ဆရာဦးဖြိုးသည် ပညာ့အလင်းပြပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၍ အဖဆရာကြီးဦးသက်(မြန်မာ့သမားတော်ကြီး) အမိဒေါ်ထွေးတို့မှမွေးဖွားခဲ့သူဖြစ်သည်၊ ဒိစတြိတ်ကောင်စီလူကြီး၊ နတ်တလင်းမြို့မြူနီစီပါယ် ဥက္ကဋ္ဌအဖြစ် အကြိမ်ကြိမ်ထမ်းဆောင်၍ နတ်တလင်းမြို့၏ တိုးတက်ရေးကို အစဉ်ရှေးရှုသူဖြစ်သည်၊ ပထမဆုံး ဖဆပလ နတ်တလင်းမြို့နယ် ဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်သည်၊ သို့ရာတွင် ၄င်း၏ကိုယ်ရေးကိုယ်တာအရ ဖဆပလ ဥက္ကဋ္ဌ အဖြစ်မှနုတ်ထွက်ခဲ့သည်၊ နတ်တလင်းမြို့နယ်ဖဆပလဥက္ကဋ္ဌဖြစ်လာသူဦးဖေသန်းညွန့်နှင့် စင်ပြိုင် တသီး ပုဂ္ဂလအဖြစ်ပါလီမန်အမတ်အရွေးခံခဲ့ရာမဲ(၄)မဲဖြင့်ရှုံးနိမ့်ခဲ့ရသူဖြစ်သည်၊ရန်ကုန်မြို့(၄၈)လမ်းသို့ ပြောင်းရွေ့
နေထိုင်၍ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်း၊အမှတ်(၁၃၀)တွင်ပညာ့အလင်းပြစာအုပ်တိုက်နှင့် ပုံနှိပ်တိုက်ဖွင့်လှစ် လုပ်ကိုင်ခဲ့ပြီး ကွယ်လွန်သွားခဲ့သူဖြစ်သည်။(နတ်တလင်း/၁၈၅)