နိုင်ငံအပေါ်ခြိမ်းခြောက်မှုများပြုလုပ်လာပါက နိုင်ငံအတွင်းရှိနျူလက်နက်များ အသင့်ဖြစ်စေရန် ထားရှိမည်ဟု ရုရှားသမ္မတပြောကြား
မော်စကို ဇူလိုင် ၂၇
ရုရှားနိုင်ငံသည် လက်နက်အပြိုင် တပ်ဆင်ရေးတွင် ပါဝင်သွားမည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အား ခြိမ်းခြောက်လာပါက နိုင်ငံတွင်းရှိ နျူကလီးယားလက်နက်များ၏ထိရောက် အစွမ်းထက်မှုကိုမူ မည်သည့်နိုင်ငံကမျှ သံသယမဖြစ်သင့်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံ့ကာကွယ် ရေးနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ နျူကလီးယားလက်နက်များရှိခြင်း သည် နိုင်ငံအချုပ်အခြာအာဏာနှင့် နိုင်ငံ နယ်မြေများ တည်တံ့ခိုင်မြဲမှုအတွက် အဓိကအာမခံချက်တစ်ရပ်ဖြစ်ကြောင်း၊
ဒေသတွင်းသာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်မှုနှင့် ညီမျှမှုရှိရေးတို့အတွက် လည်း
အဓိကအခန်းမှပါဝင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ပူတင်
သည် နိုင်ငံ၏လေကြောင်းရန်ကာကွယ် ရေးစွမ်းရည်ကို ချီးကျူးပြောဆိုခဲ့ပြီး
ထိုးစစ်ဆင်လာမည့် ရန်သူ၏အစီအစဉ် များကို မျက်ခြည်မပြတ် စောင့်ကြည့်ရန်
ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ ကို ညွှန်ကြားခဲ့ကြောင်း၊ ထို့အပြင်
နိုင်ငံအား တိုက်စစ်များ ပြုလုပ်လာခဲ့ပါ က ခုခံကာကွယ်ရန်အတွက် အဆင်
သင့်ဖြစ်နေရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။ ရုရှားနိုင်ငံသည်
၎င်းတို့နိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်စက်ရုံများအား ၈၅ ရာခိုင်
နှုန်းအထိ အရည်အသွေးမြှင့်တင်နိုင် ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၆ဝဝ ဘီလီယံ
ထားရှိထားကြောင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၎င်းတို့၏ လေကြောင်းရန်
ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းများကိုလည်း ၇ဝ ရာခိုင်နှုန်း
မြှင့်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
မော်စကို ဇူလိုင် ၂၇
ရုရှားနိုင်ငံသည် လက်နက်အပြိုင် တပ်ဆင်ရေးတွင် ပါဝင်သွားမည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အား ခြိမ်းခြောက်လာပါက နိုင်ငံတွင်းရှိ နျူကလီးယားလက်နက်များ၏ထိရောက် အစွမ်းထက်မှုကိုမူ မည်သည့်နိုင်ငံကမျှ သံသယမဖြစ်သင့်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံ့ကာကွယ် ရေးနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ နျူကလီးယားလက်နက်များရှိခြင်း သည် နိုင်ငံအချုပ်အခြာအာဏာနှင့် နိုင်ငံ နယ်မြေများ တည်တံ့ခိုင်မြဲမှုအတွက် အဓိကအာမခံချက်တစ်ရပ်ဖြစ်ကြောင်း
No comments:
Post a Comment