သင်္ဘောရွက်က သွေးလွန်တုပ်ကွေးကို ကုသနိုင်


သင်္ဘောရွက်က သွေးလွန်တုပ်ကွေးကို ကုသနိုင်ဟု ဆို
Re-Post By ACM 10-3-2013
 


မကြာသေးခင်က လေ့လာမှုတစ်ရပ်အရ သင်္ဘောရွက်ဖျော်ရည်က သွေးလွန်တုပ်ကွေးကြောင့် နာမကျန်းမှုကို ကုသနိုင်တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးကြောင့် ဖျားပြီးချိန်မှာ သင်္ဘောရွက်ဖျော်ရည်သောက်တဲ့သူတွေက သွေးချပ်ပြား(Platelets) အရေအတွက် တိုးမြင့်နေတာကို တွေ့ရှိခဲ့ရပါတယ်။ လတ်တလောလေ့လာမှုတစ်ရပ်အရ သင်္ဘောရွက်ကရတဲ့ အမှုန့်တွေဟာ Thrombocyte သွေးဥမွှားထုတ်လုပ်မှုကို ကောင်းစေကြောင်း ဒေသဆိုင်ရာနဲ့ နိုင်ငံခြားတက္ကသိုလ်မှ လေ့လာသူအဖွဲ့က ဆိုပါတယ်။ သင်္ဘောရွက်မှာ ဗီတာမင်အစုံများစွာပါဝင်တာကြောင့် ရိုးတွင်းခြင်ဆီကနေ သွေးချပ်ပြား(Platelets) ထုတ်လုပ်မှုကို အမြန်တိုးစေတယ်လို့လေ့လာမှုကို ဦးဆောင်ပါဝင်သူ AIMST တက္ကသိုလ်မှ ဒေါက်တာကာသီရီဆန်က ဆိုပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ အဓိကအနေနဲ့ သွေးချပ်ပြား ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။
ပုံမှန်အားဖြင့် သွေးချပ်ပြားတစ်ခုဟာ ခန္ဓာကိုယ်ထဲမှာ ၅-၁၀ ရက်အထိကြာကြာရှိတတ်ပြီး လိုအပ်တဲ့အခါ ပြန်လည်အစားထိုးပေးလေ့ရှိပါတယ်။''သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးက ထြွကနေချိန်အတွင်း ခန္ဓာကိုယ်ရဲ့ သွေးချပ်ပြားအသစ် ထုတ်လုပ်မှုကို ဖျက်ဆီးလိုက်ပါတယ်။ ပုံမှန်လူတစ်ဦးမှာသွေးချပ်ပြားအရေအတွက်က သွေးတစ်မိုက်ခရိုလီတာမှာ ၁၅၀ယ၀၀၀ မှ ၂၅၀ယ၀၀၀ အထိ ရှိပေမယ့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ စတင်လျော့နည်းလာပါတယ်။ သွေးချပ်ပြားအရေအတွက်က သွေးတစ်မိုက်ခရိုလီတာမှာ ၁၀၀ယ၀၀၀ အောက်ဖြစ်နေရင် အရေးပေါ် ဆေးကုသမှုခံယူရမယ့်အချိန်ပါပဲ၊ ၅၀ယ၀၀၀ အောက်ဆိုရင် အသက်အန္တရာယ်ရှိေ နပါပြ'ီ 'လို့ ဒေါက်တာ ကာသီရိဆန် က ဆိုပါတယ။်သင်္ဘောရွက် မှီဝဲနည်းသင်္ဘောရွက်နှစ်ရွက်ကို ရေစင်အောင်ဆေးပြီးထောင်းကာ ရေစစ်တဲ့အ၀တ်စတစ်စနဲ့ ဖျစ်ညှစ်လိုက်ပါ။ သင့်အနေနဲ့ တစ်ရွက်မှာ ထမင်းစားဇွန်းတစ်ဇွန်းစာ အရည်ရရှိလာပါလိမ့်မယ်။ တစ်နေ့ နှစ်ဇွန်း သောက်ပေးပါ။ သင်္ဘောရွက်ကို ရေနွေးနဲ့ဆေးတာ၊ ပြုတ်တာ၊ ချက်တာ မလုပ်ပါနဲ့။ အစွမ်းသတ္တိလျော့နည်းနိုင်လို့ပါ။ အရွက်သီးသန့်ကိုပဲ သုံးပါ။

အေးချမ်းမွန် Credit to >>SMG << Thank

No comments:

Post a Comment