www.forestcomputer.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ကွန်ပျူတာပြဿနာအရပ်ရပ်ကို အဖြေရှာပေးနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ကွန်ပျူတာနည်းပညာနှင့်ပတ်သက်သောအကြောင်းအရာများ၊ ဆော့ဖ်ဝဲများ၊ ထုတ်ကုန်များအပြင် အခြားဆားဗစ်အများအပြားကိုတွေ့ရှိရပါတယ်။ နည်းပညာနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုဖော်ပြထားပြီး ဒီဇိုင်းပြုလုပ်ခြင်း၊ program ရေးသားခြင်း၊ Maintenance ပြု လုပ်ခြင်းတို့အတွက် အထောက်အကူပေးနိုင်သည့်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အခြား virus ပြဿနာများ၊ အင်တာနက်လုံခြုံရေးစနစ်များအတွက် information များကိုလည်းရယူနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.all-free-samples.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အိမ်၊ အစားအသောက်၊ ကွန်ပျူတာ၊ ရုံးခန်း၊ အလှအပအစရှိသည့် အကြောင်းအရာမြောက်များစွာ၏နမူနာများကို လေ့လာနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ အကြောင်းအရာအလိုက်နမူနာနှင့် အကြံပြုချက်များကို အခမဲ့ရယူနိုင်သလို ပစ္စည်းအမျိုးအစားများအလိုက် သုံးသပ်ချက်နှင့်ပြုလုပ်ပုံများကို လေ့လာနိုင်ပါတယ်။ အစားအသောက်နှင့် လူမှုအသုံးအဆောင်ပစ္စည်းများအတွက် အကြံ ပြုချက်များနှင့် လုပ်ဆောင်ပုံအဆင့်ဆင့်ကို လေ့လာနိုင်တာကြောင့် နမူနာပုံစံများရယူအသုံးပြုလိုသူတွေအတွက် အမှန်တကယ်အဆင်ပြေစေနိုင်မည့် ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.dowtheme.com
နေ့စဉ်အသုံးပြုနေကျ ကွန်ပျူတာမြင်ကွင်းကိုငြီးငွေ့နေသူတွေအတွက် ယခုဖော်ပြပေးလိုက်တဲ့ဆိုက်မှတဆင့် Theme များပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Windows Theme မြောက်များစွာကို ဖော်ပြပေးထား ပြီး အခမဲ့ရယူအသုံးပြုနိုင်ပါတယ်။ ဆိုက်အတွင်းအလွယ်တကူရှာဖွေနိုင်စေရန်အတွက် Search bar ထည့်သွင်းပေးထားပြီး Game, Sport, Cartoon စသည်ဖြင့် Theme များကိုခေါင်းစဉ်များခွဲပြီး ဖော်ပြပေးထားပါတယ်။ ဆိုက်အ တွင်း Top Download Theme များ၊ Windows 7 Theme များအပြင် အခြား 3D ပုံနှင့် Wallpaper အများအပြားကိုလည်း ရယူအသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.fontcubes.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အင်တာနက်မှတဆင့် လှပကောင်းမွန်သော Font အများအပြားကိုရယူအသုံးပြုနိုင်မည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Font အများအပြားကို အခမဲ့ရယူနိုင်စေပြီး Font များအား အက္ခရာစဉ်အလိုက်ရှာဖွေနိုင်ရန်လည်း စီစဉ်ပေးထားပါတယ်။ ဆိုက်အတွင်း Top 10 Font များနှင့် Download အရေအတွက်အများဆုံး Font များကိုဖော်ပြပေးထားပြီး Font အသွင်အပြင်များမှာ အလွန်ဆန်းသစ်လှပတာကို တွေ့ရပါတယ်။ Font များအား Windows နှင့် Mac တို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီး Font အသစ်များ၊ ပေါ်ပြူလာအဖြစ်ဆုံး Font များ၊ ဒီဇိုင်နာများဖန်တီးထားသော Font များ စသည်ဖြင့် အမျိုးအစားခွဲကာ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.emusic.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဂီတနှင့်ပတ်သက်ပြီး ၀ါသနာပါသူတွေအတွက် ရှေးခေတ်ဂန္ဓ၀င်ဂီတမှ ယနေ့ခေတ် Rock ဂီတအထိ အမျိုးအစားများခွဲခြားပြီး စုစည်းပေးထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Indie Rock, Classic Rock, Hip-Hop, R&B, Country နှင့် Jazz/ Classical စသည်ဖြင့် ခေါင်းစဉ်များခွဲခြားဖော်ပြထားပြီး သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်အ ဆိုတော်အမည်များနှင့် သီချင်းအ မည်များကို ဖော်ပြထားတာကိုတွေ့ ရပါတယ်။ ဆိုက်အတွင်း Visit အနေဖြင့် အခမဲ့အသုံးပြုနိုင်သလို Member ၀င်တစ်ရောက်အနေ ဖြင့်လည်း ၀င်ရောက်နားဆင်နိုင်ပါ တယ်။ သီချင်းအပုဒ်ပေါင်း ၆ သန်းကျော်ပါဝင်တာကြောင့် သီ ချင်းနှစ်သက်သူများအတွက် အ ဆင်ပြေစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.everything2.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ အွန်လိုင်းအဘိဓါန်အနေဖြင့် အသုံးပြုစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းသိလိုသမျှအား Search Bar မှတဆင့်ရှာဖွေရယူနိုင်ပြီး အခြား Link များကိုပါ ပြန်လည်ဖော်ပြ ပေးမှာပဲဖြစ်ပါတယ်။ Register ပြုလုပ်၍အသုံးပြုနိုင်သလို Visit အနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ ဆိုက်အတွင်းနောက်ဆုံးပေါ်နည်းပညာသတင်းများ၊ ပုံပြင်များ၊ ၀တ္ထုများ၊ မဂ္ဂဇင်းများကိုလည်း ၀င် ရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ Member ပြုလုပ်ပေးပါက မိမိဖော်ပြလိုသောအကြောင်းအရာများကို ရေးမှတ်တင်ထားနိုင်တာကြောင့် အင်တာနက်မှတဆင့် ဗဟုသုတရှာဖွေလိုသူများအတွက် အဆင်ပြေနိုင်မည့်ဆိုက်တစ်ခု ပဲဖြစ်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.pogo.com
အွန်လိုင်းမှတဆင့် ပေါ့ပေါ့ပါးပါးနှင့်ပျော်ရွှင်ဖွယ်ကောင်းသော ဂိမ်းများဆော့ကစားလိုသူများအတွက် ယခုဆိုက်လေးဟာအတော် ကောင်းမွန်ပါတယ်။ ဆိုက်အတွင်း အလွယ်တကူ သွားလာရှာဖွေနိုင် စေရန် Find Box ထည့်သွင်းပေး ထားပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ဉာဏ်စမ်းဂိမ်း၊ အားကစားဂိမ်း၊ Word ဂိမ်းများအပြင် အခြားစိတ် ၀င်စားဖွယ်ဂိမ်းပေါင်းမြောက်များ စွာကို ထည့်သွင်းဖော်ပြထားတာ ကိုတွေ့ရပါတယ်။ အွန်လိုင်းမှတ ဆင့် တိုက်ရိုက်ဆော့ကစားနိုင်သ လို Download ပြုလုပ်ကာ ရယူဆော့ကစားရာမှာလည်း အခက်အခဲမရှိပဲရယူနိုင်ပါတယ်။ ဂိမ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် တစ်ပါတ်အတွင်းအကောင်းဆုံးနှင့် လူအများအနှစ် သက်ဆုံးဂိမ်းများကိုတော့ Home Page တွင်ဖော်ပြပေးထားပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.freeflowerimages.com
သဘာဝပုံအလှအပများကို ရယူအသုံးပြုလိုသူများအတွက် ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ဟာ အတော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ ဆိုက်အတွင်း ပန်းပုံအများအပြားကိုတွေ့ရှိရပြီး အမျိုးအစားအလိုက်ခွဲခြားပေးထား တာကြောင့် အသုံးပြုရယူရာမှာ လွယ်ကူအဆင်ပြေစေမှာဖြစ်ပါ တယ်။ ထို့ပြင် E-mail လိပ်စာ အတွင်းသို့ရယူလိုပါကလည်း မိမိ E-mail Account အားထည့်သွင်း ပြီး Send Request ပြုလုပ်နိုင်ပါ တယ်။ ဆိုက်အတွင်းပန်းပုံအမျိုး အစားများအား အရောင်များနှင့် ခွဲခြားသတ်မှတ်ထားပြီး မိမိနှစ် သက်ရာအရောင်နှင့် ပန်းအမျိုးအ စားကိုအလွယ်တကူ ရယူအသုံးပြု နိုင်ပါတယ်။ ထို့ကြောင့် အရောင် စုံပန်းများကိုရွေးချယ်ရယူလိုသူ များအတွက် အဆင်ပြေမည့်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.myownbusiness.org
