မျော်တော်တောင်ဘုရား


မျော်တော်တောင်သမိုင်း

သရေခေတ္တရာခေတ် သုပညာနဂရဆိန္ဒမင်းလက်
ထက် မွန်များကိုတိုက်ခိုက်သဖြင့်ထိုမင်းသည် ထွက်ပြေးတိမ်းရှောင်နေရာမှညီညာပြန့်ပြူး
 နေရာ ဒေသနှင့် မြင့်မားသောတောင် စွန်းတောင်ညိုသို့ ရောက်ရှိသော အခါ မြို့တည်၍(၃)နှစ်စံနေတော်မူရင်း
 မျော်တော်တောင် ဘုရား ကိုတည်ခဲ့လေသည်။
၎င်းတောင်နှင့် ပတ်သက်သော အကြောင်းအရာ
များကို ထိုဒေသတွင် လေ့လာသောအခါ ရသေ့ ,ဇော်ဂျီ တို့မှီခိုရာဖြစ်သောကြောင့် ဣသိပတ နတောင် ဟု ခေါ်ကြောင်း မှတ်သားရပေသည်။
ထိုနောက်ပုဂံအပျက်သာယာဝတီနိုင်ငံကိုတည်ထောင်သောသတိုးနော်ရထာမင်းလက်ထက် မျော်တော် တာင် ဘုရားကို ဆက်လက်မွမ်းမံပြင်ဆင်၍ ကိုးကွယ်ထားခြင်းဖြင့် ထိုစေတီသည် ကာလရှည်လျားစွာ ကပင် ရှေးမင်းများတည်ထားကိုးကွယ်သော သမိုင်းဝင် မျော်တော်တောင်ဘုရား ဟုထင်ရှားခဲ့လေသည်။
၎င်းနောက် ကာလှရှည်လျား၍ သက္ကရာဇ် ၁၂၆၀ ခုနှစ်သို့ ရောက်သောအခါ ဇီးကုန်းမြို့ ဖောင်တင်ရွာ ဦးကျောင်းမှဆရာတော်ဦးကေသရသည်၎င်းတောင်ပေါ်တွင် တောရဆောက်နေလိုကြောင်း စောင်းဝှက်တိုက် သူကြီး ဦးကျွဲနှင့် ဇီးကုန်းတိုက်သူကြီးဦးဘိုးလှိုင်တို့အားအကြောင်းကြား၍ ကျောင်းသင်္ခန်းဆောက်လုပ်စေခဲ့ ပြီး သီတင်းသုံးနေထိုင်တော်မူရာမှ အဆိုပါ ကျောက်ပုံစေတီအဟောင်းကို သမိုင်းအရ ဆက်လက်တည်ထား ကိုးကွယ်ရန်ဆရာတော်ဦးကေသရ၏ လမ်းညွှန်မှုအရ ဇီးကုန်းတိုက်သူကြီး ဦးဘိုးလှိုင်နှင့် စောင်းဝှက်တိုက် သူကြီး ဦးကျွဲတို့ဦးဆောင်၍ စေတီငုံတည်ရန် နတ်တလင်း၊ ဇီးကုန်းမြို့နယ်ကျေးရွာအသီးသီးအတွင်းရှိ ဗုဒ္ဓ ဘာသာဝင်သူတော်စင်များထံ အလှူငွေများကောက်ခံပြီး ၁၂၆၀ ခုနှစ်တွင် စတင်တည်ထား၍ ၁၂၆၅ ခုနှစ် တွင် ထီးတော်တင်ပြီး ကိုးကွယ်ခဲ့လေသည်။

