အ ရေးဆို ငပွတို့ ဈေးရောင်းပြီ .....
ကဲဒီည တော့ ကိုပွရဲ့ အိပ်ရေးပျက်တဲ့ညများ အခန်းဆက်အ နေနဲ့ ငပွ အထက်တန်းကျောင်းသားဘဝက အ ရေးကြုံလူထူပြီဆို ဈေးရောင်းဖြစ်တာလေး စလိုက်ကြရ အောင် ....
မ နေ့က ရှာလိုက် ရတာကိုပွရယ် ပို့မှာ အခန်းဖော်သူငယ်ချင်းတစ်ယောက်က အထက်တန်းကျောင်းသားဘဝက သတိရစရာလေးတွေ ရေးပေးအုံးဟယ် .. ငါလည်း သတိရလို့ ဆိုတဲ့ ကွန်းမန့် လေးတွေ့လို့လည်း ဒီပို့လေးရေးဖြစ်ဖို့ စိတ်ကူးရသွားတာပါ ....
စပြီဗျိုး ... ကိုပွ ၉ တန်းတက်တော့ ဝိဇ္ဇာ သိပ္ပံခွဲတဲ့အခါ ငပွက ဝိဇ္ဇာတွဲလေ ... ဝိဇ္ဇာခြမ်းဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ္ပံတွဲသမားတွေလောက် စာမ တော်တဲ့ အပြင်စာကျက်ပျင်းတာ ဗျင်းတာများတယ် .... ဒါပေမယ့် အဲထဲမှာတော့ ကိုပွက စာတော်တယ်ဗျ ခွီး ...
ကိုယ့်ဂုဏ်ကိုယ်ဖော်ရေးတာမဟုတ်ဘူး တကယ်ပြောတာပါဗျာ ကိုပွက ဆရာစာပြန်ခိုင်းပြီဆို မိန်းခ လေးစာတော်တဲ့သူတွေနဲ့ အလုအယက် အပြိုင် ကိုပြန်တာလေ ယောင်္ကျားလေးတွေအခြမ်းမှာတော့ ကိုပွက အားထားရာပေါ့ဗျာ ....
ဘာလို့ဆိုပြောပြမယ် .... ကိုပွတို့အခန်းမှာ ဆရာကြီး နာမည်တော့ ရေးတော့ဘူးဗျာ (ချစ်စနိုးနဲ့ အ နော်တို့ ခေါ်တဲ့ ဆရာကြီး အောင် ထွန်းလေး လို့မှတ်ထားပေးဗျာ) ဆရာကြီးက အေးပေမယ့် စာမေးကြမ်းတယ် ဆရာကြီး အချိန်ဆို စာမေးတာနဲ့ စာပြန်ဖို့ လုပ် ရ တော့တာပဲ .... ဟီး ဆရာကြီး ကိုမထီမဲ့မြင် လုပ်ရေးတာ မဟုတ်ပါဘူး ဟာသပို့ အ နေနဲ့ ဖန်တီးရေးတယ်လို့ နားလည်ပေးပြီး မှားတာရှိ ဝန္ဒာမိ ကန်တော့ပါတယ် ဆရာကြီး ခင် ဗျာ ...
ဒီလိုပါဗျာ ... ကိုပွတို့အခန်းက စတိတ်နဲ့ စတိတ်ပေါ်မှာ စားပွဲတင်ပြီး ဆရာတွေ ထိုင် ရတာဆိုတော့ တမံတလင်းက နေလက်ပိုက် မတ်တပ်စာပြန် ရင် ဆရာကြီးနဲ့ နည်းနည်းလှမ်းတယ်လေ .... ဆရာကြီးအချိန် ရောက်ပြီဆို အရမ်းသိသာတယ် စာတော်တဲ့ကျောင်းသူတွေက စာအုပ်လေးတွေကိုင်ပြီး အလုအယက်ထွက်ပြန်ကြတာပေါ့ ...သူတို့နဲ့အပြိုင် ငပွလည်းထွက်ပြီးသားလေ ... ကိုပွက နောက်ဆုံး နံရံထောင့်မှာကပ်ထိုင်တော့ တခါတ လေ ဘယ်တစ်ယောက် ညာတစ်ယောက်ပြန်နေတာ ဦးရင် ရပ်စောင့်ရ တဲ့ အခါလည်း ရှိတာပေါ့ .... ခင် ဗျားတို့သိတဲ့ အတိုင်းပဲ ဆရာဆီမှာ စာပြန် ရ တော့မယ့်အချိန်ဆို ကျက်လိုက် ဖတ်လိုက်တဲ့စာ ....ဆူညံနေတာပဲ ....ငပွတောင် နားမခံနိုင် တာ ဆရာကြီးဆိုတွေးကြည့်ပေါ့ဗျာ .... အော် ဆရာကြီးက Eco ဗျ အဲတုန်းက Eco က အင်္ဂလိပ်လိုဆိုတော့ အ တော်ကျက် ရတာပါပဲ ရှေ့စာလုံး နောက်စလုံးကလည်း ရောချင်သေးတယ် ...
