Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

“သေခြင်းတရား”

“သေခြင်းတရား”
==========
“သေခြင်းတရား”
••••••••••••••••••••••••
ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

 (၁) အသက်တမ်းကုန်၍ သေခြင်း။

(၂) ကံစွမ်းကုန်၍ သေခြင်း။

(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။

(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

 သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။

 ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

 (၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့်
 ရှေးတုန်းက ပြုခဲ့သော
 (မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) 
ကုသိုလ်ကံ, အကုသိုလ်ကံ။

 ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။

(၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။

(ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, 
ဆွမ်းအလှူ စသည်)တို့ထင်ပေါ်တတ်၏။ 
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ 
ဒွါရခြောက်ပါး၌ ထင်၏။

(၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။

(ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), 
“ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ” 
(ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ 
နတ်သား၊ နတ်သမီး)ပေါ်တတ်၏။ 

ပဋိသန္ဓေအကျိုးပေးတော့မည့် ကံ ၊ 
ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.သည် မသေမီ ဘ၀မှ မဟုတ်ဘဲ

ရှေးရှေးဘ၀များစွာက လည်း ကံ ၊ ကံမ္မနိမိတ် နှင်.
ဂတိနမိတ် တို.လည်း ဖြစ်နိုင်ပါသည်။

(အကျယ်ကို ကံမ္မဖလသုတ်တော်တွင် ဖတ်ရှုနိုင်သည်။)

 ထိုသို.တစ်ဘ၀၏ နောက်ဆုံးစိတ်(စုတိစိတ်)ဖြစ်ပြီးနောက် 
အခြားမရှိ နောက်ဘ၀တွင် ပဋိသန္ဓေစိတ် ဖြစ်သည်။

အခြားမရှိဆိုသည်မှာ တဆက်တစပ်ထဲဖြစ်သည်ကိုဆိုလိုသည်။

♦ သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန် 
ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။

သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ 
အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် 
ဘဝသစ်၌ ဆက်လက်ပါလာ၏”

ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

♦ “ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ 
အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင်

ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

♠  ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ
 “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊
တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

♠  ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက 
ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်းမဟုတ်။ 
ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

♠  တောင်အနီး၌ ဟစ်အော်သော အသံသည်
 တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’
ပြန်ထွက်လာသကဲ့သို့တည်း။
ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ 
မူလအော်သံနှင့်ကင်းလျက်လည်း မဖြစ်နိုင်။

 ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက 
ရုပ်နာမ်အဆက်လည်း မဟုတ်၊

 ဘဝဟောင်းက အဝိဇ္ဇာ ၊ တဏှာ၊ သင်္ခါရ အကြောင်း
များနှင့်လည်း မကင်းနိုင်။

 ♠ ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် 
ပထမဆီမီး၏ အဆက်လည်း မဟုတ်၊
ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊

♠ တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ 
  အဆက်လည်း မဟုတ်၊
 မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။
 
ကိုးကား 
(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

No comments:

Post a Comment

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး