အရူးလို့အထင်ခံရတာကိုတောင် ... ဂုဏ်ယူကျေနပ်နေတဲ့ ဆြာပွ ...
ဒါလေးကတော့ ကိုပွ ကိုယ်တွေ့ကြုံခဲ့တဲ့ ဖြစ်စဉ်လေးပါ ....
ကိုပွလိုတောကတက်လာပြီး ရန်ကုန်လိုနေရာမျိုးမှာ ချစ်သူနဲ့လျှောက်လည်ဖို့
ရွေးဖြစ်ကြတော့ သိပ်များများစားစားမသွားတတ်ပါဘူးဗျာ .... တ
ည်းခိုခန်းဆိုတာကလည်း
သွားသင့်တဲ့နေရာမျိုးမဟုတ်တော့ ပြည်သူ့ရင်ပြင်ပန်းခြံရယ်
ရုပ်ရှင်ကြည့်ဖို့ရယ်ဘဲ ရွေးဖြစ်ခဲ့တာပေါ့ .... ဟဲ ...
သိပ်လည်းမသွားတတ်ဘူးလေ .... သိတာဆိုလို့ ရန်ကုန်ဘူတာကြီးနဲ့
ဆူးလေစေတီအနီးတ၀ိုက်လောက်သိပြီး သွားတတ်လာတတ်တာကိုး ....
တော်တော်သွားတတ်လာတတ်ရှိတဲ့ ကိုပွနော် ..... အဲတာနဲ့
ရုပ်ရှင်ကြည့်မယ်ဆိုပြီး သမ္မတရုပ်ရှင်ရုံဝင်ကြည့်ဖြစ်တယ် ....
ရန်ကုန်ရောက်တုန်း ရုပ်ရှင်ကြည့်တာ ချစ်သူနဲ့ဆိုတော့
ဇိမ်ကျကျကြည့်မယ်စိတ်ကူးတယ်..... .လက်မှတ်တောင်မ၀ယ်တတ်တော့ ဘယ်အတန်းဝယ်ရမယ်
.......ဘယ်လိုခုံဝယ်ကြည့်ရမှန်းမသိပါဘူးဗျာ ....အဲတာနဲ့
လက်မှတ်ရောင်းတဲ့ကောင်မလေးကို ညီမရေ အပေါ်ထပ်က နောက်ဆုံးကသာပေးဆိုတော့
...ဟီး မ၀ယ်သာမ၀ယ်တတ်တာ ဟုတ်သွားပြန်တယ်ဗျာ ...
အကို...ဒါနှစ်ယောက်တည်းအေးအေးဆေးဆေးကြည့်ရတဲ့ခုံတဲ့ နောက်ဆုံးကတော့မရဘူး
သူ့နောက်မှာ တစ်တန်းရှိသေးတယ်ဆိုပြီးပေးတော့ ...အဲတာဘဲ ယူလိုက်ရတာပေါ့ ...
အဲမှာ နေရာရပြီး ထိုင်နေတုန်း ရုပ်ရှင်စမယ်ဆိုတော့ နိုင်ငံတော်အလံနဲ့
နိုင်ငံတော်သီချင်းသံလွှင့်လာတယ် .... ကိုပွတို့အတွဲလည်း
တောကတက်လာတာဆိုပေမယ့် နိုင်ငံကြီးသား/မြို့ကြီးသားတွေလို ပီသအောင်
အရိုအသေပေး အသိအမှတ်ပြုထမတ်တပ်ရပ်တော့ ကိုပွတို့နှစ်ယောက်တည်းဆိုသလို
ထီးထီးကြီးဖြစ်နေတယ် .... ဘေးပတ်ဝန်ကျင်ကလူတွေဘာလို့မထကြပါလိမ့်ပေါ့ ....
သီချင်းသံဆုံးသွားတော့ ကိုပွဘေးပတ်ဝန်းကျင်ကြည့်မိတယ် .... ကိုပွတို့ကို
ဒီလူတွေဝိုင်းကြည့်နေကြတယ်ဗျာ .... ကိုပွကိုကြောင်တောင်တောင်နိုင်လှတဲ့
ပုံစံတွေနဲ့ပေါ့ .... ဘယ်လိုလူတွေပါလိမ့် .... ကိုယ့်နိုင်ငံတော်အလံနဲ့
နိုင်ငံတော်သီချင်းလွှင့်ပေးချိန် ထမတ်တပ်ရပ် အရိုအသေပေးတာ
အဲလိုကြည့်စရာဖြစ်နေကြသလား..... ဘယ်လိုစိတ်ဓာတ်မျိုးတွေပါလိမ့် .....
ကိုပွလည်း တော်တော်မခံချိမခံသာဖြစ်မိတယ် ...
နိုင်ငံတော်အလံနဲ့ပတ်သက်လို့လား .... ဘယ်လိုဘဲ အတည်ပြုသတ်မှတ်ခဲ့
သတ်မှတ်ခဲ့ပေါ့ ကိုယ်မကျေနပ်သော်လည်း ဒါနိုင်ငံကို ကိုယ်စားပြုထားတဲ့
အထိမ်းအမှတ်ပါ ... အလံကို သဘောမကျလို့ (ဒါက အတည်ပြုခဲ့ချိန်မှာ
ကိုယ်လက်မခံချင်သော်လည်း အများနဲ့အတည်ပြုထားပြီးသားပါ) ထားပါအုံး
သီချင်းသံလွှင့်ထားတာ နိုင်ငံတော်သီချင်းပါဘဲ .... ကိုယ့်မွေးဖွားရာ နိုင်ငံ
...ကိုယ်စားပြု....ကိုယ်စောင့်ရှောက်ထိန်းသိမ်းပြီးဂုဏ်သိက္ခာမြင့်တင်ရမှာ...ဦးထိပ်ထားမြတ်နိုးတန်ဖိုးထားပြနိုင်ရမှာပါ
..... ဒါကိုမှ ကိုယ့်နိုင်ငံသားတစ်ယောက်က တန်ဖိုးမထား မမြှင့်တင်ဘူး
အရိုအသေမပေးချင်ဘူးဆိုရင် ကျန်တဲ့သူတွေက ပိုဆိုးတော့မပေါ့ ...
နိုင်ငံတကာအလယ် ဂုဏ်သိက္ခာကျဆင်းစေတာဖြစ်စေမှာပေါ့ ......
အကြောင်းအရာကိစ္စဆိုတာ အစကောင်းတဲ့စိတ်ဓာတ်မျိုးမွေးမြူဆောင်ရွက်နိုင်ပါမှ
မျိုးဆက်သားကောင်းတွေ အတုယူကောင်းတဲ့ အလေ့အထကောင်းဖြစ်စေမှာပါ .....
အစိုးရပိုင်းပြုပြင်မှမဟုတ်ပါဘူး ..... ခင်ဗျားတို့ကိုယ်တိုင်လည်း
ပြုပြင်ပေးနိုင်ပါမှ မျိုးဆက်ကလေးတွေအတွက် တန်ဖိုးထားတတ်လာမှာပါ
.....ဒီမိုကရေစီကို လိုချင်တဲ့ သူတွေက ကိုယ့်နိုင်ငံအလံတော်နဲ့
ကိုယ့်နိုင်ငံသီချင်းတောင် ကလေးစိတ်နဲ့ အသိအမှတ်ပြုရွေးချယ်နေတာ
မဖြစ်သင့်ပါဘူး ..... ကိုပွကတော့ ကိုပွတို့ကို ကြောင်တောင်တောင်နိုင်အောင်
ဝိုင်းကြည့်နေတဲ့ အကြည့်တွေကြားကကို ...... အလံဘာအရောင်/ဘယ်လိုဆိုတာထက်
နိုင်ငံကိုယ်စားပြုအထိမ်းအမှတ်အလံတော်ဆိုတာရယ် သီချင်းရယ်ကို
အရိုအသေပေးပြီး မတ်တပ်ရပ်ခဲ့တာကို ဂုဏ်ယူခဲ့မိတယ်ဗျာ ....
-------------------------------။---------------------------------
ခင်ဗျားတို့ပြောနေတယ် ... မြို့/ရွာကိုချစ်တယ် .... ဇာတိကို ခင်တွယ်တယ်
... လူမျိုးကိုစောင့်ရှောက်ချင်တယ် .... အမျိုးဘာသာ/သာသနာကို
ထိန်းသိမ်းချင်တယ် .... ဘာသာတရားကွယ်ပျောက်ပြီး အမျိုးဖျက်သွားတဲ့
မိန်းခလေးတွေကို မချိတင်းကဲ ခံပြင်းစိတ်နဲ့
နာကျင်မိတတ်ကြတယ်......စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလကို အလိုမကျခဲ့ဘူး ....
ဒီမိုကရေစီ နိုင်ငံကြီးဖြစ်စေချင်တယ် ..... တိုးတက်တဲ့နိုင်ငံအနေနဲ့
ပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်တိုးတက်ချင်ကြတယ် တည်ဆဲအစိုးရ
လုပ်ဆောင်ချက်မှားယွင်းရင် လက်ညိုးထိုးဝေဖန်ချင်ကြတယ်
.....အပြစ်ထောက်ချင်ကြတယ် ...
သိပ်ကောင်းမွန်ပြည့်စုံတဲ့ခေါင်းဆောင်ကောင်းဆိုတာတွေနဲ့ အုပ်ချုပ်တာကို
ဖြစ်စေချင်ကြတယ် ... အဂတိတရားကင်းတဲ့ ၀န်ထမ်းကောင်းတွေနဲ့
တည်ဆောက်စေချင်ကြတယ်.....
သန့်ရှင်းတဲ့အစိုးရ...ကောင်းမွန်တဲ့အုပ်ချုပ်မှုဖြစ်စေချင်ကြတယ်.....
ဒီမိုကရေစီအရ လူအခွင့်အရေးဆိုတာနဲ့တိုင်းတာချင်တတ်ကြတယ် ......
...အစိုးရကောင်းဦးဆောင်တာကို ဖြစ်စေချင်ကြတယ်....
ရွေးချယ်မှုအပြိုင်အဆိုင် အင်အားကောင်းအောင် ကိုယ်ပါဝင်တဲ့အဖွဲ့အစည်း
ပါတီအင်အားကောင်းအောင် ဖြစ်စေချင်ကြတယ် .... ကိုယ်နေတဲ့
မြို့/ရွာ/နိုင်ငံနဲ့လူမျိုး/ဘာသာ/သာသနာ တည်တံ့ခိုင်မြဲပြီး
တိုးတက်ဖွံဖြိုးအောင် အုပ်ချုပ်သူ/တာဝန်ထမ်းဆောင်သူအားလုံးကို
အလေးအနက်ထားစေချင်ကြတယ် ......ဦးဆောင်စေချင်ကြတယ် ....
..... ဒါဆို
ပြန်စဉ်းစားကြည့်မိတယ် ... ကိုယ်တို့လိုအုပ်ချုပ်ခံလူတန်းစားအနေနဲ့ရော
..... မိမိကိုယ်မိမိ တန်ဖိုးရှိအောင် အလေးအနက်ထားနေတတ်ရဲ့လား? ...
မိသားစုအတွင်းမှာ
အလေးအနက်ထားချစ်ခင်သူတစ်ယောက်ဖြစ်ရဲ့လား?...မြို့/ရွာတိုးတက်ဖွံ့ဖြိုးအောင်
ပရဟိတစိတ်ကလေးတွေနဲ့ အလေးအနက်ထားလုပ်ကိုင်ပေးနေသူတစ်ယောက်လား?
တိုးတက်တဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ရအောင် မိမိတို့တစ်ဦးချင်း
နိုင်ငံကြီးသားပီသအောင် စည်းကမ်းဘောင်အတွင်းက
ကျင့်ကြံသွားလာနေထိုင်နေပြီလား ? ..... မိမိပါဝင်တဲ့
အဖွဲ့အစည်း/မြို့/ရွာ/နိုင်ငံနဲ့လူမျိုးအပေါ် တကယ်အလေးအနက်ထားတတ်သူလား?
တကယ်ဦးဆောင်သူနောက် လိုက်ပါဆောင်ရွက်နိုင်တဲ့ နောက်လိုက်ကောင်း
သို့တည်းမဟုတ် ပြည်သူကောင်းအဖြစ် အလေးအနက်ထား နေထိုင်နေသူဖြစ်နေပြီလား?
အရည်အချင်းရှိခေါင်းဆောင်ရအောင်
...ဒီမိုကရေစီကျကျရွေးချယ်လုပ်ကိုင်ဝေဖန်ပိုင်းခြားတတ်ပြီလား? မိမိပါဝင်တဲ့
မိသားစု/အဖွဲ့အစည်း/ပါတီ/ မြို့/ရွာ ...နိုင်ငံနဲ့လူမျိုး ဘာသာ/သာသနာအပေါ်
အလေးအနက်ထားတတ်သူ ဖြစ်ရဲ့လား?
ဆိုတာ .... စသဖြင့်ပေါ့ .... ဘာတွေပြည့်စုံပြီလဲ ဆိုတာ .... ပြောင်းလဲလိုက်ပါနေပြီလဲ ဆိုတာ .......
ကိုပွ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်လေး သတိရပြီး အပြုသဘော သတိပေးရေးလိုက်တာပါ
... ဖြစ်စဉ်ကတော့ ကိုပွ အရူးလို့အထင်ခံရတာတောင် ဂုဏ်ယူပြီး
ကျေနပ်ပြန်ခဲ့ရတာလေးပါ ...
အိပ်မပျော်လို့ ရေးတာဆိုပေမယ့် .... ကိုယ်စီတာဝန်ကျေသင့်တာလေးပါ ...
အထာကျတဲ့ ... ဆြာပွ(မိုက်ကယ်လင်း)