ကိုပွ စာတော်ပါတယ်ဆိုတဲ့ ကျောင်းသူတွေနဲ့ အပြိုင် အမြဲတမ်းထွက်ထွက်ပြန်တာချည်းပဲဆိုတော့ အများကြားထဲ ငပွစာတော်တဲ့ ကျောင်းသားပဲလေ ...ဟဲ ..စာပြန်ပြီးပြီဆို အတန်းထဲ အေးဆေးလေ ဆရာကျနေလို့ရတယ် စကားပြောလိုက် ဆော့နေလိုက်နေ ဆရာပြောတော့ဘူးလေ ... ခင် ဗျားတို့လည်း စာပြန်ပြီး ပေါ့ပါးလွတ်လပ်သွားတဲ့ အရသာ ခံစားဘူးမှာပါ ...
အဲလိုဗျာ စာပြန်ပြီဆို စာတော်တဲ့ ကျောင်းသူကတစ်ဖက် ကိုပွက တစ်ဖက်ပေါ့ ... စာအလုအယက်ပြန်ကြတာ ... ငပွတို့ စာလုပြန်ပြီဆို စာကျက်သံတွေက ဆူညံထွက်လာပြီလေ .... တစ်ဖက်က စာတော်တဲ့ ကျောင်းသူပြန်သလို ကိုပွလည်းပြန်ပြီလေ .... ဟဲ ... ငပွတို့ ရတာတွေ အလုအယက်ပြန်ပြီလေ အဆိုတော်ရသလို ရက်ပါတောင် ကိုပွကို မှီပမလား မသိဘူး ... မြန်ချက်က သည်အီကိုနော့မစ် အစ်သည် ဆိုပြီး ရောင်းလိုက်တဲ့ ဈေး .., ဒူးယားရမယ် မွန်ထရီရမယ် ခ ပေါင်းရမယ် လပ်ကီးစတိုက်အန် မိုင်းဆဲဗင်း ထရယ်ဗယ်ဖိုက် ဘင် စင် အမ် ကွမ်းယာ ... ကွမ်းယာ ....ဟောဒီမှာ ဆင်နှစ်ကောင် အပြိုင် ဆွဲလို့ ဖင် ထိုင် လဲမယ့် ဆင် မနိုင် အပ်ချည် ရမယ် ...နည်းတယ်ထင် လို့ စိတ်တိုင်းမကျဖြစ်နေလား ပရုတ်လုံးလေးတစ်ထုပ်က လက်ဆောင် ပေးအုံးမယ်ဗျ .... နည်းသလား နည်းတယ်ထင် ရင် နားဖာက လှော်တံလေးက တစ်ချောင်းခင် ဗျ....... ဟီး ဘယ်နဲ့တုန်း ငပွ စာပြန်တာ .... ဒါတောင် တစ်ချက်တစ်ချက် ဆရာကြီးက ဘာ .... ဆိုလို့ စာမေ့ချင် ယောင်ဆောင်ပြီး အစကပြန်ကောက် ရွတ် ရတာရှိသလို တစ်ခါတစ်လေ မ ချောင် လို့ထစ်နေရင် တပည့် မင်း မရ သေးပါဘူး သွားသွား ပြန်ကျက်ချေအုံးဆိုလို့ ပြန်လာရတာလည်းရှိတယ်ဗျ .... အဲတာက တော့ ငပွ အ ရေးကြုံ လူထူရင် ဈေးထ ရောင်းဖြစ်တာလေး အတန်းဖော်သူငယ်ချင်း သတိပေးမန့် တာလေးတွေ့လို့ ရေးပေးလိုက်တာ ... အိပ်ရေးပျက်ပြီး အိပ်မ ပျော်တဲ့ညမှာ စိတ်အပျင်းပြေ အောင် ဟာသပို့လေးဖန်တီးပြီး ပျော်တော်ဆက်တဲ့ သ ဘောပါ ...
ဆိုးတဲ့တပည့်ကို ချစ်ခဲ့တဲ့ ဆရာကြီး ခင် ဗျာ ... သတိရမိတဲ့ အ ကြောင်း ဒီပို့ လေးရေးပြီး မှားတာရှိ ဝန္ဒာမိ အရိုအ သေပြု ကန်တော့ပါတယ် ဆရာကြီး ခင် ဗျာ ..,
တပည့်ဆိုး ....
ကိုကြီးပွ (မိုက်ကယ်လင်း)
No comments:
Post a Comment