စီးပွားရေးနှင့်ပတ်သက်သော နည်းပညာများနှင့် အကြံဉာဏ်များကို ရယူလိုသူများအတွက် အတော်လေးကောင်းမွန်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း စီးပွားရေးဆိုင်ရာပညာရပ်များကို အခြေခံမှစ၍ အဆင့်မြင့်အထိသင်ကြားနိုင်စေရန် သင်ခန်းစာများအပြင်၊ စာအုပ်များ၊ ဗီဒီယိုဖိုင်များကို ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် စီးပွားရေးဆိုင်ရာအောင်လက်မှတ်များ၊ သင်ခန်းစာများ၊ စီမံအုပ်ချုပ်ပုံနှင့် စီမံကိန်းချမှတ်မှုများကိုပါ ခေါင်းစဉ်အလိုက် ခွဲခြားပေးထားပြီး အဆင့်ဆင့်လေ့လာနိုင်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ဘာသာစကားပြောင်းလဲအသုံးပြုနိုင်ရန် စီမံထားခြင်းကြောင့် အသုံးပြုသူအတွက် ပိုမိုအဆင်ပြေနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.zimbio.com
မိမိအားလပ်ချိန်ခဏတာအတွင်း စိတ်လက်အပန်းပြေစေရန်အတွက် မဂ္ဂဇင်း၊ ရုပ်ရှင်၊ သီချင်း နှင့် ဖက်ရှင်ဒီဇိုင်းများကိုဝင်ရောက် ကြည့်ရှုနိုင်စေမည့် ၀က်ဘ်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက် အတွင်းပေါ်ပြူလာအဖြစ်ဆုံး မဂ္ဂဇင်း ၁၀ စောင်အပြင် အခြားဖျော်ဖြေရေးအစီအစဉ်များကို ဖော်ပြပေးထားပါတယ်။ ကမ္ဘာကျော်အဆိုတော်များ၏ ဓါတ်ပုံများ၊ ဗီဒီယိုများအပြင်၊ စတိတ်ရှိုးများကိုပါ ၀င်ရောက်ကြည့်ရှုနိုင်ပြီး ဆောင်းပါးများ၊ ဟာသများနှင့် ၀င်ရောက်ကြည့်ရှုသူများ၏ အကြံပြုချက်များကိုပါ တွေ့ရပါတယ်။ ၀က်ဘ်ဆိုက်အတွင်း အလွယ်တကူ ရှာဖွေစေနိုင်ရန် Search Bar ထည့်သွင်းပေးထားပြီး Register ပြုလုပ်၍သော်လည်းကောင်း Visit အနေဖြင့်သော်လည်းကောင်း လေ့လာနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.myxer.com
ဖုန်းအသုံးပြုသူများအတွက် Ringtone များ၊ Wallpaper များ ဗီဒီယိုဂိမ်းနှင့်အခြားဖုန်း player များအား အမခဲ့ရယူအသုးံပြုနိုင်စေမည့် ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းနောက်ဆုံးပေါ် Ringtone အများအပြား နှင့် အကောင်းဆုံးနှင့်လူကြိုက်အများဆုံး Wallpaper များကို ထည့်သွင်းဖော်ပြထားပြီး အခြားဟာသများ၊ သီချင်းဖိုင်များ၊ Music Video များကိုပါ အခမဲ့ရယူနိုင်ပါတယ်။ ဆိုက်အတွင်း မိမိရှာဖွေလိုသောအကြောင်းအရာများအား အလွယ်တကူရှာဖွေပေးစေနိုင်မည့် Search Bar များပါဝင်ကာ အခြားဖုန်းစတိုးများ၊ Clip Art များအပြင် ဖုန်းအတွင်းအသုံးပြုသော Application များကိုပါ ထည့်သွင်းပေးထားပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.4hairstyles.com
