အင်တာနက်အသုံးပြုသူအများစုဟာ လုံခြုံရေးပိုင်းကို ဂရုစိုက်မှု အားနည်းလှပြီး Password ဆိုပေမယ့် အလွယ်တကူပေးတတ်ကြပါတယ်၊ နိုင်ငံတကာ Password သိန်း ၆၀ ကျော်မှာ Password နဲ့ 123456 စတဲ့ စကားလုံးတွေကို ကိုယ့်စကားဝှက်အဖြစ် လွယ်လွယ် အသုံးပြုသူ ဦးရေဟာ ၈ ဒဿမ ၅ ရာခိုင်နှုန်းတောင် ရှိနေပါတယ်၊ ဒါကြောင့်မို့ လုံခြုံရေးသတိ၊ အသိလေးနဲ့ ကိုယ့်ကွန်ပြူတာမှာ သို့မဟုတ် ကိုယ့်အီးမေးလ်မှာ လက်ရှိအသုံးပြုနေတဲ့ စကားဝှက်လေးဟာ ဘယ်လောက်ထိ လုံခြုံသလဲဆိုတာ အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်ဖို့ Website လေးတစ်ခုကို ညွှန်ပေးချင်ပါတယ်၊
How Secure is my Password? ဆိုတဲ့ မေးခွန်းလေးနဲ့ အမည်ပြုထားတဲ့ ၀က်ဆိုဒ်မှာ အသုံးပြုနေတဲ့ Password တွေရဲ့ လုံခြုံစိတ်ချရမှု အတိုင်းအတာကို စစ်ဆေးကြည့်ရှုနိုင်ပါတယ်၊ ဆိုဒ်ရဲ့အဖွင့်စာမျက်နှာမှာ ရှိတဲ့ Text Box ကွက်လပ်ကလေးမှာ ကိုယ်စမ်းသပ်လိုတဲ့ Password ကိုရိုက်ထည့်ပေးလိုက်ရုံနဲ့ အကယ်၍ ဒီ Password ကို တစ်စုံတစ်ယောက်က Hack လုပ်ခိုးယူဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လောက်အချိန်ယူရမယ်ဆို တာကို ဖော်ပြပေးပါတယ်၊
ဒါအပြင် ကိုယ့် Password ဟာ စကားလုံးတွေချည်းဖြစ်နေသလား၊ @,# စတဲ့ အထူးအက္ခရာတွေပါဝင် သလား၊ တအားတိုလွန်း၊ ရှည်လွန်းနေသလား၊ စတာတွေကိုကြည့်ပြီး အားသာချက်၊ အားနည်းချက်၊ တွေကို လိုတိုရှင်းထောက်ပြဝေဖန်ပေးဦးမှာလည်း ဖြစ်ပါတယ်၊
How Secure is my Password? ဆိုဒ်ကို ဆိုင်းလင့်နည်းပညာဖြစ်တဲ့ Java Script ကို အသုံးပြုပြီး ၀န်ဆောင်မှု ပေးထားတာဖြစ်လို့ ကိုယ့် Password တွေကို စိတ်ချလက်ချထည့်သွင်းစမ်းသပ်နိုင်တယ်၊ ဆိုလို တာက ဒီ Website မှာ အသုံးပြုထားတဲ့ နည်းပညာအရ ရိုက်ထည့်လိုက်တဲ့ Password တွေကိုတိတ်တဆိတ် မှန်သားထားခြင်းမျိုးမရှိဘဲ ဆိုက်ကို တစ်ခါဖွင့်ထားပြီးတာနဲ့ အင်တာနက်ဆက်သွယ်မှု ပြတ်သွားရင်တောင် ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုက်ရဲ့ Privacy Policy မှာ ရေးသားဖော်ပြထားတာကို တွေ့ရပါ တယ်၊ လေ့လာစမ်းသပ်လိုသူများအတွက် ဒီနေရာမှာ ကလှစ်ထောက်ပြီး ၀င်ရောက်စမ်းသပ် ကြည့်နိုင် ပါတယ်။
အဆင်ပြေပါစေ ...........
No comments:
Post a Comment