တောင်ကိုရီးယားကျောင်းသားတစ်ဦး ကိုယ်တိုင်လုပ် ဂြိုဟ်တုတစ်လုံး လွှတ်တင်မည်

ဆိုးလ် ဇူလိုင် ၂၇

တောင်ကိုရီးယားနိုင်ငံမှ ကျောင်း သားတစ်ဦးသည် ၎င်းကိုယ်တိုင် အိမ်၏မြေအောက်ခန်း၌ ခြောက်နှစ်ကြာ အချိန်ယူ တည်ဆောက်ထားသည့် အမေရိကန်ဒေါ်လာ ၅ဝဝ တန် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တု OpenSat သည် တစ်ကီလိုဂရမ်ရှိပြီး ၁ဝ ကုဗမီတာ ရှိကြောင်း သိရသည်။ ၎င်းဂြိုဟ်တုသည် ဘက်ထရီ၏ အလုပ်လုပ်ဆောင်သည့် အခြေအနေ၊ အပူချိန်နှင့်လှည့်ပတ်နှုန်းစသည့် သတင်းအချက်အလက်များကို ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
၎င်းဂြိုဟ်တုသည် မော့စ်အချက်ပြ သင်္ကေတစနစ်ဖြင့် အဆက်အသွယ်ပြုလုပ်နိုင်ကြောင်း သိရသည်။ ၎င်းကျောင်းသားသည် ဂြိုဟ်တုပြုလုပ်ရန်အတွက် နည်းပညာများကို ကမ္ဘာတစ်ဝန်းရှိပညာရှင်များထံမှ အင်တာနက်မှတစ်ဆင့် အကူအညီတောင်းခဲ့ ကြောင်းသိရသည်။ အဆိုပါဂြိုဟ်တု လွှတ်တင်ရန် ပြင်သစ်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်း ဂြိုဟ်တုကို ယခုနှစ် ဒီဇင်ဘာလတွင် ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment