ရန်ကုန်မြို့ရှိ လမ်းမကြီးများ၏ လမ်းလယ်ကျွန်းနေရာများတွင် ကွန်ကရစ်တုံးများတပ်ဆင်
ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ ထူထပ်များပြားပြီး လမ်းလယ်ကျွန်းမရှိ သေးသည့် လမ်းမကြီးများ၊ လမ်းလယ် ကျွန်းနေရာတွင် နှစ်ဖက်မျက်နှာချင်းဆိုင် ယာဉ်ကြောအကြား အတားအဆီးအဖြစ် ကွန်ကရစ်တုံးများ တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ကွန်ကရစ်တုံးများတပ် ဆင်ထားသဖြင့် မျက်နှာချင်းဆိုင် ယာဉ်ကြောသို့ လမ်းပြောင်းပြန်ကျော်တက် မောင်းနှင်လေ့ရှိသည့် စည်းကမ်းမဲ့ယာဉ်များကြောင့် ဖြစ်ပွားတတ်သည့် ယာဉ်မတော်တဆမှုများကို တားဆီး နိုင်မည်ဖြစ်သည့်အပြင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောသို့ ဖြတ်ဝင်ကာ တန်းစီမောင်းနှင်နေသည့် ယာဉ်တန်း များအတွင်းသို့ ပြန်လည်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် မလိုလားအပ်ဘဲ ယာဉ်ကြောများ ပိတ်ဆို့မှုကိုလည်း တားဆီးနိုင်မည်ဖြစ်သည်ဟု သိရသည်။
''စည်းကမ်းမဲ့ ယာဉ်မောင်းတွေရဲ့ ယာဉ်ကြောလုပြီး မျက်နှာချင်းဆိုင်ယာဉ် ကြောကနေ အတင်းဖြတ်ကျော် တိုးဝင် တာကြောင့် တန်းစီစောင့်နေရတဲ့ ယာဉ်တန်းဟာ ရှေ့မတိုးနိုင်တော့ဘဲ ယာဉ်ကြောကျပ်နေတာတွေ မကြာ မကြာကြုံရပါတယ်။ ဒီလိုမျက်နှာချင်း ဆိုင်ယာဉ်ကြောကနေ ပုံမှန်ယာဉ်ကြောကို လုဝင်တဲ့အတွက် ယာဉ်မတော်တဆမှုတွေ မကြာမကြာဖြစ်လေ့ရှိပါ တယ်။ အခုဒီလိုဆောင်ရွက်လိုက်တဲ့ အတွက် ခုနက မတော်တဆမှုတွေကို တားဆီးသွားနိုင်မှာပေါ့''ဟု ရန်ကုန်မြို့ ခံယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိ လမ်းလယ်ကျွန်းနေရာတွင် ကွန်ကရစ်တုံးများ အစားထိုးခြင်း လုပ်ငန်းကို ရန်ကုန်မြို့ရှိ လေးထောင့် ကန်လမ်းမကြီး၌ ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ ထူထပ်များပြားပြီး လမ်းလယ်ကျွန်းမရှိ သေးသည့် လမ်းမကြီးများ၊ လမ်းလယ် ကျွန်းနေရာတွင် နှစ်ဖက်မျက်နှာချင်းဆိုင် ယာဉ်ကြောအကြား အတားအဆီးအဖြစ် ကွန်ကရစ်တုံးများ တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ကွန်ကရစ်တုံးများတပ် ဆင်ထားသဖြင့် မျက်နှာချင်းဆိုင် ယာဉ်ကြောသို့ လမ်းပြောင်းပြန်ကျော်တက် မောင်းနှင်လေ့ရှိသည့် စည်းကမ်းမဲ့ယာဉ်များကြောင့် ဖြစ်ပွားတတ်သည့် ယာဉ်မတော်တဆမှုများကို တားဆီး နိုင်မည်ဖြစ်သည့်အပြင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောသို့ ဖြတ်ဝင်ကာ တန်းစီမောင်းနှင်နေသည့် ယာဉ်တန်း များအတွင်းသို့ ပြန်လည်ဖြတ်ကျော်ဝင်ရောက်မှုကြော
''စည်းကမ်းမဲ့ ယာဉ်မောင်းတွေရဲ့ ယာဉ်ကြောလုပြီး မျက်နှာချင်းဆိုင်ယာဉ် ကြောကနေ အတင်းဖြတ်ကျော် တိုးဝင် တာကြောင့် တန်းစီစောင့်နေရတဲ့ ယာဉ်တန်းဟာ ရှေ့မတိုးနိုင်တော့ဘဲ ယာဉ်ကြောကျပ်နေတာတွေ မကြာ မကြာကြုံရပါတယ်။ ဒီလိုမျက်နှာချင်း ဆိုင်ယာဉ်ကြောကနေ ပုံမှန်ယာဉ်ကြောကို လုဝင်တဲ့အတွက် ယာဉ်မတော်တဆမှုတွေ မကြာမကြာဖြစ်လေ့ရှိပါ တယ်။ အခုဒီလိုဆောင်ရွက်လိုက်တဲ့ အတွက် ခုနက မတော်တဆမှုတွေကို တားဆီးသွားနိုင်မှာပေါ့''ဟု ရန်ကုန်မြို့ ခံယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိ လမ်းလယ်ကျွန်းနေရာတွင် ကွန်ကရစ်တုံးများ အစားထိုးခြင်း လုပ်ငန်းကို ရန်ကုန်မြို့ရှိ လေးထောင့် ကန်လမ်းမကြီး၌ ဆောင်ရွက်နေကြောင်း သိရသည်။
No comments:
Post a Comment