်မျိုးပါ။ ပထမဦးဆုံး Network ကိုတော့ Sneaker net လို့ ခေါ်ပါတယ်။ ဒီ Sneaker net ဆိုတဲ့ Network မှာ Data တွေကို Communication လုပ်ဖို့ အတွက်သယ်ဆောင်ပေးရတဲ့ ကြားခံကတော့လူကိုယ်တိုင်ပါပဲ။ ဆိုလိုတာက ကျွန်တော်တို့ က Data တွေကိုထည့်ထားတဲ့ Hardware ( ဥပမာ။ Harddisk , Floopydisk , CD/DVD , USB ) စတာတွေကို လူကိုယ်တိုင်သယ်ဆောင်ယူပြီးနောက်ကွန်ပျူတာတစ်လုံးမှာသွားကူးထည့်လိုက်တာပါ။ ဒါဟာအရိုးရှင်းဆုံးသော Sneaker net လေးတစ်ခုပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ သုံးနေကျ Network လေးတစ်ခုပေါ့ဗျာ။ အားနည်းချက်အနေနဲ့ ကတော့ Data တွေကိုသယ်ဆောင်လာစဉ်မှာ Hardware တွေပျက်စီးနိုင်ခြင်းပါပဲ။ ( ဥပမာ- ပြုတ်ကျတာတို့ ။ လက်လွတ်ကျတာတို့ ) ပေါ့။

Network Connection အမျိုးအစားများ

Network Connection အမျိုးအစားတွေကတော့
1. PAN ( Personal Area Network )
2. LAN ( Local Area Network )
3. MAN ( Metropolitan Area Network )
4. WAN ( Wide Area Network / Internet )
တို့ ဖြစ်ပါတယ်။ အခြားသော Network Connection အမျိုးအစားတွေအများကြီးရှိပါသေးတယ်။ Storage Ara Network ( SAN ) တို့ လိုမျိုးပေါ့။

ကျနော်ကတော့အဓိကဖြစ်တဲ့ ဒီ ( ၄ ) မျိုးအကြောင်းကိုပဲအရင်ရှင်းပြသွားပါမယ်။

1. PAN ( Personal Area Network )
PAN - ဆိုတာကတော့ ကျွန်တော်တို့ Hand phone တွေမှာအသုံးပြုနေကြတဲ့ Bluetooth Device နဲ့ ချိတ်ဆက်တဲ့ Blue tooth Network ကိုပြောဖြင်းဖြစ်ပါတယ်။ သူ့ ရဲ့  အကွာအဝေးကတော့ 10 Meter ကနေ 100 Meter အထိရနေပါပြီ။ ဒီ Personal Area Network ( PAN ) ကို တနည်းအားဖြင့် Private Area Network လို့ လည်းခေါ်တွင်ကြပါသေးတယ်။

2. LAN ( Local Area Network )
LAN - ဆိုတာကတော့ လက်ရှိကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတဲ့ Network တစ်ခုပါ။ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ၊ အင်တာနက်ကဖေးတွေ မှာပဲဖြစ်ဖြစ် LAN ကတကယ့်ကိုအခြေခံကျပါတယ်။ LAN မှာအဓိကအားဖြင့် Central Device လို့ ခေါ်တဲ့ HUB တို့ SWITCH တို့ ကိုအသုံးပြုပါတယ်။ အကွာအဝေးအနေနဲ့ ကတော့ အဆောက်အဦး တစ်ခုအတွင်းပါ။

3. MAN ( Metropolitan Area Network )
MAN - ဆိုတာကတော့ LAN ဆိုတဲ့ Local Area Network ထက်လည်းကြီးပြီး WAN ဆိုတဲ့ Wide Area Network လောက်လည်းမရှိတဲ့ အလယ်အလတ် Network တစ်ခုပါ။ မြို့ တစ်မြို့ သာသာပေါ့ခင်ဗျာ Central Device တွေကိုအသုံးပြုပါတယ်။ အကွာအဝေးကိုချဲ့ ဖို့ အတွက Repeater လိုDevice တွေကိုအသုံးပြုကြရ ပါ တယ်။ အကွာအဝေးအနေနဲ့ ကတော့ 20 Miles 30 Kilometers ပါ။ One City ပေါ့ခင်ဗျာ။

4. WAN ( Wide Area Network )
WAN - ဆိုတာကတော့ Wide Area Network လို့ ခေါ်တွင်တဲ့ ကျွန်တော်တို့ ကမ္ဘာပတ် ဖို့ အတွက် အသုံးပြုနေကြ တဲ့ အင်တာနက် ( Internet ) ပါ။ WAN ထဲမှာ Network Device တွေအနေနဲ့ ပေါင်းစုံပါဝင်ပါလိမ့်မယ်။ WAN ဆိုတာ Network တွေအများကြီး ကိုပေါင်းစည်း ထားတာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက မတူညီတဲ့ ဒီ Network တွေကိုပေါင်းစည်းပေးနိုင်ဖို့ အတွက် Router လို့ ခေါ်တဲ့ Device တစ်မျိုးကိုအသုံးပြုကြရပါတယ်။ WAN မှာအကွာအဝေးအနေနဲ့ တော့ Limitation မရှိပါဘူး။

http://youth-it-technican.blogspot.com/
>>>ဆက်ဖတ်ရန်>>> >>

သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်

Browse › Home › မြန်မာ့သတင်း» ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်

...

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ
လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။
 
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း။

by Yangon Media Group on Monday, July 30, 2012 at 8:34pm ·
ရန်ကုန်မီဒီယာဂရု(ပ်) သတင်းအဖွဲ့ ရိုက်ကွင်းတွင်မှတ်တမ်းတင်သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို  ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံအင်တာဗျူးလုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။

CNA - သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ်ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိန္ဒိယနိုင်ငံကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေလက်ထက် ၁၉၃၀ခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့သိကျွမ်းနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။

CNA - ကျွန်မရဲ့အဖေက ၁၉၅၀-၆၀လောက်မှာ ဒါဂျီလင်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။
ဒါကြောင့် သမ္မတကြီးနဲ့ အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့အင်မတန်မှ ၀မ်းသာနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက်ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်းအသက်ဆို ၆၀ကျော် ၇၀နီးပါးလောက်ရှိမယ်ထင်တယ်။

CNA - ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက်အသက်နည်းနည်းပိုကြီးမယ်ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက်အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ဆီမှာတော်တော်များများရှိပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ဗိုလ်လောင်းသင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်းဆင်းတွေတော် တော်များများရှိပါ တယ်။

CNA - ကျွန်မအဖေကျောင်းတက်တဲ့ ဒါဂျီလင်မြို့ကိုရောက်ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေးလှတဲ့မြို့ပါ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားအဖိုးနေခဲ့တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုးသားချင်းတွေခေါ်လာပြီး လာလည်ပေါ့။

