နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်
ရေး ကော်မတီဖွဲ့စည်း
မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ၀င်/ထွက်သွားလာလျက်ရှိသော
နိုင်ငံ ခြားသားများနှင့် ပတ်သက်၍ နိုင်ငံတော်၏လုံခြုံရေးကို
ထိပါးမှုမရှိစေရေးအတွက် စိစစ်ကြပ်မတ်နိုင်ရန် နိုင်ငံခြားသားများ
ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသတင်း ရရှိ သည်။
ယင်းကော်မတီသည် နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာမူဝါဒများ ချမှတ်ရန်၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပေးရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ် နိုင်ငံခြားသားများကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီနှင့် အောက်ခြေအဆင့် အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းပေးရန်နှင့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့် ကိုက်ညီသော ပြည်တွင်းဥပဒေနှင့်ညွှန်ကြားချက်များ ရေးဆွဲတင်ပြမှုတို့ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်းလည်းသိရသည်။
ယင်းကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်
လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက
ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရဲချုပ်နှင့် သတင်းတပ်ဖွဲ့ မှူးတို့ကိ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း
ပါဝင်ပြီး စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊
နိုင်ငံတော်သမ္မတရုံးမှ ဇွန်လအတွင်းက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍
ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Weekly Eleven News Journal