ခဏ္ဍသိမ်တော်

 ဖောင်တင်ဆရာတော် ဦးကေသရနှင့် တိုက်သူကြီး ဦးဘိုးလှိုင်တို့ကြီးမှူး၍ သိမ်သမုတ်ပြီး သိမ်အတွင်း တွင် ကောက္ကုသံဂုံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ ဟုပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အားရည်မှန်းပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကိုးကွယ်နိုင်ကြရန် တည်ထားကိုးကွယ်ခဲ့လေသည်။
မျော်တော်တောင်ဘုရား မြောက်ဘက်တောင်ဆင်း
 ၁၂၆၅ ခုနှစ်၊ နတ်တလင်းမြို့နယ် လက်ခုတ်ပင်ကျေးရွာ၊ဇိမ်သာကျေးရွာ၊ပဲမခမ်းကျေးရွာ၊ ပေါက်တုန်းကျေး ရွာ၊ ကန်သာယာကျေးရွာ၊ ဓမ္မငယ်ကျေးရွာ၊ စောင်းဝှက်ကျေးရွာများမှ ကမကထပြုလုပ်၍ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များထံ သဒ္ဓါတတ်စွမ်းသမျှ အလှူခံပြီး ဂေါပကအဖွဲ့ဝင်တိုက် သူကြီး ဦးကျွဲ၊ ဦးဘိုးလှိုင်တို့ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့ကြသည်။
 ၎င်းခုနှစ်ဆူဘုရားမှ မြောက်ဘက်ဆင်းသွားလျှင် ခြေတော်ရာ(ပျောက်ဆုံးသွား)ကို ဖူးတွေ့နိုင်ပေသည်။ ၎င်းမှ တခေါ်လောက်တွင် ကျောင်းတော်ရာကုန်းနှင့် အနီးပတ်ဝန်းကျင်တွင် ကိုးတံခါးမကြီးတောင်၊  မငယ် တောင်၊ မျက်နှာချေတောင်၊ သနပ်ခါးတောင်တို့နှင့် ရသေ့ဂူ၊ မကြီးဂူ၊ မငယ်ဂူ၊ ရှင်သငယ်ဂူတို့နှင့် တ၀ဂူများ အများအပြားတည်ရှိကြသည်။ အင်မတန်မှ ဆိတ်ငြိမ်ပြီး တရားအားထုတ်ရန်၊ အဓိဋ္ဌာန်ဝင်ရန်၊ သူတော်စင်များတရားအားထုတ်ဖို့ရန် နေရာကောင်းဖြစ်ပေသည်။ ၎င်းနေရာတွင် ထမင်းခြောက်တောင် ဟု ခေါ်သောတောင်ကုန်းတွင် ယခုတိုင်ဘာပင်မျှမပေါက်ရောက်နိုင်ပါ။ ၎င်းတောင်ကုန်းပေါ်မှ တောင်ဘက် စူးစူးသို့မျော်ကြည့်လိုက်လျှင် မျော်တော်တောင်စေတီတော်ကြီးအား ထင်ရှားစွာဖူးတွေ့ကြည်ညိုနိုင်ပေ သည်။
 ၁၂၉၃ ခုနှစ်တွင် နယ်သူ-နယ်သားဗုဒ္ဓဘာသာဝင်အပေါင်းတို့က မျော်တော်တောင်စေတီယင်္ဂဏအ သင်း  ဂေါပကအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ဆောင်ရွက်ခဲ့ပြီး ဘုရားပုထိုးများပြင်ဆင်မွမ်းမံခြင်း၊ အသစ်တိုး ချဲ့တည်ထားခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ စသော သာသနာအဓွန့်ရှည်စွာ တည်တံ့စေရေး အတွက် ဆောင်ရွက်ခဲ့ကြသည်။(နတ်တလင်းအသင်း/၁၇၆)