CNA - နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့သူလို့ အများကပြောကြပါတယ်။ ဒီလိုသုံးသပ်မှုကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပြုပြင်ပြောင်းလဲရေးကိစ္စက တကယ်တော့ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ စနစ်ကလဲပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက်ပြည်သူလူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တို့က  ပြည်သူလူထုကရွေးချယ်ထားတဲ့ အစိုးရဖြစ်နေပါတယ်။ စနစ်ကလဲပြောင်းသွားပါပြီ။ ဒါကြောင့်ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။

CNA - နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ  ဒုက္ခဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင်အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက်၊ ကယ်ဆယ်ရေးတွေလုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရတာလဲပါပါတယ်။ နောက်ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့လုပ်ပေးချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ရောက်ရှိပါတယ်။ ပြည်သူများနဲ့လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့အတွေ့အကြုံတစ်ခုထဲနဲ့မဟုတ်ပါဘူး။ ကျွန်တော်ကဧရာဝတီတိုင်းသားမှန်ပါတယ်။ နာဂစ်ဖြစ်တဲ့အချိန်တုန်း က ကျွန်တော်က ၀န်ကြီးချုပ်တာဝန်ယူထားရပါတယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသရဲ့ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်အရလဲဆောင်ရွက်ရ တာဖြစ်ပါတယ်။ သို့သော်လဲဒီပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ဧရာဝတီတိုင်းတစ်တိုင်းထဲရဲ့အတွေ့အကြုံကြောင့်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကိုရောက်ဖူးပါတယ်။ တစ်နိုင်ငံလုံးကိုသွားလာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလွှာအသီးသီးနဲ့ထိတွေ့မှုကျွန်တော့်မှာရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေကိုကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်တာမှန်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းထဲကြောင့်မဟုတ်ပါဘူး။

CNA - ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေလဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးကတာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ်ထဲမှာပါလို့ပါ။ လောလောဆယ်ကချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အ၀မရသေးပါဘူး။ မရသေးတဲ့အတွက် လုံ ခြုံမှုအတွက်စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရလာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။

CNA - ဒါဂျီလင်ကိုခရီးသွားတဲ့အခါမှာ မြင့်တဲ့အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရတာအခက်အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက်များရှိပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပူတာအိုက ပေ၁၅၀၀ လောက်ပဲရှိမယ်ထင်ပါတယ်။

CNA - မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေတွေ့နေ့ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ အြေငသညေူံနမသ ပေါ့။ သူရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူတဲ့စိတ်ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်း၂၀ကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေတိုးတက်အောင်၊  နိုင်ငံရေးတွေတည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလဲသဘောတူပါတယ်။ သို့သော်လဲတစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေရခဲ့ပါတယ်။ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့တားဆီးထားတာတွေကို ကျွန်တော်တို့ကဖြေလျော့ပေးစေချင်တယ်။ လုံးဝရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။

CNA - တပ်မတော်ထဲမှာလဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်းစုကြည်ဘက်မှာလဲ စံနှုန်းတွေကိုအလေးထားတဲ့သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စုနှစ်စုကို အောင်မြင်စွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာ သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလဲရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော်ထဲမှာလဲ အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေ နောက်ကအလိုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီလိုပဲယုံကြည်ထားပါတယ်။

CNA - ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲအရင်ကတည်းကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ်ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။

CNA - မြန်မာနိုင်ငံက သဘာဝပေါကြယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာကတော့ မြန်မာနိုင်ငံက သဘာဝရင်းမြစ်တွေကို တန်ဘိုးမြှင့်ထုတ်လုပ်ရောင်းချတာသိပ်ပြီးတော့ဆောင်ရွက်ခြင်းမရှိပဲနဲ့ သဘာဝရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍကိုပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲဆိုတာသိ လိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ပထမဆုံးအနေနဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်ကြမ်းအတိုင်းထုတ်ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာသဘာ ၀ဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ်ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာလျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေလုပ်ဖို့ရှိတယ်။ ဓာတ်မြေသြဇာစက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေလုပ်ဖို့ရှိတယ်။Down Stream စက်ရုံတွေတည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနတွေကို ပိုပြီးတော့အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံ သားတွေ စားရေး၊၀တ်ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့်လူဦးရေအတွက် ပြည့်စုံဖူလုံစွာစားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ထွက်ရှိအောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလဲ အရေးကြီးတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်းထားပါတယ်။စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလောလိုအပ်နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေများများရတဲ့စက်ရုံအလုပ်ရုံတွေများများထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ နောက်ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။ တတိယအချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေရိပါတယ်။heavy industryလိုဟာမျိုးထူထောင်ဖို့ စတုတ္ထအချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ကကြိုးစားပြီးဆောင်ရွက်နေပါတယ်။စက်မှု ၀န်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။

CNA - လက်ရှိအနေအထားအရမြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ စီးပွားရေအသိုင်းအ၀ိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေးလုပ်ငန်းရှင်တွေကိုရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာသိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - အရှေ့ရယ်အနောက်ရယ်မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ်အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်း ပြည်အတွက် အကျိုးရှိမယ့်ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာကို ၀င်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

CNA - ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်းမွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသကပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့မြန်မာ နိုင်ငံက ကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့အတွက်ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီးလုပ်ပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရ သစ်စတက်လာလာခြင်း ဒီငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁၀ဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေးအရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင်ဆန့်ကျင်ဘက်အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

CNA - ကျွန်မတို့သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန် - တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေးအရတည်တည်ငြိမ် ငြိမ်ဖြစ်အောင်လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့တာဝန်ယူသွားစေချင်ပါတယ်။

CNA - နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေတော်တော်များများရရှိခဲ့ပါတယ်။အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀၀လောက် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံလာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်လုံးဝိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှအကူအညီမပေးတဲ့အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေးတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။ တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်းကတိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင်မဟုတ်ပါဘူး။

CNA- အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်ရှင်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
CNA ၀မ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ဗီဇာရဖို့လဲကူညီပါ( ရယ်မောပြောသည်)။
နိုင်ငံတော်သမ္မတဦးသိန်းစိန်-စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။

