Blog တစ်ခုရေးသားခြင်းမပြုမီသိထားသင့်သည့် အချက်(၁၀)ချက်
(၁) ဆွဲဆောင်မှုရှိတဲ့ Blog တစ်ခုကို တည်ဆောက်ပါ။
     မိမိရေးသားလိုက်တဲ့ Blog တစ်ခုဟာ ဘယ်လိုအကြောင်းအရာမျိုးကိုပဲ ဦးတည်နေပါစေ၊ ဆွဲဆောင်မှု ရှိနေဖို့ လိုအပ်ပါသည်..ဒါမှသာ စာဖတ်ပရိသတ်များစွာ ရရှိနိုင်မှာ ဖြစ်သလို မိမိရဲ့အရေးအသားစွမ်းရည် ကိုလည်း နှစ်သက်လက်ခံလာကြမှာ ဖြစ်ပါတယ်။
(၂) မိမိရဲ့အတွေးအမြင်တွေကို စုစည်းဖော်ပြပါ။
      Blog ရေးသားတယ်ဆိုတာဟာ မိမိရဲ့အတွေးအမြင် အယူအဆတွေကို လိုရင်းတိုးရှင်းနဲ့ အဓိပ္ပါယ်ပြည့် စုံစွာ ဖော်ပြထားတာ ဖြစ်ပါတယ်၊ သမာရိုးကျမီဒီယာလောကနဲ့မတူဘဲ မိမိပြောလိုတဲ့အကြောင်းအရာရဲ့ အဓိကအချက်ကို သတင်းအချက်အလက်ပြည့်အစုံဖော်ပြပေးနိုင်ရမှာ ဖြစ်ပါတယ်။
(၃) မိမိရဲ့ကျွမ်းကျင်တတ်မြောက်မှုတွေကိုမျှဝေပါ၊
      Blog ရေးသားခြင်းဖြင့် မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ ပညာရပ်နယ်ပယ်အတွင်းမှာ ပညာရှင် အချင်းချင်းအသိပညာဖလှယ်ခြင်းတွေပြုလုပ်နိုင်ပါတယ်၊ မိမိမသိရှိသေးတဲ့ အကြောင်းအရာသစ်တွေ ကို လေ့လာသိရှိရမှာဖြစ်သလို မိမိသိရှိပြီးသားအကြောင်းအရာတွေကိုလည်း မမေ့လျော့ဘဲ အမြဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။
(၄) မိမိရဲ့ Personal Profile ကိုကောင်းမွန်စွာ တည်ဆောက်ပါ၊
(၅) အစဉ်အမြဲဆန်းသစ်တီထွင်နေပါ၊
     Blogger တစ်ယောက်မှာ သာမန်လူတွေထက်ပိုမိုထူးခြားတဲ့ ဖန်တီးလုပ်ဆောင်မှုတွေအပြင် မိမိရဲ့ Blog ကို အစဉ်အမြဲဆန်းသစ်နေစေဖို့အတွက်လည်း စွမ်းဆောင်နိုင်စွမ်းတွေ လိုအပ်ပါတယ်၊ မိမိရဲ့ Blog ဟာဆန်းသစ်တီထွင်မှုရှိပြီး နှစ်လိုဖွယ်အကြောင်းအရာတွေကို ဖော်ပြနိုင်တယ်ဆိုရင် ပရိသတ်တွေများစွာ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၆) Blog ရေးရတဲ့အကြောင်းရင်းကို သေချာစွာသိရှိပါ၊