အွန်လိုင်းမှတဆင့် ဆံပင်ဖန်တီးမှုပုံစံအများအပြားကို လေ့လာနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ထူးခြားဆန်းပြားလှသော ဆံပင်ပုံစံများကို ဖော်ပြထားပြီး ဆံပင်အတို၊ အရှည်၊ အလယ်အလတ်စသည်ဖြင့် ခေါင်းစဉ်များခွဲထားတာကြောင့် မိမိနှစ်သက်ရာပုံစံများကို အလွယ်တကူရှာဖွေရယူနိုင်ပါတယ်။ ယောက်ျားလေးဆံပင်ပုံစံ၊ မိန်းကလေးဆံပင်ပုံစံ စုံလင်စွာမြင်တွေ့ရပြီး မိမိအလိုရှိသောပုံစံများကို အခမဲ့ရယူကာ အသုံးပြုနိုင်ပါတယ်။ ဆံပင်ပုံစံပေါင်းမြောက်များစွာအား ဓါတ်ပုံများနှင့်တကွဖော်ပြထားတာကြောင့် အလွန်လွယ်ကူစေကာ မိမိအလိုရှိသည့်ပုံစံအလိုက် ရှာဖွေရယူနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.funmunch.com
ယခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ ၀က်ဘ်ဆိုက်ကတော့ wallpaper များ၊ ကဗျာ၊ ဟာသ၊ ဂိမ်း၊ ဗီဒီယို၊ ဖိတ်စာကဒ်များအပြင် Icon နှင့် Screensaver များကိုပါ တစ်စုတစ်ပေါင်းတည်း ရယူအသုံးပြုစေနိုင်မည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း စိတ်လက်ပေါ့ပါးစေနိုင်မည့် Online Game များကို ထည့်သွင်းပေးထားပြီး လှပပြီးနှစ်သက်ဖွယ်ကောင်းမွန်သော ဓါတ်ပုံများ၊ Card များကိုပါ အခမဲ့ရယူစေနိုင်မည့် ဆိုက်တစ်ခုပဲဖြစ် ပါတယ်။ မိမိရှာဖွေရယူလိုသော အကြောင်းအရာအလိုက်ခေါင်းစဉ် များခွဲခြားထားပြီး အလွယ်တကူ ရှာဖွေကာ ရယူအသုံးပြုနိုင်စေမည့် ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.paclp.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ Computer Music ဖန်တီးရာမှာ အသုံးပြုစေနိုင်မည့် အသံဖိုင် Sound များကို အ လွယ်တကူရယူအသုံးပြုနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ထိုအသံ ဖိုင်များအား MP3 File အနေဖြင့် ရယူနိုင်ပြီး ဗီဒီယို ဇာတ်ကားများ အတွက် အဓိကအသုံးပြုစေနိုင်မည့် Sound Effect များကိုအဓိကထည့် သွင်းပေးထားတာကိုတွေ့ရပါတယ်။ Sound Effect များအားခေါင်းစဉ် အလိုက် အမျိုးအစားခွဲခြားပေးထား ပြီး စကားပြောသံများ၊ ကားမောင်းသံများအပြင် အခြားကွန်ပျူတာ အသံဖိုင်အများအပြားကိုပါ အလွယ်တကူရှာဖွေကာ အခမဲ့ရယူအသုံးပြုနိုင်စေပါတယ်။ ထို့ပြင် အခြား Sound Effect များရရှိစေနိုင်မည့် ၀က်ဘ်ဆိုက် Link များကိုပါထည့် သွင်းပေးထားတာကြောင့် ပိုမိုအ ဆင်ပြေစေပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.citypetguide.com
ယခုဖော်ပြပေးလိုက်တဲ့ ၀က်ဘ်ဆိုက်ကတော့ အိမ်တွင်းအလှမွေးကြ သော ခွေးကလေးများအတွက်လမ်း ညွှန်မှုများ၊ သတင်းအချက်အလက်များ၊ ကြော်ငြာများ၊ စသည်တို့ကို ဖော်ပြပေး ထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းရှင်းလင်းသော အ ပြင်အဆင်ဖြင့်ဖွဲ့စည်းထားပြီး ခွေးများ နှင့်ပတ်သက်သော သတင်းများကို အ များအပြားဖတ်ရှုနိုင်စေပါတယ်။ ၀က်ဘ် ဆိုက်အတွင်း ကြော်ငြာများ၊ သတင်း များ၊ လမ်းညွှန်မှုများ၊ အခြား Link များ အစရှိတဲ့ ခေါင်းစဉ်များခွဲခြားပေးထား တာကြောင့် အသုံးပြုသူအတွက်ပိုမို အ ဆင်ပြေစေပါတယ်။ အကြောင်းအရာ အလိုက်အခမဲ့ရယူ အ သုံးပြုနိုင်သလို member အနေဖြင့်လည်း sign in ပြု လုပ်ကာကြည့်ရှုနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.pcmech.com