>>>ဆက်ဖတ်ရန်>>> >>

ကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ်ဗုဒ္ဓဘာသာရရှိခဲ့

မြန်မာတိုအတွက်အကြီးအကြယ် ဂုဏ်ယူဝမ်းမြှောက်ရမဲ့သတင်းတစ်ပုဒ်ပါ။
ဒီသတင်းကိုကြားသိ့ခဲ့တာ ကြာပါပြီ။တင်ပြဖို့အထောက်အထားခိုင်လုံရန်လိုက်ရှာနေခဲ့တာ
အခုမှတွေ့လိုတင်လိုက်တာပါ။မိတ်ဆွေတိုတောဘယ်လိုခံစားရမယ်မသိ့ပါဘူး။ကျွန်တော်ကတော့
ပျော်လိုက်တာဗျာ။ဝမ်းသာကြည်နူးမိတယ်၊ဂုဏ်ယူမိတယ်၊အားလဲးတက်ခဲ့ပါတယ်။
ဘယ်လိုပဲးဘဝတွေဆိုးဆိုး မြန်မာပြည်မှာ လူဖြစ်ပြီ ဗုဒ္ဓဘာသာ ကိုးကွယ်ခွင့်ရလို့အားလုံးကိုမေ့ပြီ
အကျေနပ်ကြီး ကျေနပ်မိပါတော့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွှက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံးဘာသာရေးအဖြစ်
ရွှေးချယ်ခဲ့ကြောင်းသိရှိရသည်။
ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်
(၂၀၀)ကျော်ကရွှေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုရု အံ့သြဖို့ကောင်းသည်မှာ
ပါဝင်ရွှေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအများစုသည် ဗုဒ္ဓဘာသာကို
မိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး Jonna Hult
ကပြောကြားရာတွင် ကမ္ဘာ့အမွန်မြတ်ဆုံးအကောင်းဆုံး ဘာသာတရားဗုဒ္ဓဘာသာက
ရရှိခဲ့တာအံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်
ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့
မတူတာက အဲဒါပါပဲ။

တခြားဘာသာတွေကလက်နက်တွေကို အဆင့်သင့်ကိုင်ထားကြတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေးအတွတ်နဲ့ စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲ

ယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့မတူဘဲ ဗုဒ္ဓဘာသာဟာ
ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။

အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ကျွန်တော်လည်း
ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။
ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဟာ
နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကို
ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်းလည်းကောင်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။
ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွှတ်ရေးအဖွဲ့ကြီး၏
ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd ကကျွန်တော်ဟာ
အစ္စလန်ဘာဥာကို နှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်
ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နာလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရရင် ကျွန်တော်ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။
Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaungh-nessy ကတော့ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့်
လူသားတွေကို မေတ္တာဂရုဏာထားရန်ဟောကြားပြီး
လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။
ဒါ့ကြောင့် မွန်မြတ်တဲ့ဗုဒ္ဓဘာသာကိုမဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာကိုကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွတ် ဆုလက်ခံရန်

ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက
ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

မြတ်မင်္ဂလာစာဆောင်

အတွဲ-၂၅-၂၀၀၉-နိုဝင်ဘာလ

မူရင်းသတင်းလေးကတော.ဒီလိုပါ...

The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.

This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:

Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."

And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."

However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.

When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."

http://lovelove1349.multiply.com/journal/item/250/250မှကူးယူဖော်ပြပါသည်

Photo: ကမ္ဘာ့အကောင်းဆုံးဘာသာတရားအဖြစ်ဗုဒ္ဓဘာသာရရှိခဲ့

http://lovelove1349.multiply.com/journal/item/250/250မှကူးယူဖော်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

‎ဂျပန် နစ်ဆန်း ကားစက်ရုံ တည်ရန် ပဲခူးတွင် မြေရှာနေ

ဂျပန်နစ်ဆန်းကား ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်အတွက် ပဲခူးတွင် မြေ ဧက ၁ဝဝရှာဖွေလျက်ရှိကြောင်း စက်မှုကုန်ထုတ်သူများ အသင်း မှ သိရသည်။
''ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို လည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်း လုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်''ဟု စက်မှုကုန်ထုတ်သူ အသင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မလေးရှား အခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည်ဆောက် ရန် မြေနေရာရှာဖွေခြင်းဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေနေရာအား လေ့လာ ၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
"CKD စနစ်နဲ့လုပ်မယ် ပြောတယ်။ ဟိုတယ်ကနေပစ္စည်းတွေ ယူလာပြီး ဒီမှာတပ်ဆင်ထုတ်လုပ်သွား မှာပါ''ဟု ကုန်သည်စက်မှု အသင်းချုပ် အလုပ်အမှုဆောင် ဦးအေးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီများအပြင် ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများလည်းများစွာ လိုအပ်နေသေးကြောင်း စက်မှု ကုန်ထုတ်သူများ အသင်းမှ ဦးဇော်မင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကားများ အနက် ၉၈ ရာခိုင်နှုန်းမှာ ဂျပန် ကားများဖြစ်ပြီးတရုတ်ကား မှာ ၂ ရာခိုင်နှုန်းခန့်ရှိကာ ကျန် ကားများမှာ ဝ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း ကုန်သည်စက်မှု အ သင်းချုပ် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။

ဝေယံမိုးမြင့်၊ ညွန့်ဝင်း
>>>ဆက်ဖတ်ရန်>>> >>

ထိုင်းအိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ၆၀ နှစ်ပြည့်မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့
နံနက် ၉နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ထိုင်းမြန်မာချစ်ကြည်ရေးကျောင်း
တိုက်တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ထိုင်းသံရုံးမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၈တွင်
ကျရောက်သည့် အိမ်ရှေ့မင်းသား၏ မွေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်း
ဖြစ်ကာ ယနေ့နံနက်တွင် သံဃာအပါး ၆၀ တို့အား နေ့ဆွမ်း၊ သင်္ဃန်းနှင့် လှူ
ဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။၎င်းအပြင် ထိုင်းသံရုံးမှနေ၍အဆိုပါကျောင်းတိုက်သို့ အလှူငွေအဖြစ် ဘတ်ငွေတစ်သိန်းခွဲလှူဒါန်းခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေက လက်ခံပေးခဲ့သည်။
ယင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr.Pisanu Savanajata ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေနှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ငြိမ်း) ဦးကိုကိုမောင်၊ ထိုင်းစစ်သံမှူးများနှင့် သံရုံးမိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
 
>>>ဆက်ဖတ်ရန်>>> >>

ခိုင်သီတာ လ္ဘက်ရည်ဆိုင်

အွန်လိုင်း သူငယ်ချင်းများအတွက် နတ်တလင်း ခိုင်သီတာ လ္ဘက်ရည်နဲ့ နတ်တလင်းထမင်းသုပ်ဆိုင် အား ရန်ကုန်-ပြည်လမ်းတွင် ဖွင့်ပေးလိုက်ပြီ ...
ကြိုက်တာမှာနော် ...

