ရေလယ်ခေါင်ရောက်မှ ..ကိစ္စရှိပြီ ....အော်ကြနဲ့နော် .....

ဒီအချိန်မှာ ခဏလောက်တော့ နားထောင်ကြည့်ပေါ့ ဟစ်ဟော့သီချင်း
စကားလုံးများက...မြားတစ်စင်းလို..ပစ်ဖောက်ခွင်း....... ဦးချစ်ကောင်းနဲ့ SAI ....
...စကားလေးတစ်ခွန်း ဆိုချင်ပါတယ် ချစ်လွန်းလို့ .....
ကိုပွ သီချင်းဆိုတာနော် ...၀ူတန်ထွန်းတို့လို နိုင်ငံရေးပြောတတို့မလုပ်တတ်ဘူး ... ကိုယ်မလုပ်တတ်ပေမယ့် လုပ်နေတဲ့သူတွေတော့ အားလည်းပေးသလို လေးစားလောက်သူကိုလည်း လေးစားပါတယ် .... ပါတီမရွေးဘူး ... ပုဂ္ဂိုလ်စွဲမထားဘူး..... တကယ်အရည်အချင်းရှိပြီး တကယ်လုပ်သူတွေလည်း တွေ့နေရပါပြီ .... ကောင်းစေချင်တဲ့အမြင်တွေနဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့....လမ်းကြောင်းတစ်ကြောင်းတည်းသွားနေတဲ့သူအချင်းချင်း လက်တွဲလုပ်နေတာလေးတွေလည်းရှိသလို ပြိုင်ဆိုင်မှုလေးတွေနဲ့ယှဉ်ပြိုင်နေတာလေးတွေလည်း ပိတိဖြစ်မိတာလေးတွေရှိပါတယ်...တချို့. အနှောက်အယှက်ပြု ကန့်လန့်ခံနေတဲ့ အနေအထားလေးတွေ ပြဿနာပေါင်းစုံ မီးပွားရှာနေတဲ့အနေအထားလေးတွေလည်း တွေ့လာရသလို ...မြောက်ပင့်ပြီး ကြားဝင်အချောင်နိုက်ချင်တဲ့ သူတွေလည်း ပါလာပြီလို့ ထင်မိတယ်.... ဒါလည်း မြင်ကွင်းတွေ လုပ်ရပ်တွေက သင်ပေးနေတဲ့ အတွေ့အကြုံဘဲဖြစ်မယ် ... အဲထားပါတော့ သိလာရုံရှိသေးတဲ့ ဆြာပွ.... အသိလေးကို အကုန်လုံလောက်ပြည့်စုံအောင် ပြောပြနိုင်တာမဟုတ်တော့ မပြောချင်တော့ပါဘူး ....အဲအားလုံး ဦးတည်သွားနေတဲ့လမ်းကြောင်းကတစ်ခုတည်းဆိုတော့ ..... တိုက်ဆိုင်သတိပြုမိတာလေးတစ်ခုတွေးမိလို့ နည်းနည်းပြုပြင် ဖာထေးညွှန်းပေးလိုက်တယ်ဗျာ .....
ဖြစ်ပုံက ဒီလိုပါ ....
မြစ်ကမ်းခြေတစ်ခုမှာ လှေအိုဟောင်းကြီးတစ်ခုရယ် ... အဖိုးအိုတစ်ယောက်ရယ်ရှိနေတုန်းပေါ့ ..... လူတွေမြစ်ဖြတ်ကူးဖို့ရောက်လာတဲ့အခါ .... အဖိုးကြီးကိုလိုက်ပို့ခိုင်းတယ် ...အဖိုးကြီးကလည်း .... အဖိုးမကျန်းမာတော့ဘူးကွယ် ... လိုက်မပို့နိုင်တော့ဘူး ...လှေကလည်း မိဘဘိုးဘွားစဉ်ဆက်ကတည်းက အသုံးပြုလာတော့ဟောင်းနွမ်းနေပြီ... ပြောတော့ ရောက်လာတဲ့သူတွေ ထဲက သူကြီးသားတွေဖြစ်တဲ့ မောင်သြဇာနဲ့ မောင်ဇောတက ဆိုသူတွေက သူ့ထက်ငါဘဲ ... ရပါတယ်အဖိုးကိစ္စမရှိပါဘူး ဆိုသတဲ့ ....
အဖိုးကြီးကလည်း အဲတော့ကွယ် လှေက ရွက်တွေကလည်း ပြဲနေ ...
စကားမှမဆုံးသေးဘူး ကိစ္စမရှိပါဘူးပေါ့ ...
ဘယ်ရှိမလဲ ...သူတို့ကလည်း ပြင်ယူလို့ရနေတာကိုး ....
