အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံအဖွဲ့သားများချီတက်လာကြစဉ်။ လန်ဒန်အိုလံပစ်ပွဲကို ဇူလိုင်(၂၇)မှ သြဂုတ်(၁၂)ရက်အထိ ကျင်းပယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိအိုလံပစ်ရွာတွင်အလံတင်အခမ်းအနားကိုယမန်နေ့ကကျင်းပခဲ့ရာ မြန်မာနိုင်ငံတော် အလံကိုလွှင့်တင်နေစဉ်
လန်ဒန်အိုလံပစ်ရွာတွင် မြန်မာနိုင်ငံတော်အလံလွှင့်တင်ပြီးနောက်တွေ့ရစဉ်။
အိုလံပစ်အလံနှစ်ခုကြားမှ အလံများမှာ အစဉ်လိုက်အားဖြင့် ဘရူနိုင်း၊ မြန်မာ၊ နယ်သာလန် နှင့် ပါကစ္စတန် တို့ဖြစ်ကြသည်။
အိုလံပစ်အလံနှစ်ခုကြားမှ အလံများမှာ အစဉ်လိုက်အားဖြင့် ဘရူနိုင်း၊ မြန်မာ၊ နယ်သာလန် နှင့် ပါကစ္စတန် တို့ဖြစ်ကြသည်။
အိုလံပစ် ၀င်ပြိုင်ဖို့ လန်ဒန်ရောက်နေတဲ့ မြန်မာ့ အားကစားသမားများ
Thursday, July 26, 2012 သား ကြီး
အင်္ဂလန်နိုင်ငံမှာ လက်ခံကျင်းပမယ့် အိုလံပစ် 2012 မှာပါဝင် ယှဉ်ပြိုင်မယ့် မြန်မာ နိုင်ငံ ကိုယ်စားပြု အားကစားသမား ၆ ဦးဟာ အခုဆိုရင် အင်္ဂလန် ရောက်နေကြပြီလို့ သိရပါတယ်…
ဂျူဒို အားကစားနည်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူကတော့…
မအေးအေးအောင်
အမျိုးသမီး - ၇၈ ကီလိုတန်းမှာ ဝင်ပြိုင်မှာပါ
မာရသွန်ပြိုင်ပွဲမှာတော့...
မနီလာစန်း က အမျိုးသမီး မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ပါလိမ့်မယ်..

Sculls လိုခေါ်တဲ့ ခတ်လှေပြိုင်ပွဲမှာတော့
မရွှေဇင်လတ် က အမျိုးသမီး တဦးချင်း ပြိုင်ပွဲမှာ ပါဝင်လှော်ခတ် ယှဉ်ပြိုင်မှာပါ
အမျိုးသားမီတာ ၄၀၀ အပြေး ပြိုင်ပွဲမှာတော့ ကိုသက်ဇော်ဝင်း က ယှဉ်ပြိုင်မှာပါ… ကိုသက်ဇော်ဝင်း ဟာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး အိုလံပစ်ပြိုင်ပွဲကိုသွားရောက်ယ
ဦးမောင်ချူး ကတော့ အမျိုးသား Men's 10m Air Pistol မှာ ဝင်ပစ်မှာပါ…
ပစ္စတို ဆိုတော့ သေနတ်ပစ်မှာပါ။
ကိုနေမျိုးအောင် ကတော့ အမျိုးသား တစ်ဦးချင်း မြှားပစ် ပြိုင်ပွဲမှာ ဝင်နွှဲပါလိမ့်မယ်
အိုလံပစ် နဲ့ အိုလံပစ်ဆက်စပ်ပြိုင်ပွဲတွေမှာ မြန်မာပြည်က ၀င်ရောက် ယှဉ်ပြိုင်တာ ဒါပါနဲ့ ဆိုရင် ၁၆ ကြိမ် ရှိပြီလို့ သိရပါတယ်။
လန်ဒန်မှာပဲ လုပ်ခဲ့တဲ့ ၁၉၄၈ ခုနှစ် အိုလံပစ်ကို မြန်မာက ၄ ဦးပါ အားကစားအဖွဲ့ စေလွှတ်ခဲ့ပါတယ် တဲ့။ အဲဒါ မြန်မာပြည်က အိုလံပစ်ကို ပထမဆုံးအကြိမ် ပါဝင်ပတ်သက်မှုပါ။
နိုင်ငံတကာပါဝင်တဲ့ ဒီ အားကစားပွဲတော်ကြီးကို ၄ နှစ် တကြိမ် ကျင်းပလေ့ ရှိပါတယ်။
ဒီနှစ် လန်ဒန် အိုလံပစ်ပွဲတော်ကြီးကို ခမ်းခမ်းနားနား ဖွင့်လှစ်ဖို့ ၂၄ နာရီလောက်ပဲ လိုပါတော့တယ်။
No comments:
Post a Comment