ခိုင်သီတာလ္ဘက်ရည်ဆိုင် အပြင်ဘက်မျက်နှာစာ မြင်ကွင်း

ခိုင်သီတာလ္ဘက်ရည်ဆိုင် အတွင်းပိုင်း ပြင်ဆင်မှု မြင်ကွင်း

ခိုင်သီတာလ္ဘက်ရည်ဆိုင် အတွင်းပိုင်း ပြင်ဆင်မှု မြင်ကွင်း
>>>ဆက်ဖတ်ရန်>>> >>

ခက်တယ် (မှတ်သားစရာလေးမို့)

ခက်တယ်

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

ကောင်းကင်ကို
>>>ဆက်ဖတ်ရန်>>> >>

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲပြီး ဆောင်ရွက်မည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲပြီး ဆောင်ရွက်မည် ဟု နိုင်ငံတော်သမ္မတကြီးပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လေးမျိုးခွဲခြားပြီးဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သ မ္မတကြီးက ပြောကြားလိုက်သည်။

ဇူလိုင်လလယ်ပိုင်းက ဒီမိုကရေစီညီနောင် ၁၀ ပါတီအဖွဲ့တို့မှ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံခဲ့စဉ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ပထမဦးစားပေးအနေဖြင့် နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အ လမ်းများစွာ ပေးနိုင်သည့် စက်မှုလုပ်ငန်းများ၊ဒုတိယအနေဖြင့် ရော်ဘာ၊ သစ်စသည့် သဘာဝထွက်ကုန်များကို Value Added တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်သည့် လုပ်ငန်းများ၊ တတိယမှာ အဖိုးတန်သတ္တုများ ထုတ် လုပ်ခြင်း လုပ်ငန်းများနှင့် စတုတ္ထမှာ IT နှင့် Telecommunication လုပ်ငန်းများ ထူထောင်ရန်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အနောက်နိုင်ငံများမှလည်း မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီး လာရောက်ရင်း နှီးမြှုပ်နှံမှုများ စတင်တာစူနေကြချိန်လည်း ဖြစ်သည့်အတွက် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာနိုင်မည့် အရေးပင်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

“လာရောက်လုပ်ကိုင်ကြမယ့် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအနေနဲ့ စစချင်းမှာ နယ်ပယ်အ လိုက် ပြည်တွင်းကျွမ်းကျင်လုပ်သားတွေ နည်းမယ်။ အလုပ်ရှင်တွေက နှစ်စဉ် ကျွမ်းကျင်လုပ်သား ၂၅ ရာခိုင် နှုန်းကို မွေးထုတ်ပေးသွားရမယ်။ ဒိလိုအလုပ်အကိုင်လုပ်နိုင်ဖို့ကို သင်တန်းတွေကနေ မွေးထုတ်ပေးနိုင်ဖို့အ တွက် မူကြမ်းထဲမှာ ရေးဆွဲထားတယ်”ဟု ယင်းဥပဒေမူကြမ်းပါ အချက်ကို ဒေါက်တာမြတ်ဥာဏစိုးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းပါ အချက်အချို့ကို ပြောသည်။

နိုင်ငံကြီးပွားချမ်းသာတိုးတက်ရေးအတွက် စိုက်ပျိုးရေးနိုင်ငံအဆင့်မှ စက်မှုနိုင်ငံဖြစ်လာအောင် ပြောင်းလဲကြရမည်ဖြစ်ကြောင်း၊ အရင်းအနှီးနှင့် နည်းပညာများ လိုအပ်သည့်အတွက် ဖိတ်ခေါ်လျက်ရှိကြောင်း ဖြင့်လည်း ယင်းတွေ့ဆုံပွဲတွင် သမ္မတကြီးက ပြောကြားခဲ့သည်။

စိုက်ပျိုးရေး အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်လာသည့်အတွက် ကုန်ကြမ်းအဆင့်တင်ပို့မှုမှ သည် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး ဦးတည်သင့်ကြောင်းလည်း မန္တလေးကုန်သည်ကြီးများအသင်းမှ ဦးကို ကြီးကပြောသည်။

“ပို့ကုန်တွေထဲမှာမှ ကုန်ကြမ်းအဆင့်မှာပဲ ပို့နိုင်သေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာရင် နည်းပညာမြင့်မားတဲ့အတွက် ကုန်ချောအဆင့်ထုတ်လုပ်မှုတွေ လုပ်လာနိုင်မယ်။ ဒီနည်းပညာတွေကိုလဲ မြန်မာ တွေယူနိုင်ဖို့လိုတယ်”ဟု ဦးကိုကြီးကဆိုသည်။

တိုင်းရင်းသားတို့၏ အကျိုးစီးပွား၊တိုင်းပြည်ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ မထိခိုက်ရေး၊ သဘာဝပတ်ဝန်းကျင် မပျက်ယွင်းစေရေးတို့ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သမ္မတကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။ (ပန်းသတင်းဂျာနယ်)
 
>>>ဆက်ဖတ်ရန်>>> >>

ဆရာကြီးလား..? ခေါင်းဆောင်လား ..?

>>>ဆက်ဖတ်ရန်>>> >>

ပြူတင်ပေါက်များ ပြင်ဆင်ခြင်း (Adjust Windows Setting)

by ကိုလင်း- သလ္လာဝတီ on Sunday, July 29, 2012 at 10:57am ·
            
ဝင်းဒိုးစ်ဆက်တင်များ ပြင်ဆင်ခြင်း (Adjust Windows Setting)
ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။

ဖော်မတ် ချခြင်း (Formatting Drive-D)
ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။ Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။ အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။

1. My Computer ကိုဖွင့်ပါ။
2. Drvie-D > Right Click > Format လုပ်ပါ။ (ဘာညာ ဘာညာတွေမေးရင် OK လို့သာ အဖြေပေးလိုက်ပါ။) ဖော်မတ်ချချိန် ၁၅မိနစ်ကနေ နာရီဝက်လောက်အထိ ကြာနိုင်ပါတယ်။
3. ပြီးသွားတဲ့အခါမှာ Report Message box ပေါ်လာပါမယ်။ OK လုပ်ပါ။ နောက်ထပ် Close လုပ်ပါ။ Drive-D ကို သုံးလို့ ရပါပြီ။

အော်တိုအပ်ဒိပ်နဲ့ ဖိုင်းယားဝေါ (Automatic Update & Windows Firewall)
အော်တိုအပ်ဒိတ်ကို ပိတ်ထားပါ။ နောက်မဟုတ်ရင် သူကခဏခဏ လာရှုပ်နေပါမယ်။ နောက်ပြီး မလိုအပ်တဲ့ ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ (ဥပမာ- ကိုယ်သုံးနေတဲ့ ၀င်းဒိုးစ်ဟာ ၀ယ်ထားတာ မဟုတ်ဘူး။ ရီဂျစ်စတာ ပြန်လုပ်ပါ။ စသဖြင့် ပေါ့လေ။) သူ့ကို ပိတ်ထားဖို့အတွက်

1. Start > Control Panel ကိုဖွင့်ပါ။
2. Automatic Update ကိုဖွင့်ပါ။
3. Turn off Automatic Updates ကို Check လုပ်လိုက်ပါ။ OK လုပ်ပါ။

ဝင်းဒိုးစ်ဖိုင်းယားဝေါကိုလည်း ပိတ်ထားပါ။ ဘာလို့ဆိုတော့ ၀င်းဒိုးစ်ရဲ့ ဖိုင်းယားဝေါက မစွံလို့ပါ။ သုံးဖို့လိုအပ်မယ်ဆိုရင် အခမဲ့ရတဲ့ Zone Alarm Firewall ကိုသုံးပါ။ သူက ပိုကောင်းပါတယ်။ ၀င်းဒိုးစ်ဖိုင်းယားဝေါကို ပိတ်ဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Windows Firewall ကိုဖွင့်ပါ။
3. Off (not recommanded) ကို Check လုပ်လိုက်ပါ။
4. အပေါ်ဒေါင့်မှာရှိတဲ့ close ကနေ ပိတ်လိုက်ပါ။

