Facebook account နဲ့ mail account ကိုတခုဆီထားပါ။

Facebook နဲ့ အီးမေးလ်မှာ ပုံမှန်ဆိုရင် အီးမေးလ်က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပိုပါတတ်ပါတယ်.. ပိုပြီးတော့ အရေးကြီးတယ်လို့လည်းထင်ပါတယ်.. ဒါပေမယ့် နောက်ပိုင်းသေချာစဉ်းစားလိုက်တဲ့အခါမှာ Facebook မှာ ကိုယ့် activity တွေ network တွေအကုန်လုံး ရှိနေတော့ compromise အလုပ်ခံရတဲ့အခါမှာ ကိုယ်တစ်ယောက်တည်းအတွက်သာမက ကိုယ့် network တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်.. သိရသလောက်ဆိုရင် မိတ်ဆွေ ၈၀ ရာခိုင်နှုန်းလောက်က Facebook ကော mail account ကော တစ်ခုတည်း သုံးတတ်ကြပါတယ်.. ပိုဆိုးတာက password တောင် အတူတူထားတတ်ပါတယ်.. ကံဆိုးစွာနဲ့ facebook အကောင့် Hack လုပ်ခံရပြီဆိုရင် ခဲတစ်လုံးနဲ့ ငှက် ၂ ကောင်ထိသွားသလိုပါပဲ..
ဒီတော့ facebook အကောင့်ဖွင့်တဲ့အခါ ကိုယ်ပုံမှန်သုံးနေကျ အီးမေးလ်နဲ့ မဖွင့်တာကပိုကောင်းပါတယ်.. facebook အတွက် အီးမေးလ်တခု သပ်သပ်ထားပါ.. အီးမေလ်းတခုထဲနဲ့ ဖွင့်ထားတဲ့သူတွေအနေနဲ့လည်း password ကိုတစ်ခုစီ သီးသန့်ထားပါ..
password အတူတူမပေးထားပါနဲ့..