ဓမ္မရုံဟောင်း

 ၁၂၉၃ ခုနှစ်တွင် မျော်တော်တောင်စေတီယင်္ဂဏအသင်းမှ နတ်တလင်း၊ ဇီးကုန်းမြို့နယ်အတွင်း မှ ကျေးရွာခေါင်းဆောင်များအား ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ်ပြီး၊ သစ်တောဘက်မှ နယ်စီးတောအုပ် ဦးသိန်းခေါင်းဆောင်၍ သံဃာတော်များ၏ ခွင့်ပြုချက်အရဓမ္မရုံကြီးဆောက်လုပ်ရန် အလှူငွေများကောက်ခံ ပြီး နတ်တလင်းမြို့သစ်စက်ပိုင်ရှင်ဦးမွတ်တား(ခ)ဦးနာဂရာသံက မတည်၍ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်၊ ဘုရားဆောင်မှာ စောင်းဝှက်ရွာ၊ ဒေါ်ကျန်းမိသားစုမှ ဆောက်လုပ်လှူဒါန်း ပူဇော်ခဲ့သည်။
ဆုတောင်းပြည့်လွမ်းစေတီ
၁၃၀၀ပြည့်နှစ်၊ ကန်စုကျေးရွာ၊ ဘုရားဒါယကာဦးဘိုးရုံ၊ ဒေါ်ညွန့်တို့ကမတည်၍ ဂေါပကအဖွဲ့မှ အလှူခံပြီး သစ်တောအမူထမ်းများကလည်း ကူညီဆောင်ရွက်တည်ထားကိုးကွယ်ခဲ့ကြသည်။
၁၃၂၀ခုလောက်မှစ၍ ဆရာဦးစံမောင်ဦးစီးသော ဆေးဆရာများအဖွဲ့မှကြီးမှူး၍ မျော်တော်တောင်စေတီ ယင်္ဂဏအသင်းမှခွင့်ပြုချက်အရ ဗုဒ္ဓဘာသာဝင်စေတနာရှင်များထံ အလှူခံပြီး ရန်ကင်းတောင်စေ တီတော်မြတ်ကို တည်ထားကိုးကွယ်ခဲ့ကြသည်။မျော်တော်တောင်ဘုရား၏ အနောက်တောင်ထောင့်တွင် သီးခြားတောင်တစ်တောင်ပေါ်တွင် တည်ရှိသည်။
 လျောင်းတော်မူ
 စေတီတော်ကြီးအနီးတွင် ဇီးကုန်းမြို့နယ်၊ သစ်စင်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ဒါယကာ/ဒါယကာမ များနှင့် နတ်တလင်းမြို့နယ်၊ ဒါယကာ/ဒါယကာမများမှ စုပေါင်းတည်ထားကိုးကွယ်ခဲ့ကြသည်။
ကျိုက်မရော-ရုပ်ပွားတော်
 ၁၃၃၀ ခုနှစ်၊ မင်းဘူးကျွန်းကျေးရွာ၊ အဘဦးစိန်၊ ဒေါ်နှင်းမြတ်၊ သားဦပဉ္ဖင်းဦးဥက္ကံသကြီးမှူး၍ ဒါယကာ/ဒါယကာမများထံ အလှူငွေကောက်ခံပြီး အရှေ့ဘက်သို့မျက်နှာမူလျှက် ကျိုက်မရော ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။
 ၁၃၃၈ ခုတန်ဆောင်မုန်းလတွင် နတ်တလင်းမြို့၊ ကျောက်ခွက်ဂိုဏ်း၊ ပဒတ်ကုန်းဂိုဏ်၊ ဇီးကုန်းမြို့ရွှေဖလား ဂိုဏ်းမှဂိုဏ်းချုပ်ဆရာတော်ကြီးများနှင့်၎င်းသုံးဂိုဏ်းမှဆရာတော်သံဃာတော်တို့အား မျော်တော်တောင် စေ တီယင်္ဂဏအသင်းဂေါပကအဖွဲ့မှပင့်လျှောက်ပြီး ကျောက်ခွက်ဂိုဏ်းမှကျောက် ခွက်ကျောင်းဆရာတော်ကြီး ထံ ငါးပါးသီလခံယူပြီး မျော်တော်တောင်စေတီတော်ကြီးနှင့် အဆောက်အအုံများ အဓွန့်ရှည်စွာ တည်တံ့စေရန်အတွက်ဆရာတော်သံဃာတော်များအား လွှဲအပ်ပြီး ဂေါပကအဖွဲ့ကို သံဃာ့သြ၀ါဒခံဂေါပက အဖွဲ့ဟူ၍လည်းကောင်း၊ သံဃာတော်များအဖွဲ့ကို မျော်တော်တောင်စေတီယင်္ဂဏအသင်း သံဃာတော် များအဖွဲ့ဟူ၍လည်းကောင်း၊ ဖွဲ့စည်းပြီးဆောင်ရွက်ကြသည်။