စက်တွင်အသုံးပြုမည့် ဘာသာစကား (Regional and Language Options)
Regional & Language Options ကိုလည်း တခါတည်း ပြင်ထားရင် ပိုကောင်းပါတယ်။ ဘာလို့ဆို နောက်ထပ် ဆော့ဝဲတွေ ထပ်ထည့်တဲ့အခါမှာ အမြဲတမ်း English Language အဖြစ် ပေါ်လာဖို့ဖြစ်ပါတယ်။ နောက်မဟုတ်ရင် အခြား ဘာသာစကား တွေနဲ့ ပေါ်လာတတ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. Regional and Language Options ကိုဖွင့်ပါ။
3. အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ English / United State ပြောင်းပေးပါ။ (ကွန်ပြူတာကို ဘယ်ဘာသာစကားနဲ့ သုံးမှာလဲဆိုတာကို သတ်မှတ်ပေးတာပါ။ ကိုယ်နှစ်သက်ရာ ဘာသာစကားကို ပြောင်းထားပေးနိုင်ပါတယ်။)
4. Advanced ကိုဖွင့်ပြီး အနီဝိုင်းပြထားတဲ့နေရာမှာ English (United State) ပြောင်းပေးပါ။

အခြားဘာသာစကားများ ထည့်သွင်းခြင်း (Add other language)
ကွန်ပြူတာမှာ စာတွေရိုက်တဲ့အခါမှာ Eng: ဘာသာစကား တခုတည်းမကဘဲ အခြား ဘာသာစကား တွေနဲ့ပါ သုံးချင်တယ်ဆိုရင် Language tab မှာလည်း ပြင်ထားဖို့ လိုပါမယ်။

1. Install files for complex …. (Including Thai) နေရာကို check လုပ်ထားပေးပါ။ (Windows CD တောင်းရင် ထည့်ပေးပါ။ သူ့ဘာသာသူ အင်စတောလုပ်သွားပါလိမ့်မယ်။ Restart တောင်းရင်လည်း လုပ်ပေးရပါမယ်။)
2. ကွန်ပြူတာပြန်ပွင့်လာတဲ့အခါမှာ အဲဒီ Regional Language ကိုတခါပြန်ဖွင့်ပြီး Detail ကိုဖွင့်ပါ။
3. ပေါ်လာတဲ့ box မှာ Add ကိုကလစ်ပါ။ (ပြီးရင် ကိုယ်ထည့်ပေါင်းချင်တဲ့ ဘာသာစကားကို ရှာပြီး ကလစ်လုပ်ပေး လိုက်ရုံပါဘဲ။)

ကွန်ပြူတာအသုံးပြုသူ အမျိုးအစား (User Accounts)
ဝင်းဒိုးစ်စနစ်မှာ User Account အများကြီးထားခွင့်ပြုပါတယ်။ Admin Account (စီမံခန့်ခွဲသူ)၊ Limited Account (ကန့်သတ်ချက်ရှိသူ)၊ Guest Account (ဧည့်အသုံးပြုသူ) စသဖြင့် Account အဆင့်အတန်း အမျိုးမျိုးခွဲခြား သတ်မှတ်ပေးနိုင် ပါတယ်။

Admin အဆင့်ရှိသူက ၀င်းဒိုးစ်စနစ်တခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။ ဆော့ဝဲတွေ ထည့်သွင်းတာ၊ ဖျက်ပစ်တာ စတာတွေကို လုပ်နိုင်ခွင့်ရှိပါတယ်။ အခြား Account တွေကို ဖျက်ပစ်နိုင်ခွင့် ရှိပါတယ်။

Limited အဆင့်သာဆိုရင်တော့ ကွန်ပြူတာမှာ ထည့်သွင်းထားပြီးသား ဆော့ဝဲတွေ၊ ဟာ့ဒ်ဝဲတွေ အားလုံးကို အသုံးပြုခွင့် ရှိပေမယ့် အသစ်ထည့်သွင်းတာ၊ ရှိနေတာတွေကို ဖျက်ပစ်တာ စတဲ့လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မရှိပါ။

Guest အဆင့်ကတော့ ကွန်ပြူတာမှာ ရှိနေတာတွေအားလုံးကို အသုံးပြုခွင့်မရှိပါဘူး။ အချို့ဆော့ဝဲတွေ၊ အချို့ဟာ့ဒ်ဝဲတွေကို သုံးခွင့်ရှိမှာမဟုတ်ပါ။ ဥပမာ- ပရင်တာအသုံးပြုခွင့်မရှိတာမျိုး။

ဝင်းဒိုးစ်ကို အင်စတောလုပ်ပြီးတဲ့အချိန်မှာ Administrator Account တခုဘဲ ပေါ်ပါမယ်။ အဲဒါက built-in account (တခါတည်း ပါလာပြီးသားအကောင့်) ဖြစ်ပါတယ်။ ပထမဆုံးလုပ်ယူတဲ့ အကောင့်ဟာ Admin ဘဲဖြစ်ပါမယ်။ ဒုတိယနဲ့ နောက်ထပ်လုပ်တဲ့ အကောင့်တွေကိုတော့ Admin ဖြစ်စေ၊ Limited ဖြစ်စေ သတ်မှတ်ပေးနိုင်ပါတယ်။

ကိုယ့်အနေနဲ့ နောက်ထပ် Account တွေ ထပ်လုပ်နိုင်ပါတယ်။ သတိပြုရမှာက နောက်ထပ် အကောင့်အသစ်လုပ်ပြီး ကွန်ပြူတာ ရီစတတ်လုပ်ချိန်ကျရင် မူလကရှိခဲ့တဲ့ Administrator Account ပျောက်သွားမှာဖြစ်ပါတယ်။

Account အသစ်ထည့်သွင်းဖို့အတွက် …

1. Start > Control Panel ကိုဖွင့်ပါ။
2. User Accounts ကို ဖွင့်ပါ။
3. Administrator နဲ့ Guest နှစ်ခုကိုဘဲ တွေ့ရမှာဖြစ်ပါတယ်။
4. အသစ်တခု ရယူချင်ရင် Create new account ကို ကလစ်လုပ်ပါ။
5. နောက်ထပ်ပေါ်လာတဲ့ box မှာ account name ထည့်ပေးပါ။
6. နောက်ထပ် box မှာ Computer Admin / Limited တခုခုကိုရွေးပေးပါ။

ဝင်းဒိုးစ်သို့ဝင်ရောက်ရန်ပုံစံ ရွေးချယ်ခြင်း (Welcome Screen & Fast User Switching)
ဒီဟာကတော့ ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ user acc: အားလုံးကို ဖော်ပြပေးဖို့နဲ့ user acc: တခုကနေ တခုကို ပြောင်းတဲ့အချိန်မှာ Log out လုပ်ဖို့ မလိုအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
အဲဒီအတွက် …

1. Start > Control Panel > User Accounts ကို ဖွင့်ပါ။
2. Change the way users log on or off ကိုကလစ်လုပ်ပါ။
3. ပုံမှာပြထားတဲ့အတိုင်း check box ၂ခုလုံးကို အမှတ်ခြစ်ထားပြီး Apply Options ကို ကလစ်လုပ်ပါ။

