Account နှင့် Password ကာကွယ်နည်း

Account နှင့် Password ခိုးယူခြင်းမှ ကာကွယ်နည်း(၃)နည်း
 ဂျီမေးလ် အကောင့်များ ခိုးခံရမှု၊ data များ ဖျက်ဆီးမှု၊ ပျောက်ဆုံးမှု၊ မေးလ် password များခိုးယူမှုများမှ လျှော့နည်းစေရန် နည်းလမ်း ၃ လမ်းဖြင့် ကာကွယ်ထားရန် လိုအပ်ကြောင်း အိုင်တီ ကျွမ်းကျင်သူများထံမှ သိရှိရသည်၊
    မိမိဂျီမေးလ် လုံခြုံမှုရှိရန်အတွက် ပထမအဆင့်တွင် HTTP(Hypertext Transfer Protocol)ထက်ပိုပြီးလုံခြုံတဲ့ HTTPS(Hypertext Transfer Protocol Secure)ကိုပြောင်းရမှာ ဖြစ်ကြောင်း သိရသည်၊
  1.     ပထမအဆင့်အနေဖြင့် မိမိအကောင့်ထဲကို Sign up ၀င်လုပ်ရမှာပေါ့၊ ပြီးမှ ကိုယ်ဖွင့်လိုက်တဲ့ မေးအကောင့်ဘေးနားက setting ကိုဝင်ပြီးရင် General မှာကလှစ်နှိပ်၊ နောက် Browser Connection မှာ Always use https လို့ မှတ်ပေးလိုက်၊ နောက်ဆုံးအလုပ်ကတော့ အောက်ဆုံးက save changes မှာ ကလှစ်တစ်ချက်နှိပ်လိုက်ပြီးရင် ပြီးပြီ၊ အဲဒါဆိုရင် မိမိမေးလ်အကောင့်ကို ၀င်လိုက်တာနဲ့ http:// မဟုတ်တော့ဘဲနဲ့ လုံခြုံတဲ့ https://နဲ့ဖွင့်ပြီးသား ဖြစ်သွားလိမ့်မယ်၊
  2.     ဒုတိယအဆင့်အနေနဲ့ မိမိ Password ကို Password Recover လုပ်ပြီး အခိုးမခံ ရရန်ကာကွယ်ဖို့နည်းလမ်းဖြစ်သည်၊ မိမိမေးလ်အကောင့်ကို မေးလ်အသစ်စဖွင့်ကတည်းက Recovery တွင် သူငယ်ချင်းမေးလ်ကိုပေးတတ်သောကြောင့် အခိုးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်၊ မိမိမေးလ်ကို အရင်ဖွင့်ပါ၊ ပြီးမှ Setting ထဲကိုသွား Account and Import မှာရှိတဲ့ Google Account setting ကိုရှာ၊ အဲကနေပြီး Visit your Google Account setting မှာကလှစ်နှိပ်လိုက်ရင် အဲမှာ Personal Settings ဆိုတာပေါ်လာမယ်၊ အဲဒီစာကြောင်းအောက်က Change password recovery options မှာကလှစ်နှိပ်ပြီးရင် မိမိကြိုက်တဲ့ Recovery အကောင့်ကို ပေးလို့ရတယ်၊ အဲလိုကိုယ်စိတ်ချရတဲ့ မေးလ်အကောင့်ကို ပေးရင်လည်းအခိုးမခံရတော့ဘူ၊
  3.     တတိယတစ်ခုအနေနဲ့ မိမိ Password ကိုကိုရိုးရိုးအမည်ပေးခြင်းမပြုလုပ်ရန်၊ Password ၇ိုက်ထည့်ရာတွင် အမည်စာလုံးအပြင် အခြား %,*,& အစရှိတဲ့ အက္ခရာမျိုးနှင့် ဂဏန်းများကြားညှပ်၍ ရိုက်ထည့်ခြင်းသည် ရိုးရိုးအမည်ရိုက်ထားသောအကောင့် Password ထက်လုံခြုံမှုရှိကြောင်း သိရပါသည်၊
    အင်တာနက်သုံးစွဲသူများသည် မိမိData များထည့်ထားသော Stick ကိုအင်တာနက်ဆိုင်များတွင် တပ်ဆင်ပြီး အသုံးပြုပြီးလျှင်လည်း Start မှ run ကိုသွားပြီး recent ရိုက်ထည့်ပြီး အကုန် Delete လုပ်ပြီးမှ စက်ပိတ်ခြင်းဖြင့် မိမိဖွင့်ခဲ့သော Data များကို အခြားသူတစ်ဦးမှပြန်ကြည့်ခြင်းမှ ကာကွယ်ပေးသောကြောင့် သုံးစွဲသူများ သတိရှိနိုင်ရန် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်-
အဆင်ပြေပါစေ-

No comments:

Post a Comment