Blumail ကို Gmail ကဲ့သို့ အသုံးပြုနိုင်

Gmail ကဲ့သို့ အသုံးပြုနိုင်သည့် Free mail Service တစ်ခုပေါ်လာကြောင်း၊ ယင်း Free mail Service သည် blumail ဟုခေါ်တွင်ပြီး ယင်း mail service အား Google မှ Technical Supporting ပေးထားခြင်းဖြစ်ကြောင်း၊ ဒီ Blumail ကပေါ်လာတာကြာပါပြီ၊ အခုမှ လူတွေသိလာပြီး သုံးလာကြတာပါ၊ ဒီ mail service ကို အသုံးပြုရတာ Gmail,Gtalk အတိုင်းပါဘဲ၊ Gtalk မှာသုံးရင်လည်း Username အနောက်မှာ @blumaik.org ဆိုပြီး ရိုက်ပြီးသုံးရုံပါဘဲ၊ Gmail,Gtalk နဲ့ဘာမှ မကွာခြားပါဘူး ကိုယ့်ရဲ့ Username အနောက်မှာ @blumail.org ပေါ်နေတာလေးတစ်ခုပါ၊ ထူးခြားတာက Compose mail Feature မှာ Invitation ဆိုပြီး Feature အသစ်တစ်ခုပါလာတယ်၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေကို ဧည့်ခံပွဲတစ်ခုခုဖြစ်စေ၊ တနေရာဖြစ်စေ ချိန်းတဲ့အချိန်၊ ချိန်းတဲ့နေရာ ကိုယ်ဘာပြောချင်လဲဆိုတဲ့ သတင်းစကားပါ ရေးလို့ရတဲ့ Feature အသစ်တစ်ခုပါ၊ အရင်တုန်းက Gmail login ၀င်တဲ့ Web Pages အတုတွေ ပေါ်တော့ ဒီ blumail ကိုလည်းအတုလို့ထင်တာ စမ်းသုံးကြည့်တော့ အဆင်ပြေပါတယ်၊ Feature တွေကလည်း Gmail နီးတူတွေမှစိတ်ချလက်ချသုံးနိုင်တာ၊ အဆိုပါ blumail အား Free Service ပေးရခြင်း၏ ရည်ရွယ်ချက်က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရွယ်ရောက်သူတိုင်း Email account တစ်ခုစီရှိရန်နဲ့ ယင်း Email Account များမှ နေ၍ အလုပ်အကိုင် အခွင့်အလမ်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း၊ အသစ်ပေါ်လာသည့် အတွေးအခေါ်များကို ဖြန့်ဖြူးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတကာမှ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားရေးအား အစဉ်တစိုက်လုပ်ဆောင်သည့် ကဏ္ဍမျိုးစုံမှ INGOs အဖွဲ့အစည်းတို့၏ ပံ့ပိုးမှုဖြင့် Free mail Service နှင့် Website အားတည်ထောင်ခြင်း ဖြစ်ကြောင်း၊ bluword website ၏ကြော်ငြာချက်တွင် ဖော်ပြထားပါတယ်၊ blumail အသုံးပြုလိုသူများအနေဖြင့် http://www.bluword.com/ သို့ ၀င်ရောက်ပြီး blumail account ရယူနိုင်ပါတယ်။
အဆင်ပြေပါစေ-


No comments:

Post a Comment