အဲတာနဲ့အဖိုးကြီးက လှေကနည်းနည်းပေါက်နေတယ် ... ဆိုပြန်လည်း ... ကိစ္စမရှိပါဘူးဘဲ ...... အဲတော့ကွယ် ရေတွေဝင်လာရင် ခတ်ထုတ်ပေးရတယ်....အဖိုးကြီးက ဆက်ပြောတာပေါ့ ...... ဒီလူတွေကလည်း ကိစ္စမရှိပါဘူးဘဲ ...... ဘယ်ရှိမလဲ သူတို့အားလုံး ပြင်ဆင်ပြီးသွားနိုင်နေကြတာကိုး .... အဲမှာအဖိုးကြီးကမပြီးသေးဘူး ..... အဖိုးလှေကလူအများကြီးမဆန့်တော့ဘူး ....ဆိုပြန်သတဲ့ ... ဒါလည်းကိစ္စမရှိပါဘူးပေါ့ ...... ဘယ်ရှိမလဲ စိတ်ထဲအရင်းခံနေတာက ငါသွားရင် အဆင်ပြေပြီ ရပြီ ထင်ထားကြတာကို ဒီတော့လည်း သူ့ထက်ငါယုံကြည်မှုတွေ ပိုနေကြတာပေါ့ ...... အဖိုးကြီးက ကိစ္စမရှိလည်းသွားကြကွယ် ..ဒါပေမယ့်မြစ်လယ်မှာ ၀ဲကြီးရှိတော့ ဘယ်လမ်းကပတ် ဘယ်လိုသွားဖို့ သတိပေးဖို့ ပြင်ပြန်သတဲ့ ... ဒါလည်းဆြာမားတွေက ကိစ္စမရှိပါဘူးပေါ့ .... မင်းတို့ကွယ် သွားမှာတလမ်းတည်းသွားကြမှာတွေဘဲ ... ညှိနှိုင်းတိုင်ပင်ပြီး လှေကို ပြင်သင့်တာပြင် ဖာသင့်တာဖာထေးပြီး သွားတော့ မြန်မြန်ရောက်တာပေါ့ဆိုတော့ ယုံကြည်မှုတွေကဲနေကြတာ ဦးဆောင်ချင်တာတွေက ပြင်းပြနေကြတာဆိုတော့ ကိစ္စမရှိပါဘူး ဆိုပြီး လှေကိုယူလှော်လာခဲ့တာပေါ့ ..... အဖိုးကြီးက ကမ်းကခွာတဲ့လှေကိုကြည့်ပြီး တစ်ယောက်ကအားစိုက်လှော် တစ်ယောက်က လှေထဲဝင်လာတဲ့ရေတွေ နိုင်အောင်ခတ်ထုတ်နော် လှမ်းအော်ပြန်သတဲ့ ... လှေလှော်သွားသူတွေကလည်း ဒီအဖိုးကြီးတောင်လှော်သွားလာနေခဲ့သေးတာဘဲ ဆိုတဲ့အတွေးနဲ့.....ရတယ်ဗျိုး ကိစ္စမရှိဘူးဆိုပြီး ပြန်အော်သွားသေးဆိုဘဲ ..... အဲမှာဘဲ လှေက မြစ်လယ်လောက်ရောက်လာတော့ ၀ဲနဲ့တွေ့တော့..ပါလာတဲ့လူဝိတ်ရယ်....၀င်လာတဲ့ရေတွေရယ်...လည်နေတဲ့ဝဲအခြေအနေတွေကြောင့် လှေကပျက်စီးပြီး နှစ်ဖို့ဖြစ်နေတဲ့အရေးဖြစ်လာရောတဲ့ .... အဲအချိန်ကျမှ လှေလှော်သွားသူတွေက .... ကိစ္စရှိပြီ ... ကိစ္စရှိပြီဆိုပြီး အကူအညီတောင်းအော်နေရင်း လှေကမြုပ်ရောတဲ့ ..... ကဲကိုယ့်လူတို့လည်း တလမ်းတည်းသွားနေကြတာ ဆိုရင် အခက်အခဲတွေ အနောက်အယှက်တွေအများကြီးကြားက မြန်မြန်ဆန်ဆန်ချောချောမွေ့မွေ့ သွားနိုင်တဲ့ အရေး ၀ိုင်းဝန်းညှိနှိုင်းတိုင်ပင်ပူးပေါင်းလုပ်ကြဖို့ တိုက်တွန်းချင်တယ် ....တော်ကြာ မြစ်လယ်ရောက်တဲ့လှေလို မြစ်လယ်ခေါင်ရောက်မှ ဟိုလူကယ်မရ ဒီလူကယ်မရနဲ့ လူပါနစ်လှေပါဆုံးမယ့်အရေးဖြစ်မှ ကိစ္စရှိပြီ အော်နေရအုံးမယ် .....
ဟိ ဘွာတေးနော် ... အိပ်မရလို့ ....
ဟဲ ဆြာပွ ဘာမှမတတ်ပေမယ့် .... သတိပေးတာလေးလုပ်ကြည့်တာပါ....

စိတ်ဆိုးရ၀ူးနော် ...

ဆြာပွ ... (မိုက်ကယ်လင်း)