မျော်တော်တောင်ဘုရား




မျော်တော်တောင်မြင်ကွင်းအလှ


တောင်ညိုတောင်နှင့် တောင်ညိုဆည်ဧရိယာ


စောဖြူတောင်


ယူမကုန်းဘုရား(ကွင်းကျယ်ရွာဟောင်း)





ဘိုးသာအောင်ကုန်း တံတား

အရုဏ်အတက်၊ သည်နံနက်ပေါ့
ချိုးမော့တွန်သာ၊ သာယာငြိမ့်ညောင်း
ခေတ်ပြောင်းချီတက်၊ နေခြည်ထွက်တွင်
စစ်ရက်အတွင်း၊ စော်ကားခြင်းများ.....
စစ်ရက်အတွင်း၊ ခံပြင်းခြင်းများ....
စစ်ရက်အတွင်း၊ သွေးယိုခြင်းများ....
လားလားမရှိ၊ ပကတိကြည်..
တွေ့မိသည်ကား၊ တို့များပြည်တွက်..
သွယ်ဆက်ကူးသန်း၊ ပြည်တွင်းလမ်းမှာ
ဘိုးသာအောင်ကုန်း၊ တံတားခုံးသည်
ပြုံးပန်းတွေနှင့် ဝေတကား..............။
...........................................
ကျော့ဝေ(စာရင်ခွင်)နတ်တလင်းမြို
နတ်တလင်းအသင်း/၁၀၉

မွေးရပ် ရွှေလင်း

သတင်းတဲ့ဝေဖြာ
ကျွန်းရွှေဝါ ဆန်းစပါးရယ်နဲ့
စံထားလောက်ပါရဲ့ သီးနှံစုံ
အဖုံဖုံပါတဲ့ လယ်မြေ-ယာမြေခင်း
မပြတ်ကောင်းပါဘိ
ထပ်လောင်းကာ ဂုန်လျှော်ဖက်တဲ့ပြင်
ပြည်အတွက်ဖွံ့ဖြိုးအောင်
သည်ပိုးဆောင်ပါတဲ့ ဂုဏ်သတင်း
မွေးရပ် ရွှေလင်း.....
.............................
စောဝင်း
နတ်တလင်းအသင်း/၁၃၄

မွေးရပ်မြေ

ဒဂုံမှသည်......
သာယာဝတီ..ကျော်ကာလွား
ခရီးအကြား,မီးရထားနဲ့ စီးသွားခဲ့လျှင်
မြောက်ဖျားဌာနေဆီက
မှုန့်ရီရီ တောင်ညိုပြရယ်နဲ့
မှောင်တခို ရောင်စိုလှပါတဲ့
မွေးဌာနမြေ....
နှင်းတွေကဝေ...
မြူခြေက သန်း....
ကြငှန်းဆွေ အလွမ်းဘယ်မပြေဘူး
ဒဂုံမြေမှာ ထုံဝေသင်းပါတဲ့
လင်းရွှေမြို့စခန်း။........
................................
စောဝင်း
နတ်တလင်းအသင်း/၁၄၉