ဝဘ်စာမျက်နှာများကို အင်တာနက်မချိတ်ဆက်ထားဘဲ ကြည့်ရှုခွင့် (Enable Offline)
အကယ်၍ check box တွေကို ပိတ်ထားတယ် (check လုပ်လို့မရဘူးဆိုရင်) ဆိုရင် Enable Offline ကို အရင် ပြန်ပိတ်ထားပေးဖို့ ပြောပါလိမ့်မယ်။ အဲဒီ box တက်လာရင် Enable Offline ကိုပိတ်လိုက်ပါ (uncheck လုပ်လိုက်ပါ။)

ပြင်ပကွန်ပြူတာများနှင့် ချိတ်ဆက်မှု (Client Services for Netware)
နောက်တခုဖြစ်နိုင်တာက Client Services for Netware ရှိနေလို့ ဖြစ်ပါမယ်။ အဲဒီ Client Services ကို Unstall လုပ်ပေးရပါမယ်။ Client Services ကို Unstall လုပ်ဖို့အတွက် …

1. Start > Control Panel > Network Connections ကိုဖွင့်ပါ။
2. Local Area Connection ကို Right Click > Properties ကို ကလစ်လုပ်ပါ။
3. အပေါ်ဆုံးမှာ ရှိနေမယ့် Client Services for Netware ကိုကလစ်လုပ်ပါ။
4. သူ့အရှေ့မှာရှိတဲ့ check box ကိုဖြုတ်ပါ။ (အမှန်ခြစ်ထားတာကို ဖျက်ပစ်ပါ။)
5. အောက်မှာရှိတဲ့ Unstall ကို ကလစ်လုပ်ပါ။ (ခဏနေရင် Restart တောင်းပါမယ်။ Restart လုပ်ပြီးမှ Change the way users log on or off ကို ပြန်ပြင်ပေးလို့ ရမှာဖြစ်ပါတယ်။)
>>>ဆက်ဖတ်ရန်>>> >>

*ငြိမ်းအေးသောဘ၀ပိုင်ရှင်*

*ငြိမ်းအေးသောဘ၀ပိုင်ရှင်*

သူများလောက်မလုပ်နိုင်လို့လည်း
ဘာမှစိတ်ပျက်စရာမလိုပါဘူး....။
သူများထက်ပိုလုပ်နိုင်လို့လည်း
ဘာမှ စိတ်တက်စရာမလိုပါဘူး..။
သူလည်း သူစွမ်းနိုင်သလောက်လုပ်
ကိုယ်လည်းကိုယ်စွမ်းနိုင်သလောက်လုပ်ရုံပါဘဲ..။
အကျိုးတရားခံစားရတဲ့နေရာမှာလည်း
သူများနဲ့နှိုင်းယှဉ်ပြီး
စိတ်ပျက်စရာ၊ စိတ်တက်စရာ
လုံးဝမလိုပါဘူး...။
သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ
လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်
ခံစားစရာရှိတာ အေးအေးဆေးဆေးခံစားပေါ့ ...။
                                        
                                          အရှင်ဆန္ဒာဓိက
>>>ဆက်ဖတ်ရန်>>> >>

သူယောင်မယ်သီး

ဒါကတော့ ဗုဒ္ဓစာပေအချို့မှာပါတဲ့ ရသေ့ဇော်ဂျီတပသီတွေ ပျော်ပါးဖို့ရာအတွက် လူအစစ်အဖြစ်
ဖန်တီးနိုင်တဲ့ဟိမ၀န္တာတောင်တန်းမှာ တွေ့ရတဲ့ လူပုံစံသစ်သီးတစ်မျိုးဖြစ်တယ်လို့ပါပါတယ်။
သူယောင်မယ်သီးလို့ခေါ်ပါတယ်။ ဒီဓာတ်ပုံကတော့ ဖြစ်နိုင်ချေမရှိတဲ့ပုံတွေပါပဲ။ ဒါပေမယ့် ဗဟုသုတရစေချင်လို့ ပြန်ဝေငှပေးလိုက်ပါတယ်နော်။ အကယ်၍ မူရင်းဆိုဒ်ကို သွားကြည့်ချင်တယ်ဆိုရင်တော့ http://www.hoax-slayer.com/nareepol-tree.shtml
ထိုင်းနိုင်ငံမှာ တွေ့နိုင်တယ်ဆိုပြီး စာထဲကအတိုင်း အမြည်းထည့်ပေးလိုက်ပါတယ်။ This is amazing tree named "Nareepol" in Thai. Naree means "girl/woman" and pol means plant/tree or "buah" in Malay. It means women tree. It is amazing what God create the World in many forms that amused human beings….
You can see the real tree at Petchaboon province about almost 500 kms away from Bangkok.

>>>ဆက်ဖတ်ရန်>>> >>

ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

By The Voice Weekly
တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

ရန်ကုန် ၊ ဇူလှိုင် ၂၉

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေးကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသော
စားဝတ်နေရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီးရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းလယ်မြေ ဧကများစွာကို အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိရသည်။
>>>ဆက်ဖတ်ရန်>>> >>

PC လက်ဆွဲစာအုပ်

PC လက်ဆွဲစာအုပ်လေးပါ..

ဆရာဇော်လင်း{Youtn}ရေးထာတဲ့ စာအုပ်ပါ သူငယ်ချင်းတွေလေ့လာလို့ရအောင်ပါ..
အောက်ကလင့်မှာDownload

http://minus.com/lbZNVORQxakz7

အဆင်ပြေကြပါစေဗျာ
 
>>>ဆက်ဖတ်ရန်>>> >>

PC လက်ဆွဲစာအုပ်

PC လက်ဆွဲစာအုပ်လေးပါ..PC UPGRADE AND REPAIR SIMPLIFIED
.pdfအောက်ကလင့်မှာDownload

http://minus.com/lSFFvKqwDPmf7

အဆင်ပြေကြပါစေဗျာ...
>>>ဆက်ဖတ်ရန်>>> >>

ရင်ဘတ်အောင်ခြင်း အကြောင်း

ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ ....(သင် မှတ်ထားလိုက်ပါ )

ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးသောရောဂါလက္ခ္ခ္ခဏာတစ်ခုဖြစ်ပါသည်။
· သင်၏ ရောဂါရာဇ၀င်သည် သင်ဖြစ်သောရောဂါကို အဖြေရှာရန်အတွက်အလွန်အရေးပါသည်။
· ရောဂါ အမျိုးမျိုးပေါ်မူတည်ပြီး ရင်ဘတ်အောင့်မှုပုံစံ ကွဲပြားကြပါသည်။
· ထို့ကြောင့်ရောဂါကို သေချာစွာသိနိုင်ရန်အတွက် ဆရာဝန်ဖြင့်တိုင်ပင်ရန် အရေးကြီးသည်။

