မျက်ဖြေ"သံဝေဂ"လင်္ကာ

သူတည်းတယောက်
ကောင်းဘို့ ရောက်မူ
သူတယေက်မှာ ပျက်လင့်
ကာသာ ဓမ္မ တာတည်း….။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ…။
မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
ကြင်နာသနား၊ ငါအားမသတ်၊ ယခုလွှတ်လည်း ၊
မလွတ်ကြမ္မာ၊ လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖေါက်လွဲတတ်သည်၊
မချတ်စသာ၊ သတ္တ၀ါတည်း……..။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊
တုံ့ မယူလို၊ ကြည်ညို စိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင်လျှင်ပေး၏။
သွေးသည်အနိစ္စာ၊ ငါခန္ဓာတည်း…………
သွေးသည်အနိစ္စာ၊ ငါခန္ဓာတည်း………………………..။

“အနန္တသူရိယ အမတ်ကြီး"

အကောင်းဆုံးအိမ်ထောင်ဖက်(သို့မဟုတ်) ချစ်သူရွေးချယ်နည်း

(၁)A..AGE=အသက် ဖြစ်ပါတယ်..ကိုယ့်ချစ်သူ(သို့)အိမ်ထောင်ဘက်ဟာအများအမြင်ပတ်ဝန်းကျင်အမြင်မှာ ကိုယ်နဲ့လိုက်ဖက်တဲ့ သဟဇာတဖြစ်တဲ့ အသက်အရွယ်ရှီနေဖို့လိုပါတယ်။

(၂)B..BEAUTY=အလှအပ ပေါ့ဗျာ...ကိုယ့်ရဲ့ချစ်သူ(သို့)အိမ်ထောင်ဖက်ဟာကိုနဲ့လိုက်ဖက်တဲ့ ရုပ်ဆင်းရူပကာရှိနေဖို့လိုပါတယ်။ဂျိုကျိုးနားရွက်ပဲ့ ရွဲ့စောင်းနေလို့ မဖြစ်ဘူးလေ။

(၃)C..CHARACTER=အကျင့်စာရိတ္တပေါ့ဗျာ...အရေးကြီးပါတယ်...အကျင့်စာရိတ္တကောင်းမွန်နေဖို့အထူးလိုအပ်ပါတယ်။

(၄)D..DIRECTOR=ညွှန်ကြားရေးမှုး...ဒီမှာတော့ညွှန်ကြားစီမံနိုင်သူလို့ပြောချင်ပါတယ်...ယောကျာ်းလေးကတော့ ထူးပြောစရာမလိုပါဘူး...မိန်းကလေးကလဲ သူနေရာနဲ့သူ လုပ်ငန်းပိုင်းပဲဖြစ်ဖြစ်၊အိမ်ထောင်ထိန်းသိမ်းမှုပိုင်းမှာပဲဖြစ်ဖြစ်စီမံအုပ်ချုပ်နိုင်တဲ့သူဖြစ်နေဖို့လိုပါတယ်။

(၅)E..EDUCATION=ပညာရေး...ဒါလဲ အရေးမကြီးဘူးလိုလိုနဲ့ အရေးကြီးပါတယ်...ပညာရေးကွာခြားတာနဲ့အမျှအတွေးအခေါ်အယူအဆတွေမှာကွာခြားသွားနိုင်ပါတယ်။အတွေးအခေါ်အယူအဆကွာလာတာနဲ့အမျှစိတ်သဘောထားခြင်းတိုက်ဆိုင်ဖို့အလွန်ခဲယဉ်းပါတယ်။

(၆)F..FACILITY=အထောက်အပံ့ပစ္စည်းပေါ့ဗျာ...အရေးတော့မကြီးပေမယ့်ထည့်ထားတာပါ...သင့်တင့်တဲ့ပိုင်ဆိုင်မှုတော့ရှိသင့်ပါတယ်...ကုန်းကောက်စရာတောင်မရှိတာမျိုးလဲမဖြစ်သင့်ဘူးလေ။

(၇)G..GENERATION=မျိုးဆက်..ဒီမှာတော့မျိုးရိုးဇာတိလို့ဆိုလိုချင်ပါတယ်..မျိုးရိုးဇာတိကောင်းဖို့လိုပါတယ်...လူမှာအမျိုးကြက်မှာအရိုးဆိုသလိုပါပဲ...အရေးကြီးပါတယ်။

(၈)H..HEALTHFUL...ကျန်းမာရေးနှင့်ညီညွတ်သော..ကျန်းမာရေးနှင့်ညီညွတ်သောသူတယောက်ဖြစ်နေဖို့အလွန်အရေးကြီးပါတယ်...ဒါကတော့ပြောနေစရာတောင်မလိုလောက်ပါဘူး။

ဒီအချက်(၈)ချက်မှာအားလုံးနဲ့ကိုက်ညီနေဖို့မလိုပါဘူးနော်....

Photo: အကောင်းဆုံးအိမ်ထောင်ဖက်(သို့မဟုတ်) ချစ်သူရွေးချယ်နည်း

တရားပျက်ကြပြီ ...

တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်၊
အင်္ကျီပါးနှင့် ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှ ရှိခိုးချင်၊
ဇာတ်သမားမှ လူခေါ်ချင်၊
အပျိုငယ်က၊ လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားက အပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်း ထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော်ဆရာတော်)