ရွှေလင်း တန်ဆောင်တိုင်

သယာဝတီ၊ မြောက်ဆီဘက်ယွန်းယွန်း
နာမည်ရွှေလင်း၊ ထွန်းဝင်းလွန်ရွှန်းရွှန်း
တနှစ်ဖော်ညွှန်း၊ တောက်ထွန်းဆီမီး
သက်ကြီးများစွာ၊ ပူဇော်ကား....
ချိန်ခါတန်ဆောင် ညီးညီးမို့လေး......
........
လမ်းကြီးလမ်းငယ်၊ အသွယ်သွယ်တို့မှာ
ရောင်စုံမီးဖြာ၊ သူ-ငါ ထွန်းကြတာ
တူစွာယှဉ်လာ၊ ပြိုင်ကာလွန်ကြဲ
ပွဲလမ်းသဘင်၊ များလွင်လွင်...
ပြိုင်ယှဉ်နိုင်လု နွှဲကြသည်လေး.....
.......
နိဗ္ဗာန်ရွယ်ကာ၊ များစွာလမ်းတို့မှာ
ကျွှေးကာမွေးကာ၊ သွားလာလွန်များစွာ
ထိုချိန်အခါ၊ စေတနာကုသိုလ်
လွန်စွာ-ရွှင်စွာ၊ စိတ်ချမ်းသာ...
ပျော်ကာတူရွယ် ပျို အိုတို့လေး။....
........
မည်သူမဆို၊ ပြိုင်လိုပြိုင်ကြပါ
တနှစ်တခါ၊ သာယာရွှေလင်းမှာ
ဆီးမီးထွန်းကာ၊ ညီညာနွှဲဆင်ရာ
မပြိုင်ယှဉ်သာ၊ ပြိုင်သူမှာ...
နိုင်မှာ မထင်ပါနှင့်လေး။.....
........
ငွေနှင်းလွန်ဖြိုင်ဖြိုင်၊ လှိုင်လှိုင်ဖြိုးလျှက် သွန်းတော့သည်။
ရွှေလင်းတန်ဆောင်တိုင်၊ မြိုင်မြိုင်ပြိုးပြက် ထွန်းတော့သည်။
......................................................................
......................................................................
ငြိမ်းနိုင်(နတလ)
နတ်တလင်းအသင်း/၂၀၂

ဖိတ်ခေါ်ပါသည် ရွှေလင်းဆီသို့

ချစ်တဲ့သူငယ်လေး......သူငယ်ချင်းကောင်း ပေါင်းသဟာတို့ရေ...။
နတ်တလင်းရယ်မှ ဌာနီ...
မြို့အနောက်ဆီဝယ်။ ၀တီဧရာ၊ မြစ်ကမ်းသာနှင့်
ဝေရာမြူခိုး၊ ပဲခိုးရိုးမရှေ့ရပ်ဆီလျှင်
တောင်ခွင်ဇီးကုန်း၊ မြောက်ဆုံးပေါင်းတည်
မြို့နယ်အကျယ်၊ မိုင်ဝယ်ချင့်မှန်း၊ စတုရန်းမိုင်ငါးရာကျော်တဲ့ဟေ...
ရိုးမရယ်မှထွက်သည့်၊
မြန်ပြည့်စီးပွား၊ ကျွန်းသစ်၊ ပျားရည်၊ များလှပြီတဲ့-
နွေရာသီငယ်တဲ့ချိန်ခါ၊ မနေမနား
ထင်းဝါးကိုစု၊ ထယ်ထွန်ပြုပြင်
ပင်ပန်းတယ်ထင်၊ ပျော်ရွှင်ချင်သော်
ရုပ်ရှင်ရုံရယ်နဲ့ ဘုရားပွဲလဲရှိပါ့နော်....။
နှမ်းပြောင်းဂုံလျှော်၊ တမျော်တခေါ်စိုက်ကွင်း
ရှုမျော်ခင်းက၊ မိုးရွာစမှာနော်...။
မိုးရာသီ ခါလယ်ခွင်မှာ
တံပြာကိုမြှောက်၊ နွားကိုငေါက်
တယောက်တလက်၊ ပေါင်းဆောင်ရွက်သော်
အထွက်တိုးစပါးဟာ၊ ပြည့်စီးပွားမဟုတ်လားကွယ်....။
မိုးကုန်ဆောင်းကူး နှင်းမှုန်မြူးလျှင်
နှမ်းလျင်မြေပဲ၊ ကုလားပဲ၊ နေကြာသီးနှံဖြာ
သုံးသီးစားတာ တို့မြို့မှာဗျ...။
လာခဲ့ပါကိုယ်တို့မြို့ကို၊ အပိုမကြွား မရမ်းကားပါ
မြို့သားမြို့သူ စေတနာဖြူပါတယ်နော်...။
ဆွေရင်းတို့လာလျှင်၊ ချက်ကျွှေးချင်ပါ့
ငစိန်ထမင်း၊ အင်းထဲကရေချိုငါး...
လျှာလည်သွားအောင်၊ ရွှေချဉ်ပေါင်လက်ချား
ဖါးပေါင်တို့စရာ၊ စုံလင်စွာနဲ့
တကယ်လာလျှင် အဟုတ်ကျွှေးပါ့မယ်
မြန်းကြွခဲ့ပါလေး.....အဝေး......။
.........................................
.........................................
အောင်သီဟ(စာရင်ခွင်)
နတ်တလင်းအသင်း/၂၂၂

