အလုပ်များတတ်တဲ့ သူတွေနဲ့ တစ်နေ့စာ အလုပ်တွေ ဘယ်ကစလုပ်ရမလဲဆိုတဲ့သူတွေ အတွက် အသုံးဝင်မယ့် Notebrowser ဆိုတဲ့ Freeware တစ်ခုပါ၊
Planner နဲ့ကိုယ့်စိတ်ကြိုတ်မှတ်တမ်းမှတ်ရာတွေ စုထားနိုင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်၊ ပထမဆုံး ပြက္ခဒိန်ကိုခေါ်ပြီး ကိုယ်မှတ်ချင်တာတွေ ကြိုမှတ်ထားချင်တဲ့နေ့ကို
ယူပြီး ထည့်ရမှာပါ၊ အဲဒီမှာ ချိန်းဆိုထားတာက ဘယ်မှာ၊ ဘယ်အချိန်
လုပ်ရမှာကဘာ စသဖြင့် ကိုယ့်စိတ်ကြိုတ် မှတ်ထားပြီး ဘယ်အချိန်မှာ အဲဒါကို
သတိပေးစေမယ် ဆိုတာကိုပါ ရွေးထားနိုင်ပါတယ်၊ ပြီးရင် အဲဒါတွေဘေးမှာ
ဘယ်အလုပ်ကတော့ ဦးစားပေးအရေးကြီးတယ် စတာကိုပါ အရောင်နဲ့ပြထားလို့
တစ်နေ့စာအလုပ်ကို ဖွင့်ကြည့်လိုက်တာနဲ့ ဘာကိုအရင်လုပ်ရမယ်ဆိုတာ
ရှင်းရှင်းလင်းလင်း မြင်ရမှာပါ၊
အဲဒီမှာ ကိုယ်မှတ်ချင်တဲ့ အလုပ်နဲ့ပတ်သက်တာဘဲဖြစ်ဖြစ်၊
ကိုယ်ရေးကိုယ်တာဘဲဖြစ်ဖြစ် မှတ်စုမှတ်ရာ အတိုအစတွေမှန်သမျှထည့်နိုင်ပါတယ်၊
တနေ့စာ အလုပ်စာရင်းတွေ၊ ချိန်းဆိုထားတာတွေ၊ ကြည့်ဖို့စိတ်ကူးထားတဲ့ Website
တွေ Mp3 File တွေ စတာမှန်သမျှကိုလည်း စုစည်းထည့်ထားနိုင်မယ့်
နေရာတွေဘေးမှာ ပေါ်နေပါသေးတယ်၊
ဒါတွေကိုစုစည်းတဲ့အခါ စနစ်တကျ လွယ်လွယ်ကူကူ တစ်စုတစ်ဝေးတည်းထားနိုင်ပြီး ကိုယ့်စိတ်ကြိုက်တူရာ နာမည်တွေ တပ်ပေးထားနိုင်ပါသေးတယ်၊
အဲဒီမှာ ထူးခြားတာက မှတ်စုထဲမှာ Website တွေမှတ်တဲ့ Link အဖြစ် တခါတည်းပေါ်နေလို့
ပြန်ဖွင့်ချင်ရင် ကလစ်တစ်ချက်နှိပ်လိုက်ရုံပါဘဲ၊ အဲဒီလိုဘဲ
ဖိုင်တွေကိုလည်း တစ်ပါတည်း ခေါ်ထည့်ထားနိုင်လို့ ကိုယ်ဖွင့်ချင်တဲ့နေ့၊
သုံးချင်တဲ့အခါမှာ အဲဒီဖိုင်ဖွင့်မယ်ဆိုရင်တခြားကို
ထပ်သွားဖို့မလိုတော့တာမျိုးပါ၊ အဲဒီလိုအသုံးဝင်တာတွေ အများကြီးထပ်ရှိသေးတဲ့
Notebrowser ကိုသုံးချင်ရင်တော့ www.notebrowser.com မှာအခမဲ့ အသုံးချနိုင်ပါတယ်၊ ဦးနှောက်ထဲမှာ သိမ်းထားရတာတွေကို Desktop ပေါ်မှာ ပစ်ချထားလိုက်လို့ ရပါပြီ။
အဆင်ပြေပါစေ-
No comments:
Post a Comment