KIA တပ်မဟာ(၃)မှ တပ်ဖွဲ့ဝင်အရာရှိစစ်သည်အချို့ အလင်းဝင်ရန်ကြိုးစားလျက်ရှိ...

ပို့တင်ပြသူ-မင်းသူ
ကေအိုင်အေ တပ်မဟာ(၃) မှ လှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ တပ်ခွဲစခန်းကုန်းမှာအဖွဲ့ဝင်တွေနဲ့ ရင်း(၁) စခန်းတွေမှ တပ်ဖွဲ့ဝင် အရာရှိများနဲ့ တပ်ဖွဲ့ဝင်အများစုတွေ၊ ပြည်သူ့အမှုထမ်းအဖွဲ့ဝင်တွေဟာ စိတ်ဆန္ဒမပါဘဲနဲ့ လက်နက်ကိုင်တိုက်ပွဲဝင် အသင့်အမြဲလုပ်နေရပါသည်။ လစာက တစ်လကို ၁၀၀၀၀ကျပ်ဘဲရပြီး ၄လတစ်ကြိမ်သာ လစာထုတ်ပေးတာဖြစ်ပြီး အဲဒီ လစာနဲ့ မိသားစု ဘယ်လိုစားကြမှာလဲ။ မိသားစုးကိုဘာမှရှာဖွေကျွေးမွေးမှုမပြုနိုင်တဲ့ အပြင် ကိုယ့်ကချင်လူမျိုးအချင်းချင်း ကို ဒုက္ခပေးတဲ့အလုပ်တွေဘဲလုပ်နေရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကျဆင်းလျက်ရှိပြီး အစိုးရတပ်နဲ့တွေ့ရင် တိုက်ချင် စိတ်မရှိဘဲ အလင်းဝင်ဖို့စီစဉ်မှုများပြလုပ်နေကြပါတယ်။

ဗဟိုက အတင်းတိုက်ခိုင်းလို့ အစိုးရတပ်ကိုတိုက်ပြန်ရင်လဲ စိတ်မပါလတ်မပါနဲ့ တိုက်ရတဲ့အပြင် အဟာရ မပြည့်စုံဘဲတိုက်ရတော့ ကျန်းမာသန်းစွမ်းမှုမရှိဘဲ ထိခိုက်သေဆုံးမှုတွေ များကြောင့် အလင်းဝင်ရောက်ဖို့ ကြိုးစား စီစဉ်လျက်ရှိနေကြပါတယ်။ ဒါပေမယ့်လဲ သူတို့တွေရဲ့မိသားစုဝင်တွေက KIA အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့အတွက်ကြောင့် မိသားစုတွေကိုပါခေါ်ဖို့စီစဉ်နေတာပါ။ ဒါပေမယ့်လဲ KIA ဗဟိုက သိပြီး အလင်းဝင် ရောက်ရန် ဦးဆောင်စီစဉ်နေတဲ့သူတွေကို ဖမ်းဆီးပြီး သေသတ်ပေးဖို့လုပ်နေတာကြောင့် ပေါ်ပေါ် တင်တင် မလုပ်ရဲဘဲ ဖြစ်နေရပါတယ်။ KIA ဗဟိုက ဒုက္ခသည်စခန်းတွေမှာ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကို ထိန်းသိမ်းဖမ်းဆီးထားတဲ့ပုံစံမျိုးနဲ့ထားပြီး တပ်ဖွဲ့ဝင်တွေကို အကျပ်ကိုင်ပြီး အစိုးရတပ်တွေကို အတင်း တိုက်ခိုင်းနေ တယ်လို့ ရင်း(၁)မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။

KDN


No comments:

Post a Comment