ဖေ့စ်ဘုတ်ခ်မှာ ချက်ထားတာတွေပြန်ကြည့်ချင်ရင်

ဖေ့စ်ဘုတ်ခ်မှာ သူငယ်ချင်းတွေနဲ့ ချက်ထားတာတွေကို ပြန်ကြည့်ချင်ရင် မော်ဇီလာဘလောက်ဇာမှာ Facebook Chat History Manager Add-on တစ်ခုလိုအပ်ပါတယ်၊ http://addons.mozilla.org/en-us/firefox/addon/facebook-chat-history-manager/ ကိုဖွင့်ပြီး Add-on ကိုအင်စတောလုပ်ရမှာပါ၊ အင်စတောလုပ်ပြီး ဘရောက်ဇာဖွင့်ထားရင် Restart ချလိုက်ပါ၊ ဘရောက်ဇာပြန်ပွင့်လာရင် Menubar မှာရှိတဲ့ tool ကိုကလှစ်နှိပ်ပါ၊ Facebook chat history Manager ကိုတွေ့ရပါလိမ့်မယ်၊ Facebook chat history Manager ထဲကမှ Get Facebook ID ကိုကလှစ်နှိပ်ပါ၊ ပြီးရင် Close Login Window ကိုနှိပ်လိုက်ရင် ကိုယ့်အတွက် ID ကိုဖော်ပြပေးပါလိမ့်မယ်၊ မှတ်ထားဖို့လိုပါတယ်၊ Facebook chat history Manager ထဲက Create Account ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ Username နဲ့ Password ကိုပေးလိုက်ရင် ကိုယ့်ဖေ့စ်ဘုတ်ခ်မှာ ချက်ခဲ့တာတွေကို ပြန်ကြည့်လို့ရမှာပါ။
အဆင်ပြေပါစေ...


No comments:

Post a Comment