ဖြစ်နိုင်သောရောဂါများ .....
စူး၍ (နေရာသေချာစွာပြောနိုင်သည်) အောင့်ခြင်း
တစ်နေရာရာတွင် စူး၍ အသက်ပြင်းပြင်းရှူလိုက်လျှင် ပိုအောင့်သည်။ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပိုအောင့်သည်။

ဖြစ်နိုင်သောရောဂါများ .....
· အဆုတ်တွင်လေများ ပိတ်မိသောရောဂါ (Pneumothorax)
· အဆုတ်ရောင်ခြင်း(Pneumonia)
· အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary embolism)
· နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis)
· Bornholm disease (Coxakie B ဗိုင်းရပ်စ်ရောဂါ – ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူကြွက်သားရောဂါ)

ရင်ဘတ်အလယ်တွင်( ကြပ်၍ ၊ ဖိထားသလို ၊ ညှစ်ထားသလို) အောင့်ခြင်း
· နှလုံးသွေးကြောကျဉ်းရောဂါ (Angina)
· နှလုံးကြွက်သားပျက်စီးရောဂါ (Myocardial Infarction, MI)
· သွေးလွှတ်ကြောမကြီးကွှဲပြတ်ရောဂါ (Dissecting aortic aneurysm) ဆွဲဖြဲထားသလိုနာသည်။
· အစာရေမျိုရောင်ခြင်း (ပူ၍နာသည်) (esophagitis)
· အစာရေမျိုကြွက်သားကျုံ့ခြင်း (Esophageal spasm)
· အစာရေမျိုစုတ်ပြဲခြင်း (Esophageal tear)

ရင်ဘတ်ပေါ်တွင်နာခြင်း
· နံရိုးကျိုးခြင်း
· ရေယုန်ကြီး (herpes zoster) အရေပြားအနာဦးစွာ ပေါက်မည်။
· ရင်ဘတ်အရိုးနု ရောင်ခြင်း (Tietze’s syndrome)
· အာရုံကြောပိမိခြင်း

ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများ
စိတ်စိုးရိမ်ပူပန်ခြင်း၊ ကျောရိုးမကြီး ပျက်စီး၍ အာရုံကြောပိမိခြင်း သို့မဟုတ် ၀မ်းဗိုက်တွင်းပြဿနာ တစ်ခုခုကြောင့် (ဥပမာ – သရက်ရွက်ရောင်ခြင်း (pancreatitis), အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer), သည်းခြေပြွန်ရောင် ရောဂါ (biliary tree disease) တို့ကြောင့်ဖြစ်တတ်ပါသည်။
ထို့အပြင် အထက်ကဖော်ပြခဲ့သော ရောဂါများသည်လည်း ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများအနေဖြင့် ဖြစ်လာတတ်ပါသည်။

ဥပမာ အန္တရာယ်ရှိသော နှလုံးကြွက်သားပျက်စီးရောဂါ (MI) သည်ဗိုက်အောင့်ခြင်း မေးရိုးတွင်နာခြင်း အနေဖြင့်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်တွင် လက္ခ္ခ္ခဏာတစ်ခုခု ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ရင်ဘတ်အောင့်ခြင်း၏ ရောဂါရာဇ၀င်ပေါ်မူတည်ခြင်း
အဓိကကတော့ သင့်ရဲ့ ရာဇ၀င်ပေါ်မူတည်ပြီး သင့်ရဲ့ရောဂါကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ယခင်ကဖြစ်ခဲ့တဲ့ ရောဂါနှင့် လူနေမှုပုံစံ (ဥပမာ – သွေးတိုး၊ ဆေးလိပ်သောက်သုံးမှု) နဲ့ သင့်ရဲ့ယခင်ဆရာဝန်နဲ့ ပြသခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ဆရာဝန်က မေးပါလိမ့်မယ်။ ဒါ့အပြင် လူမှုရေးအဖြစ်အပျက်များ (အလုပ်အကိုင်၊ ဆေးဝါးများသုံးစွဲနေရခြင်းနဲ့ စိတ်ခံစားမှု အခြေအနေများ – ဥပမာ- စိုးရိမ်သောကစိတ်များ၊ စိတ်ဖိစီးမှုများ) ကိုလည်းမေးမြန်းပါလိမ့်မယ်။ ဒါတွေမေးပြီးတော့မှ အဲ့ဒီအပေါ် မူတည်ပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်မှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ တချို့မေးခွန်းတွေကို မဆိုင်တာတွေ မေးနေတယ်လို့ မထင်စေချင်ပါ။

သင့်မှာ ဘယ်လိုရင်ဘတ်အောင့်မှုမျိုးရှိလဲ
စတင်အောင့်ပုံနှင့် အောင့်မှုပုံစံ
အရေးကြီးသော နှလုံးရောဂါများသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်းအောင့်လာသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စိတ်ခံစားမှု၊ ရာသီဥတုအေးခြင်းတို့တွင် အောင့်လာတတ်သည်။
နှလုံးသွေးကြောကျဉ်းရောဂါတွင် ရင်ဘတ်အောင့်ခြင်းသည် အနားယူခြင်းနှင့် sub-lingual nitroglycerin (NTG) ဟုခေါ်သော လျှာအောက်တွင်ငုံရသည့် ဆေးနှင့်သက်သာသွားတတ်ပါသည်။

မတည်ငြိမ်သော နှလုံးသွေးကြောကျဉ်းရောဂါ (Unstable angina) တွင်မူ ရင်ဘတ်အောင့်ခြင်းသည် အနားယူနေစဉ်တွင်လည်း ဖြစ်ပေါ်လာနိုင်သည်။ အောင့်လိုက်ပျောက်လိုက်ဖြစ်နေပြီး တခါတရံပြင်းထန်လိမ့်မည်။
နှလုံးကြွက်သား ပျက်စီးရောဂါ (MI) တွင်ရင်ဘတ်အောင့်မှုသည် ပြင်းထန်လိမ့်မည်။ တခါတရံတွင် ပျို့ခြင်း၊ အန်ခြင်း၊ ချွေးပျံခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပြီး အနဲဆုံးမိနစ် သုံးဆယ်ခန့်ကြာတတ်ပါသည်။

အဆုတ်တွင်လေပိတ်မိသောရောဂါ (pneumothorax) နှင့် အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) တွင်မူ နာကြင်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသည်။
ရင်ဘတ်အောင့်ခြင်းသည် အန်ခြင်းနောက်တွင်မှ ဖြစ်ပေါ်ခြင်းနှင့် အထူးသဖြင့်တွင် သွေးအန်ခြင်းနှင့်အတူ ဖြစ်ပါက အစာရေမျိုရောဂါကြောင့် (esophageal disease) ဖြစ်တတ်ပါသည်။

သင်ရင်ဘတ်အောင့်ခြင်းသည် သင်ဘာလုပ်နေစဉ်တွင် အောင့်သည်ဆိုခြင်းသည် အရေးကြီးသည်။ ထိုအချက်မှ သင်သည် ဆရာဝန်အား တန်ဖိုးရှိသော အချက်ကိုပြောပြနိုင်ပါလိမ့်မည်။