တောင်ညိုချောင်း

ပဲခူးရိုးမ၊ တောင်ခြေမှသည်
အစပျိုးကာ စီးဆင်းလာသည်
သာယာလှသော တောင်ညိုချောင်း....
တောင်ညိုချောင်းသည်
မိုင်ပေါင်းများစွာ၊ ဖြတ်ကျော်ကာဖြင့်
ဧရာမြစ်တွင်း၊ စီးဝင်ဆင်း၏.....
တောင်ညိုချောင်းသည်
ရွာပေါင်းများစွာ၊ ချစ်ကြည်ရာတွက်
လမ်းသာသဖွယ်၊ မြဲဆက်သွယ်၏.....
တောင်ညိုချောင်းသည်
လယ်ပေါင်းများစွာ၊ ရေသောက်ရာတွက်
ဖြန့်ကာအမြဲ၊ ပေးဝေခွဲ၏....
တောင်ညိုချောင်းသည်
အရောင်းအ၀ယ်၊ ဈေးကွက်ကျယ်သော
ကုန်သွယ်ကျွန်းသစ် မျှောရာဖြစ်၏.....
တောင်ညိုချောင်းသည်
အပေါင်းများစွာ၊ မြို့ရွာဒေသ
လမ်းပြဆက်သွယ်၊ ဖလှယ်နှီးနှော
သစ်တောလယ်ယာ၊ ရတနာမှ
ညီညာကြခြင်း၊ ချစ်ကြည်ခြင်းထိ
ပြည်တွင်းပြည်ပ၊ ဆက်သွယ်ပြ၍
နတ်တလင်းမြို့ဂုဏ်ဆောင်တကား........
....................................................
မစိမ်းနွဲ့ခိုင်(စာရင်ခွင်)
နတ်တလင်းအသင်း/၈၇

