"မြန်မာနိုင်ငံတွင် ပထမဆုံး ရေဒီယို အသံလွှင့် အစီအစဉ် သင်တန်းပို့ချတော့မည်"
“လေလှိုင်းထဲကမြန်မာ - အရည်အသွေးပြည့်ဝသည့်ရေဒီယိုမှတစ်ဆင့် ပွင့်လင်းလွတ်လပ်သောမီဒီယာနယ်ပယ်မှ ဗဟုသုတများကိုရှာမှီးနိုင်သည့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေး” ဆိုသည့်ရည်ရွယ်ချက်ကိုအခြေခံသည့်  ပထမဆုံးရေဒီယိုအသံလွှင့်အစီအစဉ်သ င်တန်းကို
ပိုလန်နိုင်ငံရှိ Association Education for Peace အဖွဲ့အစည်းနှင့်
ရန်ကုန်အခြေစိုက် မြန်မာစာနယ်ဇင်းသမဂ္ဂနှင့် Creative Media House (CMH)
တို့ အတူတကွ ပူးပေါင်းကာ ပို့ချသွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကိုမြန်မာမီဒီယာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ပံ့ပိုးပေးရန်နှင့်နှစ်နိုင်ငံအကြားအတွေ့အကြုံနှင့်နည်းပ ညာများဖလှယ်ကာပူးပေါင်းဆောင်ရွက်သွားကြရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက်လည်ပတ်ခဲ့သည့်ပိုလန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ခရီးစ ဉ်အပြီးသတင်းပါတ်အနည်းငယ်အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။
သင်တန်းများကို ရန်ကုန်မြို့တွင် ၂၀-၃၁သြဂုတ်လတွင်တစ်ကြိမ်၊ မန္တလေးမြို့တွင် ၃-၁၄ စက်တင်ဘာလတွင်တစ်ကြိမ် နှစ်ကြိမ်ကျင်းပသွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသား ၂၀ခန့်ခေါ်ယူသွားမည်ဖြစ်သည်။
အဆိုပါ ရေဒီယိုအသံလွှင့်အစီအစဉ်သင်တန်းများကို
စာတွေ့သင်ကြားချိန်(၅)ရက်နှင့် လက်တွေ့သင်ကြားချိန်(၇)ရက် ပို့ချသွားမည်
ဖြစ်ပြီး ဥရောပတွင်အကျော်ကြားဆုံး ရေဒီယို FM စတေရှင် TOK FM မှ
ပိုလန်နိုင်ငံသား ရေဒီယိုအသံလွှင့်ပညာရှင်နှစ်ဦးက သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းကာလအတွင်းလိုအပ်သည့်ပစ္စည်းကရိယာများအပြည့်အစုံပါဝင်သည့် ရေဒီယိုအလုပ်ရုံနှစ်ခုကိုရန်ကုန်နှင့် မန္တလေးတွင်ဖွင့်လှစ်ထားရှိမည်ဖြ စ်သည်။မိမိ၏လူမှုအဆောက်အအုံကို အကျိုးပြုရန်နှင့် တစ်ဦးချင်းအရည်အသွေး မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့်အသုံးပြုလိုသည့် FM ရေဒီယိုပညာရှင်များနှင့် ၀ါသနာရှင်များအတွက် ရေရှည်ပံ့ပိုး ပေးသွားရန် ရည်ရွယ်ကြောင်းသိရသည်။
သင်တန်းအပြီးတွင် ရွေးချယ်ခံရသည့် သင်တန်းသားသုံးဦးကို ပိုလန်နိုင်ငံရှိမီဒီယာတစ်ခုတွင် တစ်လသင်တန်း တက်ရောက်ခွင့် ရရှိရန်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
သင်တန်းလျှောက်လွှာရယူရန်နှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက burmaonair@gmail.com အီးမေးလ်လိပ်စာသို့ဆက်သွယ်မေးမြ န်းနိုင်ကြောင်းသိရသည်။ သင်တန်းလျှောက်လွှာများကို နောက်ဆုံးပေးပို့ရမည့်ရက်စွဲမှာ ၁၀၊သြဂုတ်၊၂၀၁၂ဖြစ်သည်။သင်တန်းတ က်ရောက်ရန်ရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ် အကြောင်းကြားမည် ဖြစ်ကြောင်းသိရသည်။
“လေလှိုင်းထဲကမြန်မာ - အရည်အသွေးပြည့်ဝသည့်ရေဒီယိုမှတစ
အဆိုပါစီမံကိန်းကိုမြန်မာမီဒီယာ
သင်တန်းများကို ရန်ကုန်မြို့တွင် ၂၀-၃၁သြဂုတ်လတွင်တစ်ကြိမ်၊ မန္တလေးမြို့တွင် ၃-၁၄ စက်တင်ဘာလတွင်တစ်ကြိမ် နှစ်ကြိမ်ကျင်းပသွားမည်ဖြစ်ပြီး
အဆိုပါ ရေဒီယိုအသံလွှင့်အစီအစဉ်သင်တန်းမ
သင်တန်းကာလအတွင်းလိုအပ်သည့်ပစ္စည
သင်တန်းအပြီးတွင် ရွေးချယ်ခံရသည့် သင်တန်းသားသုံးဦးကို ပိုလန်နိုင်ငံရှိမီဒီယာတစ်ခုတွင
သင်တန်းလျှောက်လွှာရယူရန်နှင့် အသေးစိတ်အချက်အလက်များကိုသိရှိလ
No comments:
Post a Comment