ဦးဘိုးလှိုင်

(ကျောင်းကြီးရွာ)ကန်သာရွာဇာတိဖြစ်သည်၊ လယ်သမားဆရာကြီးအဖြစ်အသက်မွေးသည်၊ကျောင်းကြီး ရွာသူဒေါ်ရွှေစိန်နှင့် အိမ်ထောင်ကျ၍ ကျောင်းကြီးရွာတွင် အခြေချနေထိုင်သည်၊ဆရာစံအရေးတော်ပုံတွင် ဦးဘိုးလှိုင်ပါဝင်လှုပ်ရှားခဲ့သည်။ဒို့ဗမာအစည်းအရုံး၊ နတ်တလင်းမြို့နယ်၏ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရ၍ ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သည်၊ ကျောင်းကြီးရွာတွင် ဗမာ့လက်ရုံးတပ် ဖွဲ့စည်းရာ တပ်ဖွဲ့ဝင်များ အဖြစ် ဦးမောင်ချစ်၊ ဦးသာမှင်၊ ဦးမောင်တင်ကြီး၊ စသည်တို့ဖြစ်ကြသည်၊ ဦးဖိုးလှိုင်၏စည်းရုံးရေးကြောင့် ၄င်းတို့သည် ဘီအိုင်အေတပ်တွင် ပါဝင်ခဲ့သည်၊ ဦးဖိုးလှိုင်သည် ဂျပန်ခေတ်တွင် နိုင်ငံရေးမှ အနားယူခဲ့ပြီး ပထစခေတ်တွင် ကွယ်လွန်ခဲ့သည်။