13.1.2011 ရက်နေ့ ပြည်သူ့ခေတ် ဂျာနယ်တွင် မိုးတိမ်၏ ဖော်ပြထားမှုအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါသည်-
ဘိုကလေးမြို့နယ်အတွင်းရှိ
ဘုရားသုံးဆူကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် အော်ဂင်းနစ်နည်းသုံးပြီး
စပါးစမ်းသပ်စိုက်ပျိုးမှုများ စတင်နေပြီ ဖြစ်ရာ နောက်ထပ်အလုံးအရင်းနဲ့
တိုးချဲ့သွားရန် စီစဉ်ထားကြောင်း သရက်ပင်ကျေးရွာမှ ကိုအောင်သူရကပြောသည်၊
"ကျွန်တော်တို့ သရက်ပင်ကျေးရွာကလူငယ် 24 ယောက်စုပြီး
ဒီအော်ဂင်းနစ်စိုက်ခင်းလေးကို ဒီဇင်ဘာ 1 ရက်နေ့ကမှ စတင်ခဲ့တာပါ၊
ကုန်ကျစရိတ်ကိုလည်း ကျွန်တော်တို့အဖွဲ့ထဲက လူငယ်တွေ တစ်ပတ်ကို 500
လောက်စုပြီး လုပ်ကြတာပါ။ မြေကွက်ကိုကျတော့ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်
ဦးစန်းလွင်ကထောက်ပံ့ပေးတယ်၊ အလကားသဘောမျိုးပေါ့၊ စပါးပင်လေးတွေကို
စပျိုးကတည်းက သဘာဝနည်းဖြစ်တဲ့နွားချေးတို့၊ မြေဆွေးတို့၊
စပါးခွံတို့သုံးပြီးလုပ်ခဲ့တာ၊ အကုန်အကျလည်းအရမ်းသက်သာတယ်၊
မြေဆီလွာလည်းမပျက်ဆီးတော့ဘူး၊ ကျွန်တော်တို့ဘက်မှာက ဓာတုဓာတ်မြေသြဇာတွေ၊
ပိုးသတ်ဆေးတွေတအားသုံးလို့ လယ်တွေကပျက်နေတာကြာပြီ၊
ဥပမာ-ဒီနှစ်ဓာတ်မြေသြဇာ(၂)အိတ်ပက်ရမယ်ဆို
နောက်နှစ်(၃)အိတ်လောက်တိုးသုံးနိုင်မှ အထွက်နှုန်းကတော်ရာကျမယ်၊လယ်သမားတွေက
အထွက်နှုန်းနောက်လိုက်နေကြတာ၊ ဒီအတွက် ဆေးတွေအလွန်အကျွံသုံးကြရတယ်၊ ဒီမှာက
ပုလဲဆိုတဲ့ ယူရီးယား ဓာတ်မြေသြဇာကို အရမ်းသုံးစွဲကြတာ၊ တစ်ဧကကို ၃
အိတ်လောက်သုံးရတယ်၊ တစ်အိတ်(ကီလိုဂရမ် ၅၀ ပါ)ကိုလည်းဈေးနှုန်းက
၂သောင်းခွဲလောက်ထိရှိတယ်၊ ပိုးသတ်ဆေးဖိုးနဲ့ စပါး
ထွက်တာနဲ့ဆိုမကာမိတာတောင်ရှိတယ်၊ ၀မ်းစာတောင်မနည်းရအောင်လုပ်နေရတာ ဟု
ကိုအောင်သူရကဆိုသည်၊ ကျွန်တော်တို့အနေနဲ့ ဒီနည်းလေးကို ပြီးခဲ့တဲ့
နှစ်ကုန်ပိုင်းလောက်က ရန်ကုန်မြို့မှာ လုပ်တဲ့မြေဆီလွှာပြပွဲမှာ
ဒီအကြောင်းလေးကိုသိခဲ့ရတာပါ၊ အဲပြပွဲမှာ အော်ဂင်းနစ်နည်းပညာ
အကြောင်းကိုပညာရှင်တစ်ယောက်ကမျှဝေပေးခဲ့တာ၊
နောက်စိုက်ပျိုးရေးသင်တန်းတွေလည်း တက်တာပါတယ်၊ ဓာတုစိုက်ခင်းတွေက လူတွေကို
ဥပဒ်ဖြစ်စေတယ်၊ နောက် ဓာတု အစားအစာတွေကလူတွေ ရောဂါရစေတယ် ဆိုတာလေးတွေ
သိလာခဲ့တယ်၊ ဒီအော်ဂင်းနစ်နည်းကျတော့ မိရိုးဖလာနည်း သုံးတာဖြစ်လို့
အန္တရာယ်တွေမရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ ဒီအော်ဂင်းနစ်နည်းသုံးပြီး
စိုက်ခင်းတွေ တိုးချဲ့သွားဖို့စီစဉ်နေပါတယ်၊ အောင်မြင်မယ် ဆိုတာလည်း
ယုံကြည်တယ် ဒီနည်းအသုံးပြုခြင်းဟာ သဘာဝနည်းကို အသုံးပြုတာဖြစ်လို့လည်း
လယ်မြေတွေရဲ့ မြေဆီလွှာပျက်စီးနေမှုကို ကာကွယ်ပေးရာ ရောက်တဲ့အပြင် အကုန်
အကျလည်း အရမ်းသက်သာစေတယ်ဆိုတာ အားလုံးသိအောင် ကျွန်တော်တို့
လုပ်ဆောင်သွားမှာပါ၊ ဟု သူကဆက်လက်ပြောသည်၊ ယခုဆိုလျှင်ရာသီပင်များဖြစ်သည့်
မုန်လာ၊ ကန်စွန်း၊ ချဉ်ပေါင်အပြင် ဒေသခံဘုရားပန်းတို့ကိုလည်း
အော်ဂင်းနစ်နည်းဖြင့် စိုက်ပျိုးထားရာ အောင်မြင်နေကြောင်း ကိုအောင်သူရက
ဆက်လက်ပြောသည်၊
No comments:
Post a Comment