Deep Freeze

ကိုလင်း-သာလ္လာဝတီ ပို့အား ကူးယူဖော်ပြထားပါသည်...

Deep Freeze ဆိုတာ အင်တာနက်ဆိုင်များရဲ့မရှိမဖြစ်လက်စွဲ Software ငယ်တစ်ခုသာဖြစ် ပါတယ်။ အင်တာနက်ဆိုင်များရဲ့ မရှိမဖြစ်လက်စွဲဖြစ်သလို၊ ရုံးများ၊ကျောင်း စသည့် လူသုံးအများတဲ့ ကွန်ပျူတာတွေကို Restart ချလိုက်ရုံနဲ့ နဂိုမူလ ပြင်ဆင်ထားတဲ့ Settings တွေ အတိုင်း ပြန်ရအောင်လုပ်ပေးမယ့်Software ပါ။

တန်ဖိုးလဲ တကယ်ရှိသလို…လူသုံးလဲများပါတယ်။ အဲဒီလိုလူသုံးများလာခြင်းနှင့်အတူ
သူ့ကို Passwords မေ့လို့ ပြန်ဖြုတ်မရတဲ့ပြသနာတွေကလဲ အများကြီးပါ။ အခု ကျွန်တော် တင်ပြတဲ့ပို့စ်ကိုဖတ်ပြီးသွားပြီ ဆိုတာနဲ့ သူ့ရဲ့အသုံးဝင်ပုံကိုကောင်းကောင်းကြီး သိသွားပါ လိမ့်မယ်။ဒီ ပို့စ်လေးပြီးသွားပြီဆိုရင်တော့ ကျွန်တော့်ရဲ့ Deep Freeze အကြောင်းရေး သားခြင်းပြီးဆုံးသွားပါပြီ။

Deep Freeze ဘယ်လောက်အထိတောင်အသုံးဝင်သလဲသိဖို့ အတွက် အောက် မှာဒေါင်းပြီး ဖတ်ကြည့်ပါ။နောက်ဆုံး Version ဖြစ်တဲ့ Deep Freeze 7 နဲ့လိုင်စင်ကီးကိုပါ တစ်ပါတည်း ထည့်ထားပေးပါတယ်။
အောက်ကလင့်မှာDeep Freeze 7ဒေါင်းပါ
http://minus.com/lbrmBxEcJcp0YH

********----------------------------------------------**********************
Deep Freeze မှာပေးထားတဲ့ Passwords မေ့နေရင် ဘယ်လိုပြန်ဖြုတ်ရမလဲ..?

ဟုတ်ကဲ့..မိတ်ဆွေဟာ Deep Freeze ကိုရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်လာပြီ..(သို့) ရင်နှီးကျွမ်းဝင်ပြီးသားဆိုရင် Deep Freeze သုံးတဲ့အခါမှာ Passwords ပေးရတယ်ဆိုတာ သိမှာပါ။ပေးထားတဲ့ Passwords သာမေ့သွားပြီဆိုရင် Windows ပြန်တင်ခြင်းနည်းနဲ့သာ ကုစားရပါတော့မယ်။

အဲဒီလိုလုပ်နေရရင် အချိန်ကုန်တာပေါ့။။ဒီတော့ သီးခြား Software တစ်ခုကိုသုံးရပါတော့မယ်။
သူကတော့ Deep Freeze Passwords Remover ပါ။ သုံးပုံသုံးနည်းကတော့ Remover ကို မ Runခင် Antivirus Software ကိုတော့ Exit လုံးဝလုပ်ထားဖို့လိုပါလိမ့်မယ်။ အဲဒါမှမဟုတ်ရင် Removerကို Virus ဆိုပြီး ၀ါးစားလိုက်မှာမလို့ပါ။ Remover ကို Run ပြီးပြီဆိုရင် Box အငယ် စားလေးတစ်ခုကျလာပါမယ်အဲဒီဘောက်အငယ်လေးထဲမယ်ရှိတဲ့စာတွေကတော့ ရောမစာတွေလိုလိုဘာလိုလိုပါဘဲ.

အဲဒါပြသာနာမဟုတ်ဘူးကျွန်တော်တို့လုပ်ရမှာက cHANGE 1T ဆိုတာလေးကို နှစ်ချက် ဒါမှ မဟုတ် သုံးချက် နှိပ်ပေးလိုက်ရပါမယ်။ ပြီးရင် OK ကိုနှိပ်ပြီး ပိတ်လိုက်ရုံပါဘဲ။ ပြီးရင် Ctrl+Alt+Shift+F6 ကိုတွဲနှိပ်ပြီး Deep Freeze ကိုခေါ် ပြီးရင်Passwords ရိုက်ရမယ့် အကွက်ထဲ မှာ ဘာ Passwords မှ မရိုက်ဘဲ OK ကိုနှိပ်ပြီး Boot Frozen လုပ်ချင်လုပ်Boot Thawed လုပ် ချင် လုပ် ကြိုက်တာကိုလုပ်ပြီး Apply and Reboot လုပ်ရုံဘဲခင်ဗျာ။

ကဲ.အောက်မှာ ဒေါင်းဖို့ပေးထားပါတယ်ခင်ဗျာ။ဒီမှာတင်ဘဲ ကျွန်တော် Deep Freeze အကြောင်းရေး ခဲ့သမျှအဆုံးသတ်လိုက်ပါပြီ..

အောက်ကလင့်မှာDownload Deep Freeze Passwords Removerဒေါင်းပါ
http://minus.com/lMFdOkslWN6EG

အားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


No comments:

Post a Comment