နတ်တလင်းမြို့ဖြစ်ပေါ်လာပုံ

နတ်တလင်းမြို့ဖြစ်ပေါ်လာမှု သမိုင်း 

ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌာန်းနှင့်ရပ်တည်ခဲ့သည့်လွတ်လပ်
မှုနှင့်အချုပ်အခြာအဏာပိုင်ဆိုင်သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သကဲ့သို့ ကိုယ့်ဘုရင် ကိုယ့်
အရှင်နှင့်ကမ္ဘာ့အလယ်တွင်ခန်းငြားထည်ဝါစွာ တည်ရှိခဲ့ ပါသည်...ထိုအပြင်တိုင်းရင်းသား
လူမျိုးပေါင်းစုံကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှု
များ၊ဆန်စပါး၊သစ်တော၊ရေနံ၊ရေသယံဇာတ
နှင့်ကျောက်မျက်သယံဇာတများပေါကြွယ်ဝလှသည့် နိုင်ငံဖြစ်သောကြောင့် ပိုင်ဆိုင်သိမ်းပိုက်ကျွန်ပြု လိုသော နယ်ချဲ့နိုင်ငံကြီးများ ၀ိုင်းဝိုင်းလည်နေခဲ့ပါသည်...
သို့အတွက်ကြောင့် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုနည်းမျိုးစုံဖြင့် အပြစ်ရှာရန်ပြုကာ 1186-88(၁၈၂၄-၂၆)ခုနှစ်တွင် တစ်ကြိမ်၊ ၁၂၁၄-၁၅(၁၈၅၂-၅၃)ခုနှစ်တွင် တစ်ကြိမ်၊ ၁၂၄၇-၄၈(၁၈၈၅-၈၆)ခုနှစ်တွင်တစ်ကြိမ်(၃)ကြိမ်တိုင်တိုင်ကျူးကျော်ရန်ပြုစစ်ပွဲဆင်နွဲခဲ့ပြီးနောက်ဆုံးအကြိမ်ဖြစ်သည့် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်(၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့တွင် သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၂၄၈ ခုနှစ်(၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့)တွင် မြန်မာတပြည်လုံးကို သိမ်းယူလိုက်ကြောင်းကြေညာကာ သိမ်းပိုက် လိုက်သဖြင့် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို လက်လွတ်ဆုံးရှုံးခဲ့ရကာ အင်္ဂလိပ်လက်အောက်ခံ ကျွန်သဘောက်ဘ၀သို့ ကျရောက် ခဲ့ကြရ ပါသည်....
တနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ကျရောက်သွားသည့်တိုင်အောင် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ သည့် ကာလတစ်လျှောက်လုံး အနိုင်မခံအရှုံး မပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ရှိကြသည့်မျိုးချစ်သူရဲကောင်းတိုင်းရင်းသားပေါင်းစုံတို့သည်ရရာလက်နက်လူသူတို့ဖြင့် အနယ်နယ်အရပ်ရပ်တွင် လက် မမြောက်အရှုံးမပေးဘဲ အတိုက်အခိုက်ကျွမ်းကျင်သူများကို ခေါင်းဆောင်တင်မြောက်၍ပြန်လှန်တော်လှန် ခဲ့ကြပါသည်..သို့သော်လူအားလက်နက်အား မယှဉ်သာအောင်အဆမတန်ကွာခြားမှုကြောင့် တိုင်းရင်း သားမျိုးချစ်ခေါင်းဆောင်များမှာ နောက်ဆုံးတွင် အသက်ကိုစတေး၍အရှုံးပေးခဲ့ကြရပါသည်... ထိုအထဲတွင် တာပွန်မြို့သူကြီးဦးဂေါင်းကြီး(ဗိုလ်ခေါင်းကြီး)သည်လည်းတစ်ဦးအပါအ၀င်ဖြစ်ပါသည်...
ဤကဲ့သို့ သူ့ကျွန်ဘ၀မှလွတ်မြောက်အောင်တိုက်ပွဲဝင်ရင်း ၁၈၅၂-၅၃ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးဦးဂေါင်းကြီးမရှိတော့သည့်နောက်ပိုင်းတာပွန်သည် အင်္ဂလိပ်နယ်ချဲ့လက်တွင်းသို့လုံးလုံးလျားလျား ကျရောက်သွားရပြီး အင်္ဂလိပ်အစိုးရအုပ်ချုပ်မှုအောက်သို့ရောက်ရှိသွားရသည်...အင်္ဂလိပ်အစိုးရ အုပ်ချုပ်၍ (၈)နှစ်ကျော် ၁၈၆၈ခုနှစ်၌ ဧရာဝတီချိုင့်ဝှမ်းအစိုးရ မီးရထားလမ်းဟု အမည်တွင်သော ယခု ရန်ကုန် -ပြည်မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကိုဗြိတိသျှအင်ပါယာအိန္ဒိယဘုရင်ခံချုပ်ထံတင်ပြခဲ့သည်... ခွင့်ပြုသဖြင့် ၁၈၇၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍သာယာဝတီနယ်ကိုဖြတ်သန်းလျှက် ရန်ကုန်နှင့်ပြည်မြို့ကို ဆက်သွယ်သောမြန်မာနိုင်ငံ၏ပထမဦးဆုံးမီးရထားလမ်း(ရန်ကုန်နတ်တလင်း=၁၂၅မိုင်၊ ပြည်-နတ်တလင်း =၃၇မိုင်)ကိုဖောက်လုပ်နိုင်ခဲ့ပါသည်..၁၈၇၄ခုနှစ်တွင်မီးရထားလမ်းပြီးစီး၍ မေလ(၁)ရက်နေ့တွင်မီးရထား စတင်စမ်းသပ်ခုတ်မောင်းနိုင်ခဲ့ပါသည်...မီးရထားအမြဲတစေခုတ်မောင်းလာနိုင်သည်နှင့် တပြိုင်နက်တည်း မီးရထားလမ်းတွင်စောင့်ရှောက်ရန်ဘူတာစခန်းများလိုအပ်လာသည်...မီးရထားဘူတာစခန်းအဖြစ် နတ်တလင်းမြို့ဖြစ်လာ မည့်နေရာတွင် တစ်နေရာဖွင့်လှစ်ခွင့်ရရှိခဲ့သည်...၎င်းမီးရထားလမ်းနှင့်အပြိုင်ရန်ကုန်နှင့်ပြည်သို့ပေ(၁၀၀)မော်တော်ကားလမ်းကိုလည်း ၁၈၆၇-၆၈ ခုနှစ်မှစတင် ၍ဖောက် လုပ်ခဲ့ရာ ၁၈၈၅ ခုနှစ်တွင်အပြီးသတ်ပြီးစီးလေသည်..ထိုပေ(၁၀၀)ကျောက်လမ်း(ရန်ကုန်နတ်တလင်း=၁၃၀မိုင်၊ ပြည်-နတ် တလင်း=၄၂မိုင်)ကိုလည်း နတ်တလင်းမြို့ဖြစ်မည့် စခန်းနေရာမှာပင် မီးရထားလမ်းနှင့်ဘေးချင်းယှဉ် လျှက်ဖောက်လုပ်နိုင်ခဲ့သဖြင့် အစစအဆင်ပြေကာ တစ်စတစ်စ စည်ကားလာပြီး နတ်တလင်းမြို့ အဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပေသည်....
ကျေနပ်လိမ့်မည်ဟုမျော်လင့်လျှက်....

