ခက်တယ်
ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို
Popular Posts
-
ဆြာပွ ရေးခဲ့ဘူးတဲ့ ပို့တစ်ခုပါဘဲ ..... .စိုက်နည်းစနစ်နဲ့ နည်းပညာကျွမ်းကျင်လို့မဟုတ်ပါဘူးလက်တွေ့မှာဖတ်ဖြစ်ခဲ့တဲ့ဂျာနယ်အချို့က ဖော်ပြချက...
-
This summary is not available. Please click here to view the post.
-
နည်းနည်းချင်းဖော်ပြပေးသွားပါမယ်....အမှတ်တရတော့ အကြံပြုသွားအုံးနော်..... www.astro.com မိမိမွေးသက္ကရာဇ်ကို Free horoscope မှာ ထည့်သွင်းပြီး...
-
အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ရယူနိုင်မယ့်နေရာ အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ အင်္ဂလိပ်စကားပြော ...
-
7Day news ဂျာနယ် မှ ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ရင်သွေးငယ်ရယူရန် ဆုံးဖြတ်ထားသည်ဆိုပါက အောက်ပါစာမူကို ဖတ်ရန်တိုက်တွန်းအပ်...
-
onlinelover.weebly.com နည်းပညာရော အွန်လိုင်းရေဒီယိုနဲ့ သီချင်းလေးတွေဒေါင်းလုလုပ်နိုင်တဲ့ ဆိုဒ်လေးပါ http://infinityblue.multiply.com/journ...
-
အောင်ဘာလေထီပေါက်စဉ် http://myanmarlottery.com အောင်ဘာလေထီကို အွန်လိုင်းပေါ်မှ ထီတိုက်နိုင်ရန် အကြိမ် 240 မှစ၍ လွှင့်တင်ထားသည်၊ http://...
-
Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း Samsung Galxy Series ဖုန်းတွေတိုင်းအတွက် မြန်မာဖောင့်သွ...
-
နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပ...
-
၁.IDM ကို ဖွင့်လိုက်ပါ ၂.Opiton ဆိုတာကိုနှိပ်ပါ ၃.အပေါ်က Connection ဆိုတာကို ရွေးနှိပ်ပါ.. ၄.ညာဘက်က Speed တန်ဖိုးကို ဖျက်လိုက်ပါ ...
No comments:
Post a Comment