နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် နတ်တလင်း လူမူရေးအဖွဲ့များ တွေ့ဆုံမှု

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ 25.7.2012 ရက်နေ့ နတ်တလင်းမြို့သို့ လာရောက် စဉ် ခေမာသီဝံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဓမ္မာရုံတွင် နတ်တလင်းမြို့နယ်မှ ဟိတာကာရီနာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ရနှင့် အဖွဲ့သားများ၊ သုဗြဟ္ခစာရီ မီးသဂြိင်္ုလ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လှိုင်နှင့် အဖွဲ့သားများ၊ Heart to Heart လူမူ/ပညာ/ကျန်းမာ ထောက်ပံ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းမင်းစိုးနှင့် အဖွဲ့သားများ တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်.... 
ဦးကျော်သူမှ နတ်တလင်းမြို့လူမူရေးလုပ်ငန်းဆောင်ရွက်သည်အားမြင်ရတာ အားရကျေနပ်ပြီး နတ်တ လင်းသားတောင်ဖြစ်ချင်ပါကြောင်း၊ 27 ရက်နေ့တွင် ပြည်ရွှေပေါက်ပင်ဘုရားထီးတင်ပွဲရှိ၍ လာနိုင်ရင် ဖိတ်ကြားပါကြောင်း၊ 28 ရက်နေ့တွင် ကြို့ပင်ကောက်ဆေးခန်းဖွင့်လှစ်မှုရှိ၍ ဖိတ်ကြားပါကြောင်း၊ နတ်တလင်းမြို့တွင် ဆေးခန်းဖွင့်ဖို့အစီအစဉ်ရှိပါက မြို့ခံ ပရဟိတ ဆောင်ရွက်နိုင်သော ဆရာဝန်တစ်ဦး ကြိုးစားရှာဖွေစီစဉ်ထားဖို့ တိုက်တွန်းပါကြောင်း ပြောကြားသွားတာ သိရပါတယ်....
 
ဦးကျော်သူနှင့် အဖွဲ့ ခေမာသီဝံဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိစဉ် နတ်တလင်း ဟိတကာရီ နာရေးကူညီမှု အသင်း အဖွဲ့သားများမှ ကြိုဆိုစဉ် မြင်ကွင်း



ဦးကျော်သူနှင့် နတ်တလင်း လူမူရေးအဖွဲ့များ ဆွေးနွေးနေစဉ် မြင်ကွင်း




ခေမာသီဝံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် နေ့လည်စာ သုံးဆောင်နေစဉ် မြင်ကွင်း




မီးသင်္ဂြိုလ်စက်ကို သေသေချာချာလေ့လာနေသော ဦးကျော်သူ



 
ပြည်မြို့သို့ ထွက်ခွာစဉ် မြင်ကွင်း

No comments:

Post a Comment