နတ်တလင်း

နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပင်မရှိသေးပါ။မြန်မာစွယ်စုံကျမ်းအတွဲ(၆)၏အဆိုအရ
ရှေးအခါကပဲခူးရိုးမ-တောင်ညိုမှတဆင့်လှိုင်မြစ်အတွင်းသို့စီးဝင်လာသောဖောင်ချောင်းသည် ဂျင်းယား ကုန်း၊သင်မန်းကုန်း၊ရွာမကလေး၊သာစည်၊ ဇီးကုန်းကလေးစသည့် ရွာများအနီးမှဖြတ်သန်းစီးဆင်း သည်ဟု ဆိုသည်၊ထိုရွာများအနက်ရွာမကလေးရွာ(ယခုရွာမရပ်ကွက်အနီး အရှေ့ဦးတွင်သခွတ်ပင်ရှိသည်၊ ယင်း သခွတ်ပင်အားညောင်ပင်မှပတ်မြိုထားသောကြောင့်ညောင်သခွတ်ပင်ဖြစ်နေသည်၊ ထိုအပင်တွင် နတ်စင် တစ်ခုရှိပြီးညောင်ပင်ခြေရင်းနှင့်နတ်စင်ရှေ့တွင်လူသူမရှင်းရဘဲပြောင်သလင်းဖြစ်နေ သည့်မြေကွက်လပ် တစ်ခုရှိသည်ရှေးလူကြီးများ၏အဆိုအရနတ်ဒေ၀ါများကအမြဲတစေရှင်းလင်းထားသဖြင့် သလင်း သဖွယ် ပြောင်နေသောကြောင့်နတ်တလင်းဟုဆိုကြသည်၊ထိုနတ်တလင်းအမည်ကို အစွဲပြုကာ ဘူတာစခန်းစိုက်သောအခါ နတ်တလင်းဟုအမည်တတ်လိုက်ကြသည်....