ထိုင်းအိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ



ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ၆၀ နှစ်ပြည့်မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့
နံနက် ၉နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ထိုင်းမြန်မာချစ်ကြည်ရေးကျောင်း
တိုက်တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ထိုင်းသံရုံးမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၈တွင်
ကျရောက်သည့် အိမ်ရှေ့မင်းသား၏ မွေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်း
ဖြစ်ကာ ယနေ့နံနက်တွင် သံဃာအပါး ၆၀ တို့အား နေ့ဆွမ်း၊ သင်္ဃန်းနှင့် လှူ
ဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။၎င်းအပြင် ထိုင်းသံရုံးမှနေ၍အဆိုပါကျောင်းတိုက်သို့ အလှူငွေအဖြစ် ဘတ်ငွေတစ်သိန်းခွဲလှူဒါန်းခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေက လက်ခံပေးခဲ့သည်။
ယင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr.Pisanu Savanajata ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေနှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ငြိမ်း) ဦးကိုကိုမောင်၊ ထိုင်းစစ်သံမှူးများနှင့် သံရုံးမိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
 


No comments:

Post a Comment