ကွမ်းစားမယ်ဆိုရင်စဉ်းစား ...
ကွမ်းပင်မျိုးနွယ်စုမှာ အကြမ်းခံ သက်တမ်းရင့်မဟုတ်ပေမဲ့ ကွမ်းစားသူတွေ တိုးပွားလာခြင်းကြောင့် ကွမ်းခြံတိုးချဲ့စိုက်ကြတယ်၊ အသန့်ကြိုက်ကြသဖြင့် ကွမ်းခြံကွမ်းပင်များကို တယုတယ ဂရုစိုက်ကြရတယ်၊ အရွက်မှာ ပျော့ပျောင်းပြီး အရိုးနှင့် အပင်မှာ သေးသွယ်သည်၊ အရင်းအနှီးများပြီး ရှုံးလွယ်မြတ်လွယ်တယ်၊ အောင်မြင်တဲ့ကွမ်းရှိသလို၊ အအောင်မြင်တဲ့ ကွမ်းလည်းရှိတယ်၊ အောင်မြင်လိုသည့်စိတ်ကြောင့် လူအမျိုးမျိုးကို ဆရာတင်ကြတယ်၊ တစ်ဦးလုပ်လျှင်ရှေ့မှလုပ်သွားသည့် နည်းအ တိုင်းလိုက်လုပ်သူတွေ ဆင့်ပွားလာတယ်၊ နီးစပ်ရာခြံများမှ အဆင့်ဆင့်အတုယူသော အလေ့အထ ဖြစ်နေတယ်၊
မျိုးပင်အဖြစ် အသုံးပြုမယ့် ကွမ်းညွန့်ကို မစိုက်ပျိုးမီ ဆေးစိမ်ရခြင်းမှာ ကွမ်းတွင် ရောဂါပါလာလျှင်ရောဂါစင်သွားရန်နှင့် ကွမ်းပင် သန်စွမ်းစေရန်ဖြစ်တယ်လို့သိရပါတယ်၊ ပုဂ္ဂလိကကုမ္ပဏီများမှ ထုတ်လုပ်ရောင်းချတဲ့ စိုက်ပျိုးရေးသုံးဆေးများအပြင် လူသားတို့ ရောဂါကုသရာတွင် အသုံးပြုနေတဲ့ ပဋိဇီဝဆေးများ(Antibiotics)များကိုပါ ရောစပ်အသုံးပြုလျှက်ရှိတယ်၊
၎င်းဆေးဝါးများမှာ Streptomycin (စထရက်တိုမိုင်စင်)၊ Rifanpicin (ရီဖာပီစင်)၊ Cicatrin Powder (စီကာထရင့်မှုန့်)စသည်တို့ဖြစ်တယ်၊ စိုက်ပျိုးရေးကုမ္ပဏီမှထုတ်သည့်စိုက်ပျိုးရေးဆေးများနှင့် ပဋိဇီဝဆေးဝါးများကို ဇလုံကြီးတစ်ခုအတွင်း ဖျော်ပြီး ကွမ်းစိုက်ပျိုးသူတိုင်းလိုလိုပင် အသုံးပြုနေတယ်၊ Streptomycin (စထရက်တိုမိုင်စင်)ထိုးဆေးမှာ အမှုန့်ဖြစ်ပြီး မိုးရေဖြင့် ရောစပ်၍ အဆုပ်တီဘီရောဂါဝေဒနာသည်များ ကုသသောဆေးဝါးဖြစ်တယ်၊ Rifanpicin (ရီဖာပီစင်)ဆေးမှာ အဆုတ်တီဘီရောဂါနှင့် အနာကြီးရောဂါကုသရာတွင် အသုံးပြုသော ဆေးဝါးဖြစ်တယ်၊ Cicatrin Powder (စီကာထရင့်မှုန့်)မှာ အနာကျက်စေရန်သုံးသောဆေးဖြစ်ပါတယ်၊ ၄င်းဆေးများကို ဆေးရောင်းချသောဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိပါတယ်၊ ကွမ်းတစ်ထောင်စိုက်မယ်၊ နှစ်ထောင်စိုက်မယ် ပြောပြတယ်၊ ဆေးရောင်းချသူများက ကွမ်းညွန့်အရေအတွက်ကို မေးပြီး အထက်ဖော်ပြပါဆေးများကို ရောင်းချပေးတယ်၊ ရောဂါဝေဒါနာများကုသရာတွင် သုံးသော အစွမ်းထက်ဆေးဝါးများကို