ကွန်ပျူတာတစ်လုံးနှင့်ပတ်သက်၍အခြေခံမှစကာဖြစ်ပေါ် တတ်တဲ့ ပြဿနာများ၊ ပျက်စီးမှုများအစရှိ သည်တို့အတွက် ပြန်လည်ပြင်ဆင်နည်းများ၊ ဖြေရှင်းနည်းများစတာတွေကို အဆင့်ဆင့်ဖော်ပြပေးထားတဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အ တွင်း Hardware ပြဿနာများအပြင် Software များကိုပါတွေ့မြင်ရပါတယ်။ ထို့ပြင် E-book များ၊ သတင်းအချက် များကိုပါရယူအသုံးပြုနိုင်ပြီး email အ တွင်းသို့ပေးပို့စေလိုလျင်လည်း subscribe ပြုလုပ်ကာ ရယူနိုင်ပါတယ်။ ဆိုက်အတွင်း လုံခြုံရေးဆိုင်ရာသတင်း အချက်အလက်များ၊ ကာကွယ်နည်း များကိုဖော်ပြထားသည့်အပြင် အလွယ် တကူရှာဖွေပေး နိုင်စေရန် search bar ထည့်သွင်း ပေးထားပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.miniclip.com
အွန်လိုင်းမှတဆင့်ပေါ့ပေါ့ပါး ပါးနှင့်ပျော်ရွှင်ဖွယ်ကောင်း သော ဂိမ်းကလေးများကိုဆော့ကစားနိုင် စေမည့်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းအလွယ်တကူ ရှာဖွေအသုံး ပြုနိုင်စေရန်အတွက် Search Box ပါ ၀င်ကာဆိုက်၏ အပြင်အဆင်မှာလည်း အသုံးပြုရာမှာ ရိုးရှင်းလွယ်ကူပါတယ်။ ၀က်ဘ်ဆိုက်တွင်း Action ဂိမ်းများ၊ Sport ဂိမ်းများ၊ ဉာဏ်စမ်းဂိမ်းများအပြင် Multiplayer ဂိမ်းများကိုပါ ထည့် သွင်းပေးထားတာကြောင့် မိမိနှစ်သက်ရာ အလိုက်ရွေးချယ်ကာ ကစားနိုင်ပါတယ်။ ထို့ပြင် ၀က်ဘ်ဆိုက်တွင်း နောက်ဆုံးပေါ် ဂိမ်း အသစ်များ၊ Top Ten ဂိမ်းများအပြင် အက္ခရာအလိုက် ဖော်ပြထားသော ဂိမ်း ပေါင်း မြောက်များစွာကိုတွေ့မြင်ရပါ တယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.entheosweb.com
Adobe မှ ထုတ်လုပ်ထားတဲ့ Flash Animation ဆော့ဖ်ဝဲနှင့် ပတ် သက်ပြီး Tutorial အများအပြားကို ဖော်ပြပေးထားတဲ့ ဆိုက်တစ်ခုပဲ ဖြစ်ပါ တယ်။ ဆိုက်အတွင်း Flash ဆော့ဖ်ဝဲ နှင့်ပတ်သက်၍ အဆင့်ဆင့်လေ့လာ နိုင်စေရန်စီစဉ်ပေးထားပြီး သင်ခန်း စာများအလိုက် တစ်ဆင့်ခြင်းလေ့လာ နိုင်စေပါတယ်။ ၀က်ဘ် ဆိုက်အတွင်း Flash နှင့်ပြုလုပ်ထားသော ဖိုင်များ၊ ဓါတ်ပုံများ၊ Template များအပြင် Video ဖိုင်များကိုပါ ထည့်သွင်းပေး ထားတာကြောင့် လေ့လာသူများအ တွက်ပိုမိုအဆင်ပြေစေပါတယ်။ ထို့ပြင် Flash Website Template များ၊ အပြင် Dreamweaver, Fireworks , Photoshop CS Tutorial များကိုလည်း လေ့ လာနိုင်စေပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Flash နှင့်ဖန်တီး ထားသောဖိုင်အများအပြားကိုလည်း အလွယ်တကူရယူနိုင်စေ ရန်ထည့်သွင်းပေးထားတာကြောင့် ယခုမှစတင်၍ Flash Animation လေ့လာသူများအတွက်ရည်ရွယ်ပြီးဖော်ပြလိုက်ပါ တယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.fashion-era.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ် ဆိုက်ကတော့အမျိုးသမီးအ၀တ်အ စားများ၊ ပုံစံဒီဇိုင်းများ၊ ခြုံငုံသုံးသပ် ချက်များအပြင်ရှေးခေတ်အ၀တ်အ စားပုံစံများကိုပါလေ့လာနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ် ဆိုက်အတွင်းအလွယ်တကူရှာဖွေအ သုံးပြုနိုင်စေရန် Search bar ထည့် သွင်းပေးထားပြီး ခုနှစ်သက္ကရာဇ် အလိုက်အ၀တ်အစားပုံစံများကို လည်းရှာဖွေရယူနိုင်ပါတယ်။ ယ ခင်လွန်ခဲ့သော ၁၉၂၀ ခုနှစ်မှ ယနေ့ခေတ်အထိ အမျိုးမျိုးသော အ၀တ်အစားပုံစံများ၊ ပြုလုပ်ပုံအ ဆင့်ဆင့်နှင့်သမိုင်းကြောင်းများ၊ ဒီဇိုင်းရေးဆွဲနည်းများကိုလည်း တွေ့ ရပါတယ်။ ထို့ပြင်အခြား design နှင့်ပတ်သက်သောဝက်ဘ်ဆိုက်များ နှင့်ပါချိတ်ဆက်ပေးထားပြီး fashion နှင့်ပတ်သက်သော e-book များကိုလည်းအခမဲ့ရယူနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.pianostreet.com
