Popular Posts

picture widgetspicture widgetspicture widgetspicture widgetspicture widgetspicture widgets

UNHCR ရုံးရှေ့ဆန္ဒပြ ..

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြ
င့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More -> http://goo.gl/8BoqK



UNHCR ရုံးရှေ့  ရိုဟင်ဂျာနှင့် ပတ်သတ်သည့် ဆန္ဒဖော်ထုတ်မှု တစ်ရပ် ဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၃

ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟူသော စာတန်းများ ကိုင်ဆောင်သူ ၂၀ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်
အတူယှဉ်တွဲ နေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ချခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေး ပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ချဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်
ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

ထို့နောက် “ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ
ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ”ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။
UNHCR ရုံးရှေ့  ရိုဟင်ဂျာနှင့်ပတ်သတ်သည့် ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား။ 

Nattalin Township

သူရိယ အလင်း - လိုင်းပေါင်းစုံ

ရောင်တော်ဖွင့်လူငယ်အဖွဲ့ လှုပ်ရှားမှု(နတ်တလင်းမြို့)

HEART TO HEART

ဟိတကာရီ နာရေးကူညီမှုအသင်း

DoReMe

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

ရဲဇာနည်

Eleven Media Group

Shwemyanmar media group

Health Articles

အိပ်ရေးပျက်တဲ့ညများ

နောက်တစ်ကြိမ် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဆက်လက်ကြိုးစားပေးပါမယ် .... တာရာ ပွကြီး