ကွမ်းစိုက်ရာတွင် သုံးနေခြင်းမှာ (Misused)အလွဲသုံးနေခြင်းဖြစ်သကဲ့သို့ ကွမ်းစားနေသူ လူအများကိုလည်း ၄င်းဆေး၏ အကျိုးဆက်များမသက်ရောက်ပါလို့ မပြောနိုင်ပါ၊ တချို့နေရာများတွင် လူတို့အသက်ကယ်ဆေးဟု အပြောများသော Solucortef (ဆော်လူကော့တက်)ကိုပင် ရောဂါဝင်သော ကွမ်းပင်များကို ထိုးပေးတယ်ဟု သိရတယ်၊ အလွန်ပင်အန္တရယ်များသော ဆေးအလွဲသုံးနေမှုများဖြစ်နေသဖြင့် ကွမ်းစားမယ်ဆိုရင် စဉ်းစားကြပါရန် ရေးသားလိုက်ရပါတယ်။
2.8.2012 ကြေးမုံသတင်းစားပါ ချစ်ဦး(အင်းမ)၏ ပို့အားဖော်ပြပေးခြင်းဖြစ်ပါသည်....
Popular Posts
-
ဆြာပွ ရေးခဲ့ဘူးတဲ့ ပို့တစ်ခုပါဘဲ ..... .စိုက်နည်းစနစ်နဲ့ နည်းပညာကျွမ်းကျင်လို့မဟုတ်ပါဘူးလက်တွေ့မှာဖတ်ဖြစ်ခဲ့တဲ့ဂျာနယ်အချို့က ဖော်ပြချက...
-
This summary is not available. Please click here to view the post.
-
နည်းနည်းချင်းဖော်ပြပေးသွားပါမယ်....အမှတ်တရတော့ အကြံပြုသွားအုံးနော်..... www.astro.com မိမိမွေးသက္ကရာဇ်ကို Free horoscope မှာ ထည့်သွင်းပြီး...
-
အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ရယူနိုင်မယ့်နေရာ အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ အင်္ဂလိပ်စကားပြော ...
-
7Day news ဂျာနယ် မှ ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ရင်သွေးငယ်ရယူရန် ဆုံးဖြတ်ထားသည်ဆိုပါက အောက်ပါစာမူကို ဖတ်ရန်တိုက်တွန်းအပ်...
-
onlinelover.weebly.com နည်းပညာရော အွန်လိုင်းရေဒီယိုနဲ့ သီချင်းလေးတွေဒေါင်းလုလုပ်နိုင်တဲ့ ဆိုဒ်လေးပါ http://infinityblue.multiply.com/journ...
-
အောင်ဘာလေထီပေါက်စဉ် http://myanmarlottery.com အောင်ဘာလေထီကို အွန်လိုင်းပေါ်မှ ထီတိုက်နိုင်ရန် အကြိမ် 240 မှစ၍ လွှင့်တင်ထားသည်၊ http://...
-
Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း Samsung Galxy Series ဖုန်းတွေတိုင်းအတွက် မြန်မာဖောင့်သွ...
-
နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပ...
-
၁.IDM ကို ဖွင့်လိုက်ပါ ၂.Opiton ဆိုတာကိုနှိပ်ပါ ၃.အပေါ်က Connection ဆိုတာကို ရွေးနှိပ်ပါ.. ၄.ညာဘက်က Speed တန်ဖိုးကို ဖျက်လိုက်ပါ ...
No comments:
Post a Comment