ဂီတအနုပညာနှင့်ပတ်သက်၍ ရှေးခေတ်ဂန္ဓ၀င်ဂီတတီးခတ်မှုများ၊ ဂီတသီအိုရီများ၊ နုတ်များ၊ တီးလုံး တီးကွက်များ၊ အစရှိသဖြင့်လေ့လာ နိုင်စေတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်း ရှေးခေတ်ဂီတပညာ ရှင်မြောက်များစွာ၏ကိုယ်ရေးမှတ် တမ်းများ၊ ၎င်းတို့၏သီချင်းများ၊ နုတ်များ၊ E-book များအစရှိတာ တွေကိုလေ့လာနိုင်ပြီးအလွယ်တကူ အခမဲ့ download ပြုလုပ်ကာရယူ နိုင်စေပါတယ်။ ဆိုက်အတွင်းသီချင်း ဖိုင်များကို MP3 File အပြင် Midi File များအနေဖြင့်ပါ လွှင့်တင်ပေးထားပါတယ်။ စန္ဒယားတီးလုံးနှင့် နုတ်များကိုအဓိကဖော်ပြထားပြီး music piece အများအပြားကို မြင်တွေ့ရပါတယ်။ ဂီတပညာရှင် များ၏အမည်အလိုက်ရှာဖွေနိုင် သလိုသီချင်းအမည်ဖြင့်လည်းရှာ ဖွေရယူနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.freejavaguide.com
Computer Programming Language များတွင် Java ဟာအဓိကအရေးပါပြီး ကောင်းမွန်ပြည့်စုံသော Language တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် Java ကိုလေ့လာလိုသူများအတွက် ယခုဖော်ပြပေးလိုက်တဲ့ဆိုက် ကတော့အတော်လေးကောင်းမွန် ပြီးအလွယ်တကူလေ့လာနိုင်ပါတယ်။ ဆိုက်အတွင်း Java နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြချက်များ၊ အ ဆင့်ဆင့်လေ့လာချက်များအပြင်အ ခြား Programming language များဖြစ်တဲ့ HTML, XML နှင့် SQL Tutorial များကိုပါထည့် သွင်းဖော်ပြပေးထားပါတယ်။ ထို့ ပြင် Java နှင့်ပတ်သက်သောစာ မေးပွဲများ၊ မှတ်စုများအပြင် Tutorial အများအပြားကိုထည့်သွင်း ထားပြီး အမြန်ဆုံးနှင့်အထိရောက် ဆုံးလေ့လာနိုင်စေပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.dowtheme.com
ယခုဖော်ပြပေးလိုက်တဲ့ဆိုက် ကတော့ Windows XP နှင့် Vista တွင်ထည့်သွင်းအသုံးပြုနိုင် သော Theme များကိုဖော်ပြထား တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ် ဆိုက်အတွင်းနောက်ဆုံးပေါ် Windows Theme များကိုတွေ့ရှိ ရပြီးအလွန်လှပကာစွဲဆောင်မှုရှိပါ တယ်။ ထို့ပြင် Wallpaper အများ အပြားကိုလည်းအခမဲ့ရယူနိုင်ပြီး အမျိုးအစားအလိုက်ခေါင်းစဉ်များ ခွဲကာဖော်ပြထားပါတယ်။ ဆိုက် အတွင်း download အများဆုံးပြု လုပ်ကြသော Theme များကိုရွေး ချယ်ဖော်ပြထားပြီး ရှာဖွေရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် Search Bar ထည့်သွင်းပေးထား ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.easy-birthday-cakes.com