အောင့်သောနေရာနှင့် ပျံ့နှံ့သွားပုံ
နှလုံးရောဂါများသည် ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပါသည်။ နှလုံးကြွက်သားရောဂါတွင် နာကျင်
မှုသည် မေးရိုး၊ လည်ပင်း၊ လက်မောင်းတို့ကို ပျံ့နှံ့သွားတတ်သည်။ နှလုံးသွေးလွှတ်ကြောမကြီးလွှဲပြတ်ရောဂါ (dissecting aortic aneurysm) တွင် နာကျင်မှုသည် လက်ပြင်ရိုးကြားတွင် ဆွဲဖြဲထားသလို နာတတ်သည်။

အဆုတ်နှင့်သက်ဆိုင်သောရောဂါတွင် တဖက်တည်းတွင် နာတတ်ပြီး သင်သည်ထိုနေရာကို အတိအကျထောက်ပြနိုင်လိမ့်မည်။
အစာရေမျိုရောဂါသည်လည်း ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပြီး နှလုံးအောင့်ခြင်းနှင့် ဆင်တူ ပါသည်။
ကျောရိုးပျက်စီးရောဂါနှင့် ရေယုန်ကြီးတို့တွင် နာကျင်မှုသည် သက်ဆိုင်ရာ အာရုံကြောထောက်ပံ့သော နေရာတွင် ဖြစ်လိမ့်မည်။

နာကျင်မှုအခြေအနေ
သင်၏ နာကျင်မှုအခြေအနေသည် ရောဂါအရင်းအမြစ်ရှာဖွေခြင်းအတွက် အရေးကြီးသောသဲလွန်စလည်း ဖြစ်သည်။ (ဥပမာ – ကွဲပြတ်သလို၊ စူးစူးရှရှ ပူပြီးအောင့်ခြင်း၊ စူးဖြင့်ထိုးထားသလို)

သင့်တွင်တခြားဘာလက္ခ္ခ္ခဏာတွေ ရှိသေးသလဲ
အရေးကြီးတဲ့ ပူးတွဲလက္ခ္ခ္ခဏာတွေကတော့
· မောခြင်း – အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism)၊ အဆုတ်ရောင်ရောဂါ(pneumonia)၊ အဆုတ် လေပိတ်မိသော ရောဂါ(pneumothorax)၊ နှလုံးရောဂါမှ အဆုတ်ရေမွန်းရောဂါ(pulmonary edema)ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ် များကြောင့် ဖြစ်သောအသက်ရှူမြန်ခြင်း။

· ချောင်းဆိုးခြင်း
o အဆုတ်ရောဂါကြောင့်ဖြစ်သော သလိပ်ကပ်ခြင်း၊
o အဆုတ်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော ချောင်းဆိုးသွေးပါခြင်း
o အဆုတ်ရေမွန်းခြင်းကြောင့်
· Rigors – အဆုတ်ရောင်ခြင်း
· ခြေသလုံးရောင်ခြင်း
o အဆုတ်သွေးကြောပိတ်ရောဂါသည် သွေးပြန်ကြောသွေးခဲကြောင့် ဖြစ်ခြင်း
o နှစ်ဖက်လုံးရောင်ခြင်းသည် နှလုံးမောခြင်း(Heart failure) ကြောင့်ဖြစ်နိုင်သည်။
· ရင်တုန်ခြင်း
o နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသည်။
o နှလုံးကြွက်သားရောဂါကြောင့်လည်း ဖြစ်နိုင်သည်။
o အဆုတ်သွေးကြောပိတ်ခြင်း(PE) ၊ အဆုတ်ရောင်ခြင်း(pneumonia) ကြောင့်လည်း ဖြစ်နိုင်ပါသည်။

အေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ချွေးစေးပျံခြင်းတို့သည် နှလုံးကြွက်သား ပျက်စီးရောဂါ(MI) သို့မဟုတ် ပြင်းထန်သောအဆုတ်သွေးကြောပိတ်ရောဂါကြောင့် ဖြစ်နိုင်ပါသည်။

ရောဂါဖြစ်ခြင်းကို အားပေးစေသောအချက်များ သင့်တွင်ရှိလား
နှလုံးကြွက်သားရောဂါ – ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးတွင်ထိုရောဂါ ရှိခြင်း၊ (cholesterol) များခြင်း၊ သွေးတိုးရောဂါ (hypertension)၊ ဆီးချိုသွေးချိုရောဂါ (Diabetes)၊ အမျိုးသားဖြစ်ခြင်း၊ အသက်ငါးဆယ်ကျော်ခြင်း။

အဆုတ်သွေးကြောပိတ်ရောဂါတွင် –
လတ်တလောတွင်ခရီးသွားလာခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ခွဲစိတ်မှုခံထားရဖူးခြင်း၊ မျိုးရိုးရာဇ၀င်ရှိခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း။
အဆုတ်တွင်းလေပိတ်မိခြင်းတွင် – လူငယ် ပိန်ပိန်ပါးပါးအမျိုးသားများ ထိခိုက်မှုရှိခြင်း၊ အဆုတ်လေအိတ်ငယ်များ ဖောင်းပွခြင်းရောဂါ (emphysema) ရှိခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အဆုတ်သလိပ်များသောရောဂါတမျိုး (cystic fibrosis)

ရောဂါရှာဖွေခြင်း
ရင်ဘတ်အောင့်သူများသည် ECG (Electrocardiogram)ဆွဲသင့်ပါသည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။

ထိုအဖြေများပေါ်မူတည်၍ တခြားစစ်ဆေးခြင်းနည်းစနစ်များ ပြုလုပ်သင့်မသင့်ကို သင့်အားစမ်းသပ်စစ်ဆေးပြီး ဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။
Health

Photo: ရင်ဘတ်အောင့်ခြင်းအကြောင်း သိကောင်းစရာ  ....(သင်  မှတ်ထားလိုက်ပါ )

သမိုင်းဝင်မကြီးမငယ်ဘုရား

ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား   
  •  
    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား မြင်ကွင်း

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  

    ဒမငယ်ကျေးရွာ၊ မကြီးမငယ်ဘုရားရှိ မြစိမ်းရောင်ဆရာတော် ဘဒ္ဒန္တ ဇောတိက ဦးစီးပြီး ဒမငယ်ကျေးရွာ ဒါယကာ/ ဒါယိကာမများ စုပေါင်း၍ ၁၃၇၂ ခုနှစ်၊ နယုန်လဆန်း(၁၅) ရက်နေ့တွင် စတင်ခဲ့ပြီး ၀ါခေါင်လပြည့်ကျော်(၅)ရက်နေ့ တွင် ပြီးစီးသည့် အနန္တ သဗ္ဗသိဒ္ဓိလျှောင်းတော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  

    ဒမငယ်ကျေးရွာ မကြီးမငယ်ဘုရား  
    သမိုင်းကြောင်း ဆက်လက်ဖော်ပြပေးပါမည်...

>>>ဆက်ဖတ်ရန်>>> >>

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး