Search Engine မှာ ရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို
လူသိများအောင်လုပ်တဲ့နည်းပါပဲ။ သင်လုပ်ထားတဲ့ ၀က်ဆိုဒ်တစ်ခုအတွက်
ကိုယ့်ဆိုဒ် Google မှာ အလွယ်တကူရှာလို့ရနိုင်ပြီလား စစ်ဆေးကြည့်ပါ။
မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ ....
အရင်ဆုံး ဒီနေရာလေး ကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ Google
အကောင့်နဲ့ Sign In ၀င်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ
ကိုယ့်ဆိုဒ်နာမည်ကို ရိုက်ထည့်ပေးလိုက်ပါ။ ရိုက်ထည့်ပြီးရင် Submit Request
ဆိုတာလေးကို နှိပ်လိုက်ပါ။ လုပ်ပြီးရင်တော့ သင့်ရဲ့ Request ဟာ Google
ဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ သင့်ရဲ့ဆိုဒ်ကို Google
မှာ ရှာဖွေနိုင်ပြီဖြစ်ပါတယ်....
ဒီလိုလုပ်ပြီးတစ်ပတ်လောက်ကြာမြင့်ပြီဆိုတာနဲ့ Google Search မှာ yoursite
name.com ဆိုပြီးရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result
တွေရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင့်ရဲ့ဆိုဒ်ကို Google မှာ Bookmark
လုပ်တာအောင်မြင်သွားပါပြီ .... ကျေနပ်ပျော်ရွှင်ပါစေ ....