မွေးနေ့ကိတ်ပုံစံအမျိုးမျိုးနှင့် ချစ်စဖွယ်ကောင်းသောကိတ်မုန့် ကလေးများကဲ့သို့ပြုလုပ်နည်းများ ကို အခမဲ့လေ့လာနိုင်စေရန်အ တွက်ဖော်ပြပေးထားတဲ့ဝက်ဘ် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ မွေ့နေ့ ကိတ်ပုံစံအမျိုးမျိုးအား မြောက်များ စွာတင်ပြပေးထားပြီး ပြုလုပ်ပုံအ ဆင့်ဆင့်ကိုလေ့လာနိုင်စေဖို့အ တွက်ဖော်ပြပေးထားပါတယ်။ ကိတ် ပုံစံအမျိုးမျိုးခွဲခြားထားပြီးကလေး ကြိုက်ပုံစံများ၊ အားကစားကိုယ် စားပြုကိတ်များ၊ အနားယူအပန်း ဖြေစဉ်ပြုလုပ်ကြသည့်ကိတ်ပုံစံ များစသည်ဖြင့် မြောက်များစွာ သောအကြောင်းအရာတို့ကိုလေ့ လာနိုင်ပါတယ်။ ထို့ပြင်ကိတ်မုန့် အဆန်းအပြားများပြုလုပ်ခြင်းနှင့် ပတ်သက်၍အမေးအဖြေများ၊ စိတ်ကူးများကိုလည်းဖတ်ရှုလေ့ လာနိုင်စေပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.mousebreaker.com
မိမိအားလပ်သည့်အချိန်ခဏ အတွင်းစိတ်လက်အပန်းပြေစေရန် အတွက် အွန်လိုင်းမှတဆင့်ပျော် ရွှင်ဖွယ်ကောင်းသောဂိမ်းများဆော့ ကစားနိုင်စေရန်အတွက်ရည်ရွယ် ထားသည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်းအလွယ်တကူ ဆော့ကစားနိုင်စေမည့်ဂိမ်းပေါင်း မြောက်များစွာကိုထည့်သွင်းဖော် ပြထားပြီးလူကြိုက်အများဆုံးဂိမ်း များ၊ ဘောလုံးနှင့်ပတ်သက်သော ဂိမ်းများအခြားအားကစားဂိမ်းများ၊ သေနတ်ပစ်ဂိမ်းများ၊ ဟာသဂိမ်း များ၊ ဉာဏ်စမ်းများစသည်ဖြင့်အ ကြောင်းအရာများခွဲခြားပေးထားပါ တယ်။ ထို့အပြင်ရှာဖွေရလွယ်ကူ စေရန်အတွက်အင်္ဂလိပ်အက္ခရာ ABCD အလိုက်ခွဲခြားဖော်ပြထား ပြီးဒေါင်းလုပ်ပြုလုပ်ကာရယူဆော့ ကစားနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.freeiconsdownload.com
Windows, Mac နှင့် Linux တွင် အလွယ်တကူအသုံးပြုနိုင်စေတဲ့ icon ပေါင်းမြောက်များစွာကို အခမဲ့ရယူနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော Icon များမှာအလွန်လှပ၍ ဆွဲဆောင်မှုရှိပြီး Icon အရွယ်အစားနှင့် အမျိုးအစားအလိုက် ခေါင်းစဉ်ပေါင်းမြောက်များစွာဖြင့် ဝေေ၀ဆာဆာဖော်ပြပေးထားတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ Icon များအား Download ပြုလုပ်ရာတွင်လည်း လွယ်ကူမြန်ဆန်ပြီးပါဝင်သော Icon အရေအတွက်ကိုပါ ဖော်ပြပေးထားကာ Zip file အနေဖြင့် ရယူအသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.edufind.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ဘာသာစကားလေ့လာလိုသူများအတွက် လွယ်ကူအဆင်ပြေစေနိုင်မည့်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဘာသာစကားများကိုလေ့လာရာတွင် English, Spanish, Italian, French, German အစရှိသဖြင့် ဘာသာစကားပေါင်းမြောက်များစွာ ထည့်သွင်းပေးထားပါတယ်။ စကားပြော၊ သဒ္ဒါနှင့် Vocabulary တိုးတက်စေနိုင်ဖို့အတွက်ရည်ရွယ်ထားပြီး သင်ကြားရာတွင်လွယ်ကူစေရန်အတွက် ဗီဒီယိုဖိုင်များ၊ ဆော့ဖ်ဝဲများ၊ e-book များကိုလည်းတွေ့ရှိရပါတယ်။ ဆိုက်အတွင်းလေ့လာရာတွင် လွယ်ကူစေရန်အတွက်အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားပေးထားပြီး ဆိုက်၏အပြင်အဆင်မှာလည်း ရိုးရှင်းကာဆွဲဆောင်မှုရှိပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.chickensoup.com