      Blogging ဟာအတော်လေးကျယ်ဝန်းတဲ့နယ်ပယ်တစ်ခုဖြစ်သလို Blog အသစ်တွေဟာလည်း နေ့စဉ်နဲ့ အမျှ အစဉ်ရေးသားဖော်ပြနေတတ်ကြတာဖြစ်ပါတယ်၊ ဒါကြောင့် Blog တစ်ခုကို စတင်ရေးသားတော့မယ် ဆိုရင် ကိုယ်ပေးချင်တဲ့သတင်းအချက်အလက်နဲ့ ဖတ်ရှုမယ့်လူတွေကို သိရှိထားရမှာဖြစ်ပါတယ်၊ မဟုတ် ရင်တော့ မိမိရဲ့ Blog ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသားထားတယ်ဆိုတာကို သိရှိဖို့ အတော်လေးခက်ခဲ ပါတယ်။
(၇) မိမိကျွမ်းကျင်သလောက်နဲ့ တင်းတိမ်ရောင့်ရဲပါ၊
     Blogging နယ်ပယ်အတွင်းကို စတင်ဝင်ရောက်လာတဲ့ Blogger အသစ်တွေအနေနဲ့ ကျွမ်းကျင်တတ်ကျွမ်း တဲ့ problogger တစ်ဦးဖြစ်လာဖို့အတွက်ကို အချိန်အနည်းငယ်တော့ ပေးဆပ်ရမှာဖြစ်ပါတယ်၊ မိမိစတင်ရေး သားလိုက်တဲ့ Blog တစ်ခုကို မိမိကိုယ်တိုင်စိတ်ကျေနပ်မှုရှိဖို့နဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိနေဖို့ လိုအပ်ပါ တယ်။
(၈) ကိုယ်ပိုင်စွမ်းရည်နဲ့အသစ်တွေ ဖန်တီးပါ၊
      ရေးသားလိုက်တဲ့ Blog တစ်ခုဟာ ကိုယ်ပိုင်တီထွင်ဖန်တီးမှုရှိရမှာ ဖြစ်ပါတယ်၊ ပုံသေစနစ်တစ်ခုတည်း မှာ ပုံသေအကြောင်းအရာတစ်ခုကိုပဲ ဖော်ပြနေမယ်ဆိုရင် ၄င်း Blog ဟာ စာဖတ်သူတွေအတွက် ဘယ်လို မှဆွဲဆောင်မှု ရှိတော့မှာမဟုတ်ပါဘူး၊ မိမိရဲ့ Blog reader တွေကို တန်ဖိုးထားပြီး အသစ်အသစ်သော ဖန်တီး မှုတွေကို အစဉ်ပြုလုပ်ပေးနေသင့်ပါတယ်၊
(၉) စိန်ခေါ်မှုအသစ်တွေကို လက်ခံပေးပါ၊
      Blog လောကဟာလည်း ပြိုင်ဆိုင်မှုတွေများပြားတဲ့လောကတစ်ခုဖြစ်ပါတယ်၊ Blogger တွေဟာ အစဉ် သဖြင့် ယှဉ်ပြိုင်မှုတွေကို ကြုံတွေ့နေရမှာဖြစ်တာကြောင့် Blogger တစ်ဦးအဖြစ်ရပ်တည်ချင်သူတွေအနေနဲ့ အဆိုပါ ယှဉ်ပြိုင်စိန်ခေါ်မှုတွေကိုလက်ခံပေးနိုင်ဖို့လိုအပ်ပါတယ်၊ မိမိကျွမ်းကျင်တဲ့နယ်ပယ်ကနေပြီး အခြား သူတွေကိုယှဉ်ပြိုင်ကာ ထင်ပေါ်ကျော်ကြားတဲ့ Blogger တစ်ဦးအဖြစ် ကြိုးစားရပ်တည်နိုင်ပါတယ်။
(၁၀) ငွေကြေးအတွက် Blog တစ်ခုကိုမဖန်တီးပါနဲ့၊
       Blogတစ်ခုကိုစတင်ရေးသားတဲ့အခါမှာ ရေးသားရတဲ့ရည်ရွယ်ချက်ကအလွန်အရေးကြီးပါ တယ်၊ မိမိ ရေးသားလိုက်တဲ့ Blog တစ်ခုဟာ မိမိရဲ့ဘ၀ရပ်တည်ရေးအတွက် ငွေကြေးရှာဖွေရယူတဲ့နေရာတစ်ခု မဟုတ်သလိုအဆိုပါလုပ်ရပ်မျိုး မပြုလုပ်မိစေဖို့လည်းအလွန်အရေးကြီးပါတယ်။
No comments:
Post a Comment