နတ်တလင်း

နတ်တလင်းမြို့နတ်တလင်းမြို့အမည်တွင်ပြီးပေါ်ပေါက်လာရခြင်းမှာ1852 ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးနောက်ပိုင်းတွင်မြို့နယ်ကျေးရွာဒေသဟုပင်မရှိသေးပါ။မြန်မာစွယ်စုံကျမ်းအတွဲ(၆)၏အဆိုအရ
ရှေးအခါကပဲခူးရိုးမ-တောင်ညိုမှတဆင့်လှိုင်မြစ်အတွင်းသို့စီးဝင်လာသောဖောင်ချောင်းသည် ဂျင်းယား ကုန်း၊သင်မန်းကုန်း၊ရွာမကလေး၊သာစည်၊ ဇီးကုန်းကလေးစသည့် ရွာများအနီးမှဖြတ်သန်းစီးဆင်း သည်ဟု ဆိုသည်၊ထိုရွာများအနက်ရွာမကလေးရွာ(ယခုရွာမရပ်ကွက်အနီး အရှေ့ဦးတွင်သခွတ်ပင်ရှိသည်၊ ယင်း သခွတ်ပင်အားညောင်ပင်မှပတ်မြိုထားသောကြောင့်ညောင်သခွတ်ပင်ဖြစ်နေသည်၊ ထိုအပင်တွင် နတ်စင် တစ်ခုရှိပြီးညောင်ပင်ခြေရင်းနှင့်နတ်စင်ရှေ့တွင်လူသူမရှင်းရဘဲပြောင်သလင်းဖြစ်နေ သည့်မြေကွက်လပ် တစ်ခုရှိသည်ရှေးလူကြီးများ၏အဆိုအရနတ်ဒေ၀ါများကအမြဲတစေရှင်းလင်းထားသဖြင့် သလင်း သဖွယ် ပြောင်နေသောကြောင့်နတ်တလင်းဟုဆိုကြသည်၊ထိုနတ်တလင်းအမည်ကို အစွဲပြုကာ ဘူတာစခန်းစိုက်သောအခါ နတ်တလင်းဟုအမည်တတ်လိုက်ကြသည်....

No comments:

Post a Comment