ယခုဖော်ပြပေးလိုက်တဲ့ဆိုက်ကတော့ အွန်လိုင်းမှတဆင့် ဟာသပုံပြင်တိုများနှင့်အခြားရသစာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်တဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ပုံပြင်တိုနှင့်ဟာသ၀တ္ထုတိုများအား အင်္ဂလိပ်စာ Level အလိုက်ခွဲခြားပေးထားပြီး အလွယ်တကူအခမဲ့ Download ပြုလုပ်ကာလည်းရယူနိုင်ပါတယ်။ ထို့ပြင် Newsletter များ Daily Email များကိုပါ ရယူအသုံးပြုနိုင်ပြီး စာအုပ်များအပြင် အခြားသတင်းများကိုပါ ဖတ်ရှုလေ့လာနိုင်စေမည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ဆိုက်အတွင်းဖော်ပြပေးထားသော chicken soup စာအုပ်အတွဲများဟာဆိုရင်ဖြင့် အလွန်စိတ်ဝင်စားဖွယ်ကောင်ပြီး စာအုပ်အတွဲလိုက်ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.the-movie-times.com
သရုပ်ဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်ကတော့ ရုပ်ရှင်၊ ဗီဒီယိုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ၊ ပါဝင်သောသရုပ်ဆောင်များ၏ ကိုယ်ရေးအချက်အလက်များ ၊ ဓါတ်ပုံများ၊ Top Ten ဗီဒီယိုများ၊ အသစ်ထွက်ဇာတ်ကားများကို ဖော်ပြပေးထာတဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း ခုနှစ်သက္ကရာဇ်အလိုက်ထွက်ရှိခဲ့သောဇာတ်ကားများနှင့် ၎င်းတို့ရရှိသောဝင်ငွေများ၊ မကြာမီထွက်ရှိမည့်ဇာတ်ကားများကို ခေါင်းစဉ်အလိုက် ဖော်ပြပေးထားပါတယ်။ ဇာတ်ကားများကိုရှာဖွေရာတွင်အသုံးပြုနိုင်သော Search bar ထည့်သွင်းပေးထားပြီး ဇာတ်ကားများ၏ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များကိုလည်း မြင်တွေ့ရပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
http://friends18.com
ယခုဖော်ပြပေးလိုက်တဲ့ဝက်ဘ်ဆိုက်လေးကတော့ အွန်လိုင်းမှတဆင့် မိမိ၏သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများထံသို့ ပျော်ရွှင်ဖွယ်ဓါတ်ပုံများ၊ ပို့စ်စကတ်များ၊ လှုပ်ရှားနေသော Animation ရုပ်ပုံများ၊ ဟာသများ အစရှိသည်တို့ကို မျှဝေပေးနိုင်တဲ့ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ထို့ပြင်မိမိလိုချင်သောဓါတ်ပုံနှင့် ဟာသများကို အခမဲ့အလွယ်တကူ download လုပ်ကာရယူနိုင်ပါတယ်။ ဆိုက်တွင်းဖော်ပြပေးထားသော ဓါတ်ပုံမြောက်များစွာ တွေ့မြင်ရပြီး အကြောင်းအရာအလိုက် ခေါင်းစဉ်များခွဲခြားဖော်ပြပေးထားပါတယ်။ ထို့ပြင် Flash Animation များကို မြောက်များစွာရယူနိုင်ပြီး သီချင်းများ၊ ဟာသများ မိမိနှစ်သက်သောဓါတ်ပုံများကိုလည်း Upload ပြုလုပ်နိုင်ပါတယ်။ Animation ပုံ များအား A မှ Z အထိ စီစဉ်ပေးထားသောကြောင့် ရှာဖွေရာမှာလွယ်ကူစေပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
www.commandwindows.com
window ရဲ့အဓိက command Line တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ Task- list, Recovery Console နှင့် ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြပေးထားတဲ့ Site တစ်ခုပဲဖြစ်ပါတယ်။ Site အတွင်းရှိအကြောင်းအရာများကို အလွယ်တကူရှာဖွေလို့ရပါတယ်။
ဒီ Web Site မှာ အဓိကပါဝင်တဲ့အပိုင်းတွေကတော့ Command Line များ File Management, Network and Internet Tools, System Admin & Maintenace, server 2003, Batch File များစသည်ဖြင့် Window ရဲ့အဓိ ကအပိုင်းတွေကို အခြေခံမှစ၍ အဆင့်မြင့်အထိလေ့လာနိုင်စေရန် တင်ပြပေးထားပါတယ်။
မှတ်ချက်။ ။(အင်တာနက်ဂျာနယ်မှကူးယူဖော်ပြပါသည်။)
No comments:
Post a Comment